လေပြေ Poetry. Powered by Blogger.

စဉ်းစားခန်း…….။

Saturday, May 16, 2009

ကံကြမ္မာလားဂျိုဟ်ဆိုးလား……?
ဘာလဲ…….
ဘာကိုဝေခွဲရမှာလဲ…..
ငါကရောဘာမို့ လို့ လဲ…….။
မင်းကတော့လူမဟုတ်လား…….?

အသက်ရှင်ရတာပင်ပန်းလား……?
အသက်ရှူရတာကောဝရဲ့လား……?
ပင်လယ်တွေရှိသေးလား……..?
ရေတွေရောဘယ်ခွက်ထဲမှာလဲ…….?

အိမ်ပေါ်ကငုံ့ ကြည့်တယ်…..
အဖွားအိုစပါးလုံးရွေးနေတယ်…..
ငါ့မျက်လုံးထဲမှာညကောင်းကင်လိုပဲ….
နေလဲထွက်နေပါရဲ့နဲ့ ……..။

လပြည့်ဝန်းကြီးဘယ်ရောက်သွားလဲ…..
သူတို့ မွေးနေ့ ကိတ်မရှိလို့ ထင်တယ်….။
စဉ်းစားရင်းနဲ့ အေးစိမ့်လာသလိုပဲ…..
ခုမှငုံ့ ကြည့်မိတယ်ထင်တယ်……..။
ဒုက္ခ…..
ငါ့ပုဆိုးဘယ်သူယူသွားလဲဟ……..?

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP