လေပြေ Poetry. Powered by Blogger.

ငြိမ်းချမ်းခြင်း

Monday, June 29, 2009

စာအိတ်လေးကိုဖောက်ဖတ်တယ်
ဟုတ်တယ်……
စာလုံးတွေမျဉ်းကိုစီးလို့ နေတယ်။
အဓိပ္မာယ်ကငါ့ရင်ကိုဖြတ်တိုက်သွား
ဘ၀ရဲ့ခရီးသည်အဖြစ်ငါနေပါတယ်။
တနေ့ မှာမင်းဆီအရောက်လာခဲ့ဖို့ 
လေညှင်းလေးတခုငါ့ဆီတိုးလာတယ်
ကျေးဇူးပါပဲ…..
ဒါပေမယ့်ငါ့ရင်တွေပူလောင်
ချွေးတွေရွှဲနစ်လို့ မောဟိုက်နေတယ်
သြော်ချစ်သူရယ်…….
မင်းရဲ့ခုတ်မောင်းတော့မယ့်ယဉ်ပျံကြီးမှာ
ငါ့ကိုကိုယ်ရံတော်အဖြစ်နဲ့ လိုက်ပါခွင့်ပေးပါ။
တွေးမိတာလေးတစ်ခုပါကွယ်…..။
စိတ်ဖောက်ပြန်သူအားလုံးနေကောင်းကြပါစေ။
ငါကတော့ကောင်းကင်ကကြယ်တွေကို
မင်းအမှတ်နဲ့ ရင်ဘတ်ထဲထိုးကြိတ်ထဲ့နေခဲ့တယ်။
တိမ်တွေတောင်ထွက်ပြေးကုန်ကြပါပေါ့လား….။
ပါးစပ်ကလည်းတခုခုကိုရေရွတ်ရင်းနဲ့ ပေါ့…..။
ဒါပေမယ့်ငါ့အသံကိုသူတို့ လက်မခံကြဘူးတဲ့။
ငါ့ပါးစပ်ကိုပိတ်လိုက်ပါတော့မယ်…….။
ခုချိန်ကစပြီးငါတနေရာမှာတိတ်စိတ်စွာနဲ့ 
မင်းပြန်အလာကိုစောင့်မျှော်နေပါ့မယ်ချစ်သူ….။

Read more...

ပိုင်ရှင်မမဲ့ပါဘူး

ဝေးနေချိန်တွေလွမ်းဆွတ်ရင်း
အကျည်းတန်တဲ့နေ့ ရက်တွေကို
အထီးကျန်စွာမေ့ပျောက်ထားတယ်
ရာသီတွေလည်သွားပေမယ့်လည်း
နှုတ်မရတဲ့သံယောဇဉ်ကအမြစ်တွယ်လို့ 
ချည်တိုင်မှာရစ်နွယ်ဖြည်မရရင်လည်း
ရင်ခွင်မှာမင်းအတွက်တစ်နေရာကို
အမြဲချန်ကာထားမယ်ချစ်သူ……….။
ပွင့်အံတဲ့ချစ်သံတွေက
ရင်ခွင်ကိုရိုက်ခတ်လို့ ………
တဖက်တချက်ကိုလှည့်ကြည့်မိတယ်
မင်းနင်းလျှောက်ခဲ့တဲ့ခြေရာတွေက
ငါ့နှလုံးသားမှာပြန်ဖျက်မရတော့ဘူး။
ကြားနေကြချစ်သံလေးတိတ်ဆိတ်လို့ 
ဝမ်းနဲ့ မှုနဲ့ အဆုံးသတ်တဲ့ငါတို့ လမ်းက
ငါတို့ နှုတ်တွေကိုဆွံ့ အစေခဲ့တယ်လေ။
မင်းလုပ်ရပ်တွေခက်ထန်ခဲ့ပေမယ့်
ငါ့စကားသံကလေပြေလိုယိမ်းနွဲ့ ဆဲပါ။
မင်းအတွက်မလုံလောက်တဲ့ငါ့ရင်ခွင်မှာ
အားနာစွာနေပေးခဲ့ရတဲ့မင်းကို
ရင်နဲ့ အမျှကျေးဇူးတင်မိပါရဲ့ကွယ်……။
မင်းမရှိတော့ပေမယ့်လည်း
မင်းနေရာလေးကိုပိုင်ပါတယ်ချစ်သူ……..။

Read more...

ဘယ်သူ့ အတွက်လဲ…….?

မတ္တာဆိုတဲ့ထုထည်ဟာ
သိမ်းဆည်းကာရင်မှာစု
ဘယ်သူ့ အတွက်လဲ…..။
မဆင်းရဲသူမို့ 
ရင်ထဲကပန်းတွေစု
သူ့ အတွက်ပါပဲ……။
စကားဆိုတဲ့ငှက်ညို ပြာ
နားနေကာနှုတ်မှာစု
ဘယ်သူ့ အတွက်လည်း
နှုတ်ခမ်းမှာငှက်ပြာနု
တေးသီစမ်းမယ်လို့ 
သူ့ အတွက်ပါပဲ………။
မျက်ရည်ဆိုတဲ့ပုလဲသွယ်
မျက်ဝန်းဝယ်သိမ်းကာစု
ဘယ်သူ့ အတွက်လဲ…..။
ချစ်သူကစိမ်းရက်လေတော့
မငြိမ်းနိုင်အပူဆို့ မယ်
ကိုယ့်အတွက်ပါပဲ……..။

Read more...

ကိုယ်ပိုင်မဟုတ်သောစုစည်းမှု

၁။ လမ်းပေါ်မှာလူတွေ့ တိုင်း
လိုက်ပြီးမေးကြည့်ရဦးမယ်…..
ချစ်တယ်ဆိုတာကိုယ့်ကိုယ်ကို
သတ်သေတဲ့
နည်းတစ်မျိုးလားလို့ ………..။

၂။ မင်းအတွက်…..ငါဟာ
ဘာမှမဟုတ်ဘူး
ဒါပေမယ့်…အဲ့ဒီ့(ဘာမှမဟုတ်ဘူး)ကိုပဲ
ငါသေသေချာချာသိမ်းဆည်းထားတယ်.
မင်းကိုသတိရတဲ့အခါ
မကြာ…မကြာ…ထုတ်…ထုတ်ကြည့်ချင်လို့ ပါ………။

၃။ ငါ့ကို……..
ပြဿနာကောင်လို့ မပြောပါနဲ့ …..။
ဖြစ်သမျှတွေအားလုံးအတွက်
ငါ့မှာဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်…..။

လောကကြီးကိုပုခုန်းတစချက်တွန်ပြီး
ပြုံးပြလိုက်ရဲ့…..။
လူငယ်တစ်ယောက်ရဲ့ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးခါးနည်းနည်းနဲ့ 
အစွဲအလမ်းကြီးတတ်တဲ့အိပ်မက်တချို့ လေ
မခံချင်စိတ်တွေပေပွ
လူငယ်ပီသတဲ့ဘ၀င်တမျိုးခပ်ထွေထွေနဲ့ 
ငါနေပျော်အောင်နေတယ်………။(အကြည်တော်)

၎။ ငါဟာ…..
ရင်ခုန်နေတဲ့သံဆူးကြိုးတစ်ချောင်ပေါ့။
ငါ့ရှေ့တိုးဝင်လာတဲ့
ကောင်မလေးတွေအားလုံးကိုငြိပစ်လိုက်ဖို့ 
ဟော့ဒီသံဆူးကြိုးက
အဆင်သင့်စောင့်နေတယ်……….။

ကဲ….ဘယ်လောက်ချစ်ဖို့ ကောင်းတဲ့ယဉ်ကျေးမှုလဲကွယ်…..။
ဘာရယ်တော့မဟုတ်ဘူး(အပျော်ပါ)။

ငါဆိုတဲ့ကောင်ဟာ
မိန်းမတွေကိုချစ်ရတာ
ဂျင်းဘောင်းဘီဝတ်ရတာလောက်တောင်
သက်တောင့်သက်သာမရှိဘူးလို့ ထင်တဲ့ကောင်……။(အကြည်တော်)

၅။ မင်းကိုတစ်ချက်လောက်ငေးကြည့်ရင်းက
အငြိငြိအယှက်ယှက်ချစ်မြတ်လွမ်းဆွတ်ခဲ့ရတာပါ…။
ပန်းတောင်ခါးပန်းမှာပျော်ပျော်လွင်လွင်ဆော့ကစားနေတဲ့
မင်းသမီးလေးကိုလယ်ကွင်းထဲကငေးကြည့်ခဲ့ရတဲ့
စပါးပင်ကလေးလိုကိုယ်မင်းကိုငေးကြည့်ခဲ့ရတာပါ……။
ဒါ့ထက်ဘာမှမပိုခဲ့ပါဘူးကွယ်…….။

၆။ ကောင်မလေးရဲ့မိုးလေ၀သ

ငါ့မှာသုံးရာသီကိုတစ်ရက်စွန်းတဲ့အထိ
မင်းရဲ့မိုးတိမ်တွေနဲ့ ပဲသာယာနေမိတယ်…….။
ကောင်မလေးရေ……
မင်း……ဘယ်တော့ရွာချလိုက်မှာလဲ
မြေကြီးထဲကသံယောဇဉ်အမြစ်တွေ
အိပ်မက်နဲ့ ပဲစိုစွတ်နေရတယ်……..။

၇။ မိုးသောက်ကြယ်ကောင်းကင်ယံမှာ
အနှိုင်းမဲ့လက်ပပျော်ရွှင်နေခဲ့တယ်
မြေပြင်မှာမွဲခြောက်ခြောက်နဲ့ 
ဖွတ်တစ်ကောင်ငါလမ်းလျှောက်တယ်….။
နောက်ဆုံးတော့…….
အာရုဏ်မှာမင်းကွယ်ပျောက်သလို
နေထွက်ရင်တွင်းထဲပြန်ဝင်သွားရတာ
ဟော့ဒီ့ကငါဆိုတဲ့ကောင်နဲ့ 
ကောင်းကင်ကကြယ်ဆိုတဲ့ မင်းပါပဲ……။

၈။ ကောင်းကင်မှာပန်းတွေပွင့်တယ်
မြေပြင်ကကြယ်တွေကောင်းကင်ပေါ်ကြွေကျတယ်….။
လေထဲမှာလည်းရတနာတွေပေါကြွယ်ဝလို့ ပဲလေ……။
အသက်ရှုတိုင်းနှာခေါင်းဝမှာကျောက်သံပတ္တမြားတွေ
လာလာပြီးပိတ်ဆို့ နေတယ်……ဘာမှလည်းမဆိုင်ဘူး…..။
အဲ့ဒီ့လိုဘာမှမဆိုင်ဘဲနဲ့ 
ငါမင်းကိုအသက်လောက်ချစ်ခဲ့မိတယ်လေ……။
ငါ့အချစ်တွေကိုလှေပေါ်တင်ပြီးလှန်မချပါနဲ့ ……။
ရေထဲမှာမှတ်တိုင်စိုက်ဖို့ မဖြစ်နိုင်လို့ ပါကွာ……..။

၉။ မိန်းမ၀တ်

လက်ကြောမတင်း အပျင်းလည်းဖက်
အရှက်မရှိ ၊သတိကင်းကွာ ၊အိမ်စုံရှာပြီး
လှည့်ကာလိမ်ရှုပ် အတင်းတုတ်သည်
ဘုတ်အီးငပေါက် သားသားကြောက်
ဂေါက်မျိုးဂေါက်နွယ် ၀တ်ငါးသွယ်တည်း….။
အကြည်တော်(ပြည်သူ့ ဂေါ်လီအဒေါ်ကြည်)

၁၀။ အချစ်! ချစ်သူရေ……!
ကိုယ်မင်းကိုမတွေ့ ရတော့တဲ့အခါ
သည်ကမ္ဘာမြေပေါ်မှာမင်းအရိပ်ကို
မြင်ခွင့်မရတော့တဲ့အခါ……..။
နွေဦးမှာမင်းမျက်ဝန်းတွေရဲ့ပုံရိပ်ကို
တွေ့ ခွင့်မရတော့တဲ့အခါ…….။
မှောင်ရီဖျိုးဖျ(ကိုယ့်)ဘ၀ရဲ့အကျပိုင်း
မရဏတောင်ပံခတ်လေဝှေ့မှာ
မျှော်လင့်ချက်….မျှော်လင့်ချက်….သစ်ရွက်တွေကြွေ
(ဘ၀)ကုန်းမြေနိမ့်ပေါ်
ဘယ်လိုကြည်မွေ့ နေပျော်ခြင်းတွေ
ရှိနေနိုင်တော့မလဲ…….။(တဂိုး)

၁၁။ အချစ်သည်ဝိညာဉ်၏ဥစ္စာဓနဖြစ်သည်။
မိမိအတွင်းပစ္စည်းများဖြင့်ပြည့်စုံကြွယ်ဝပြီ
ဖြစ်သောကြောင့်အချစ်သည်လူတို့ ထံမှချီးမွမ်း
ခြင်းကိုလည်းမတောင်းခံ……ထို့ ကြောင့်ပြင်ပမှ
ပြစ်ဒဏ်စီရင်ချက်များကိုလည်းယင်းထဲသို့ 
ထိုးဖောက်ဝင်ရောက်ခြင်းကမစွမ်းသာ…….။

သမိုင်း၏သင်ခန်းစာမှာ
အဆိုးထဲမှအကောင်းရှိခြင်းဟူသောအချက်ပင်…။
ကောင်းမြတ်ခြင်းသည်သမားကောင်း
တစ်ယောက်ဖြစ်သည်….။
သို့ သော်တစ်ခါတစ်ရံတွင်ဆိုးရွားခြင်းသည်
ပိုလို့ ကောင်းသောသမားတော်ဖြစ်ပါသည်…။(တဂိုး)

၁၂။ တစ်ကိုယ်တော်အောင်မြင်မှုအတွက်
သင်၏သနားဂရုဏါကိုခံယူလိုသော
သတ္တိကြောင်သူမဖြစ်လိုပါ…….။
ရှုံးနိမ့်သည့်အခါတွင်မူ
သင့်လက်ကိုဆုပ်ကိုင်ထားနိုင်ခွင့်
ရရှိသောသူသာဖြစ်ရစေလိုပါ၏……….။(တဂိုး)

၁၃။ လုံးဝအတိုက်အခံမလုပ်ပါနဲ့ …………။
ကိုယ့်အစွမ်းအစကိုယုံကြည်သူအဖို့ အတိုက်အခံလုပ်ဖို့ 
အချိန်မပေးနိုင်……..။
ခွေးကိုလမ်းဖယ်ပေးရတာဟာ
ခွေးကိုက်ခံရတာနဲ့ နှိုင်းစာလျှင်
ပိုအကျိုးရှိပါလိမ့်မယ်………။(လင်ကွန်း)

၁၄။ လှည့်ကွက်တွေကြားငါတိုးမ၀င်ခဲ့မိရင်
ဒီလိုဇတ်နာပုံတွေငါသိခဲ့မှာမဟုတ်ဘူး
ငါ့ရဲ့ပင်ကိုယ်အတ္တကဆင်းရဲရှာတော့
လောကကြီးကိုစိတ်နာချင်ပေမယ့်
သက်မဲ့တွေကိုအပြစ်ပုံချခဲ့
“………..“ရေ
ကံဆိုးမိုးမှောင်ကျခဲ့ပုံက
ပတ်ထားတဲ့ရွှေနာရီအပေါစားလေးတောင်
မိုးကြိုးအပစ်ခံရမှာကြောက်နေရတဲ့ဘဝ
ဒါကိုတချို့ ကဆိုရင်
မင်းအတော်ကိုရင့်ကျက်သွားပြီတဲ့
မဟုတ်ပါဘူးလေ…….
သဘာဝကိုကရင့်ကျက်လာတာပါ။
မင်းအတော်တည်ငြိမ်သွားပြီတဲ့
ဟုတ်ကဲ့
ပါးစပ်သေနပ်ဆိုတာ
ဘယ်တော့မှယမ်းနံ့ မထွက်ခဲ့ဘူး
ဒါပေမယ့်…….
လူတော့ခဏခဏသေတတ်တယ်။(အကြည်တော်)

၁၅။ လူ့ ဘ၀ကိုနှစ်နဲ့ ပဲရေတွက်လို့ ရတာမဟုတ်ဘူး……
တချို့ ကျတော့………
တရက်တည်းနဲ့ တသက်စာခံစားချင်ကြရဲ့
သူတို့ ဟာ……
အာရုဏ်တက်နဲ့ ဆည်းဆာကြားမှာပဲ
အိုမင်းရင့်ရော်သွားကြတယ်လေ……..။

၁၆။ အချိုမြိန်ဆုံးပျော်ရွှင်မှု
အရက်စက်ဆုံးသောကဗျာပါဒ
အချစ်ကိုအမုန်းနှင့်တုံ့ ပြန်ခြင်း
ထည့်သွင်းထားသမျှပြန်လည်ထုတ်ပယ်ခြင်း
မျက်ရည်တို့ ဖြင့်ဆေးကြောရုံနှင့်
မသန့် စင်နိုင်သည့်မုသား
အားလုံးတို့ ကိုခါးစည်းခံရင်း
သေဆုံးသောသစ်တစ်ပင်
လောကထဲမျှော်လင့်ချက်ကင်းမဲ့စွာ
မကောင်းဆိုးဝါးတို့ ၏နက်မှောင်သောကျိန်စာသင့်ခဲ့…..။
ငရဲကဲ့သို့ ပူလောင်သော
ကွေကွင်းရခြင်းက
နှလုံးသားမှအချစ်တို့ ကိုလွှမ်းခြုံဖုံးလွှမ်း
ဖျောက်ဖျက်ပစ်ခဲ့ပြီ………။
အို…….သစ်ပင်
တမန်တော်လိုဖြူစင်သောသင့်ခြေရင်း၌
ငါတို့ ၏ဖြူစင်သောမျက်ရည်များဖြင့်
သွန်းလောင်းခွင့်ပြုပါ……..။ (တဂိုး)

၁၇။ ညီမလေး

ဝန်ထုတ်ဝန်ပိုးဒုက္ခကောင်တစ်ကောင်
အလိုက်မသိတဲ့လူတစ်ယောက်
ဖြစ်ခဲ့ပါပေါ့လား……ညီမလေးရယ်။
အဖြစ်အပျက်တွေကသိပ်မြန်ဆန်လှပါလား။
မျက်ဝန်းထဲကအဖြေလေ
ကျနော်နောက်ဆုတ်ခဲ့ပါပြီညီမလေး…..။

တွေ့ ဆုံရတဲ့အချိန်တွေမှာ
ညီမလေးကိုအားနာတယ်။
ပြောကြတဲ့စကားတွေထဲမှာ
ညီမလေးကိုအားနာတယ်။
ဝန်းကျင်ရဲ့မျက်လုံးအကြည့်တွေမှာ
ညီမလေးကိုအားနာတယ်…….။
ကျနော့်ကိုရှောင်တိမ်းခဲ့ရတာတွေမှာ
ညီမလေးကိုအားနာတယ်……။

ညီမလေးရေ………
အမှတ်မထင်ပြန်ဆုံရင်တောင်
ညီမလေးရဲ့မျက်လုံးလှလှလေးတွေမှိတ်ပစ်လိုက်ပါ။
လှမ်းထားတဲ့ခြေထောက်ကလေးကိုလည်းဆုတ်လိုက်ပါ။
ကျနော်…..ဒုက္ခကောင်တစ်ကောင်လေ။
ညီမလေးမြင်ကတည်းကညီမလေးမမြင်နိုင်အောင်
ရှောင်ပုန်းပါမယ်……..။
ညီမလေးအသံကြားကတည်းကအသံကိုမကြားရအောင်
ထွက်ပြေးပါ့မယ်………။
ကျေနပ်ပါတော့ညီမလေး……….
ကျနော်ဟာညီမလေးကိုတစ်ဖတ်သတ်ချစ်ခဲ့တယ်လို့ 
ဝန်ခံပါ့မယ်……..။
ဒါပေမယ့်…..
ညီမလေးဘ၀ဖြူစင်စေချင်တဲ့ဆန္ဒကိုလည်း
သစ္စာပြုတိုင်တည်ပါတယ်……ညီမလေး။ ။

P.S။ ။မဂ္ဂဇင်းတစ်ခုကကူးထားခဲ့တာပါ။

၁၈။ အချစ်

မျက်လုံးတစ်စုံကမျက်လုံးတစ်စုံကို
မျှားနေလိုက်ပုံကိုက
ရင်ခုန်သံတွေအစာတပ်လို့ ….။

နောက်……..။
မျက်လုံးနှစ်စုံဟာ
တစ်စုံကိုတစ်စုံအပြန်အလှန်မျှားကြ
ရင်ခုန်သံအစာတွေနဲ့ ပဲ….။

အဲ့ဒီ့နောက်
ရင်ခုန်သံနှစ်ခုကိုယ်တိုင်
ကိုယ်ပို်င်ကြိုးတွေအသီးသီးထုတ်လိုက်ကြ
တစ်ခုကိုတစ်ခု
ချည်ကြတုတ်ကြရစ်ကြနှောင်ကြ။

အဲ့ဒီ့မှာပဲပေါ့
လျော့ရဲရဲရင်ခုန်သံက
အာဏာကုန်ပိုင်ထားတဲ့
အရှင်သခင်တစ်ပါးဖြစ်လာကာ
အားကုန်ဖောင်ဖျက်မှောက်သွန်မိသူကတော့
ကျွန်ကြီးလုံးလုံးဖြစ်သွားရော……….။
P.S။ ။မဂ္ဂဇင်းတစ်ခုကကူးထားခဲ့တာပါ။

၁၉။ ည…….
အမြဲခတ်ထားတဲ့
ကြေးဝါသော့ခလောက်ပေါ်
မိုးပေါက်တစ်ချို့ 
ကျလာချိန်
ကြေးသွန်းခေါင်းလောင်းတွေ
တစ်ပြိုင်နက်ထိုးလိုက်သလို
မုဆိုးမ၀ပ်ကျင်းကို
လာမှန်တဲ့မိုးသံက………။ (မင်းခိုက်စိုးစံ)

၂၀။ ယဇ်ကောင်

ပထမ……..
သေခြင်းတရားရဲ့ဆန့် ကျင်ရာဆီ
ငါပျံသန်းခဲ့
ဒုတိယ…….
သေခြင်းတရားရဲ့လားရာဆီ
ငါပျံသန်းခဲ့
အကြိမ်ကြိမ်
ဒီလမ်းမမှာရှေ့တိုးနောက်ငင်
ငါက……
အချစ်တွေအ၀အမူးသောက်မိသူယန္တယား
ကျန်သူအားလုံး
ငါ့အဖြစ်မျိုးမှကင်းလွတ်ကြစေသား……..။

P.S။ ။မဂ္ဂဇင်းတစ်ခုကကူးထားခဲ့တာပါ။


၂၁။ တကယ်ကိုချစ်ခဲ့တာပါကွယ်
သစ်မြစ်ဟာ
မြေကြီးကိုမက်မက်မောမောဖက်တွယ်သလို
အဲ့ဒီ့လိုမျိုးနဲ့ ချစ်ခဲ့မိတာပါ။
အိပ်မက်မဆန်တဲ့
လက်တွေ့ ဘ၀မှာ
မင်းဘာကိုများတောင့်တနေသေးလဲ
ညီမလေးရေ……
မင်းအဆုပ်ထဲ
အောက်စီဂျင်တွေအစား
စက်မှုဇုံတွေသာများများလာခဲ့ပေါ့………။

P.S။ ။မဂ္ဂဇင်းတစ်ခုကကူးထားခဲ့တာပါ။

 စိုက်ခဲ့တုန်းကအချစ်ပါ
ပွင့်လာတော့အမုန်းတွေ…..။

 မွှေးမြမြရနံ့ နဲ့ 
မင်းကျွေးတဲ့အဆိပ်က
အသည်းကိုပြာကျသွား
ဟင့်အင်း…….
မခါးပါဘူးကွယ်။

 ဆူးစူးပြီးမှတော့
ဒီအပွင့်ကို
ကိုယ်ခြွေမယ်
ဝတ်မှုန်တွေ
သွေးနီစွန်းအောင်လို့ …….

 မဖူးမှန်းသိခဲ့ရင်
မရူးမိပါဘူး
ခုကျတော့
ခူးမယ့်လိပ်ပြာလည်းရှုံး
တစ်ပင်လုံးမှာက
အရွက်တွေချည်းဝေ
ကြည့်လေ…..
စိမ်းနေရက်လိုက်တာများ……

 အလွမ်းသစ်ပင်
ရင်မှာအမြစ်တွယ်
နှုတ်လည်းမလွယ်
ခုတ်လည်းမရ
ပွင့်သမျှက
သမုဒယ
သူ….ချနင်းသွားပေါ့။

 ရိုးတံကမာယာ
အညှာကပဉ္စလက်
အရွက်ကမုသားဟန်နဲ့ 
ဝတ်ဆံကအိပ်မက်တွေ
ပွင့်လွှာကအဆိပ်ရည်ပေါ့
ပန်လိုက်တော့ငါ့ခေါင်းမှာ
မီးလျှံလိုလှသတဲ့……..။

 ခူးမယ်ဆိုလို့ ပွင့်ခဲတာ
နှစ်ခါပြန်ပွင့်လို့ ရတာ
ဘယ်ပန်းမှမရှိ
လှည့်မကြည့်သူအတွက်
သည်တစ်သက်
တစ်ခက်လုံးနွမ်းလိုက်၏။

 “မပွင့်ဘူးတဲ့”…….တဲ့
ရနံ့ နဲ့ တောင်
ရူးခွင့်မရှိ……..။ လွန်းထားထား(ဆေးတက္ကသိုလ်)

P.S ဒီပို့ စ်လေးကကျနော့်ကိုယ်ပိုင်ပို့ စ်မဟုတ်ပါဘူး။ကျနော်မှတ်သားထားဘူးတဲ့ကဗျာ
တချို့ ပါ။နာမည်မှတ်မိတဲ့ကဗျာတွေကိုတော့ရေးသားသူဖော်ပြပေးထားပါတယ်။
ကျန်တာတွေကတော့ကြာပြီဖြစ်တဲ့အတွက်နာမည်မေ့ကုန်ပါပြီဗျာ။
ကျနော်ကိုယ်တိုင်ရေးတာမဟုတ်တဲ့အတွက်ကြိုက်ကြမယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်……….။

Read more...

မဆိုင်သူ

တကယ်မဝေးပေမယ့်
ခရေလေးတွေခြောက်ခဲ့ပြီ
မခေါ်သာအတွေ့ ခက်
နေ့ ရက်တို့ တာရှည်လို့ …။
ပွင့်သစ်တို့ တဝေေ၀
ပွင့်ကြွေတို့ တဖွေးဖွေး…..။
အသက်တမျှချစ်ပါရဲ့
သဇင်တော်ဝင်လိုပွဲမ၀င်ထိုက်သူမို့ 
ကျွမ်းမြိုက်ဆူအခန်းရှည်ဇတ်မှာလည်း
ပန်းကြိုက်သူလွမ်းနေတတ်အောင်လို့ 
အမှတ်တရကွယ်ခြေရာချန်သလား
ဝေဒနာဒဏ်တမြေ့မြေ့အဆွေးတွေနဲ့ 
မရေရာပြန်တစေ့စေ့တွေးတော့မှ
အချစ်ရယ်တစ်နေ့ ထက်တစ်နေ့ ဝေးရတယ်။

Read more...

လမ်းပြကြယ်လေး

အမှောင်ထုကိုအားပြုလို့ လဲမကျအောင်လျှောက်တယ်…….

မြို့ ပြရဲ့အလင်းကငါ့တစ်ယောက်ကိုတော့မလင်းပေးနိုင်ဘူး….။

ဒီအချိန်ကကိုလေးဖြူရဲ့အမဲလိုက်အကကိုသတိရစရာပါ။

ငါ့ခြေထောက်တွေကိုအားပြုရင်းကနေ

ငါ့ခန္ဒာကိုယ်ကိုငါသယ်ဆောင်လို့ ရှေ့ဆက်နေမိတယ်…..။

အသွေးအသားကရေတပေါက်လောက်တောင့်တမိပါရဲ့……။

ငတ်ပြတ်လို့ တော့ငါမသောက်ပါဘူး……….

ငါဟာသူဖုန်းစားတစ်ယောက်မဖြစ်အောင်ကြိုးစားနေလို့ ပါ။

လူတိုင်းကလူနဲ့ တူအောင်တော့နေကြတယ်……။

လူနဲ့ တူတဲ့လူတွေကြားမှာငါမနေချင်လောက်အောင်ပဲ

ငါနောင်တရမိပါတယ်………..။

ငါ့ဘုရားသခင်ထံကလူ့ ဘ၀ကိုငါခဏဌားရမ်းခဲ့မိတယ်လေ……။

သြော်ဘုရားသခင်တဲ့………

ငါ့ပါးစပ်မှာဘုရားသခင်ဆိုတာလေးမကွယ်ပျောက်သေးပါလား။

အရှင့်ကိုအားနာမိပါတယ်အရှင်……..

ဒုက္ခရောက်တိုင်းလည်းအရှင့်နာမတော်ကိုတမ်းတနေမိတာအား

နာလှပါရဲ့အရှင်

အကျွန့် ကိုလူတွေကြားကရုန်းထွက်ခွင့်ပေးတော်မူပါအရှင်………။

ဝမ်းနည်းဝမ်းသာကိုအရှင်ကဖန်ဆင်းထားခဲ့သူပါ

မဖိတ်ခေါ်ပဲရောက်ရောက်လာတာကတော့ဝမ်းနည်းမှုထင်တယ်

မျက်ရည်နဲ့ ခရီးမဆက်ချင်တဲ့သူကငါ

ဝမ်းနည်းမှုကတော့အစပြုလို့ မွေးဖွားနေပြီ…….။

အံကိုတင်းတင်းကြိတ်လို့ ငါ့ခြေလှမ်းတွေကိုပြင်တယ်…….။

ဒီလမ်းကိုငါရောက်အောင်လျှောက်မယ်လို့ ပေါ့……..။

နာကြင်တဲ့နှလုံးသားတစ်စုံကိုအသက်သွင်းလို့ 

ဖွင့်အံမရတဲ့ငါ့ခံစားချက်တွေကိုသိမ်းဖွက်ကာလျှောက်မယ်…….။

ကံကြမ္မာကိုငါစောင့်နေခဲ့ရတာကြာပြီပေါ့……..

ခုတော့ငါကိုယ်တိုင်ရောက်အောင်သွားတော့မယ်……….။

ငါ့မှာကြယ်တစ်လုံးရှိတယ်

ကြယ်လေးကိုလင်းလက်စေမယ့်ယဉ်ကျေးမှုတစ်မျိုးလည်းရှိပါ့နော်

ငါ့ဘ၀မှာအလင်းဆိုတာကိုလိုက်ရှာဖို့ လိုဦးတော့မလား……….။

ဟုတ်ပါတယ်သူမဟာကျနော့်ရဲ့ကြယ်လေးတစ်လုံးပါပဲ………။



Read more...

ခြေရာခွက်သာသာပါ…..။

ရောင့်ရဲတင်းတိမ်မှုနဲ့ အချစ်က…

အစမတန်တဲ့ပေးဆပ်မှုနဲ့ 

အဖက်မတန်စွာရက်စက်ခြင်းအတွက်

ငါ့ကိုဒဏ်ခတ်စေခဲ့တာလား…

မင်းနဲ့ ဝေးကွာစေခဲ့လို့ ပေါ့ချစ်သူ….

ငါ့ဘ၀ဟာမင်းနဲ့ ဘယ်တူနိုင်ပါ့မလဲ

ခြေရာခွက်လေးတစ်ခုထဲမင်းဆင်းနိုင်ပါ့မလား

ငါလည်းဆွဲမခေါ်ရက်သလိုပေါ့

မင်းလည်းတက်နင်းသွားတာဘဲလေ။

ရှေ့ဆက်နေဆဲခရီးအတွက်

ငါ့ခြေထောက်တွေကိုထမ်းပိုးထားရင်းက

ငါ့လည်တိုင်တွေလည်းညောင်းလှရောပေါ့။

ပန်းအလှတွေကြားမှာနေခဲ့ချင်ပေမယ့်

ငါကမျိုးစေ့ကောင်းကောင်းမဟုတ်ခဲ့ဘူး

ပန်းတွေကိုယုယချင်ပေမယ့်

ဥယျာဉ်မှုးအတတ်ကိုငါမကျွမ်းကျင်ဘူး

ပန်းပန်ဖို့ ရာငါ့မာယာကိုငါမသုံးတတ်ဘူး

ဖြူစင်ခဲ့တာမဟုတ်သလိုပေါ့……….။

မင်းကြောင့်တုံးအခဲ့တာတော့ငါသိပါတယ်။

ခြေရာခွက်ကလေးထဲကငါက

အစေခံတွေဝန်းရံတဲ့မင်းကိုစောင့်နေခဲ့တာ

တစ်ခါတော့မင်းမျက်နှာကိုဖူးချင်မိပါရဲ့ ။



Read more...

တမြေ့ မြေ့ နဲ့ ငါ

Thursday, June 11, 2009

ချစ်သူ
သတိရလွမ်းဆွတ်ခြင်းတွေကို
မမြင်ကွယ်ရာကတမ်းတမိတယ်...။
ရောင်နီနဲ့ ဆံကေသာရဲ့အလှက
ရင်မှာခတ်နှိပ်ထားသလိုလှတယ်........။
ချစ်သူ
ဝေးကွာခြင်းရဲ့ခံစားမှုက
နှလုံးသားကိုအရှင်လတ်လတ်
ယစ်ပူဇော်သလိုခံစားရတယ်...........။
မင်းကိုတမ်းတနေရခြင်းက
ကောင်းကင်ကကြယ်တွေအပြုံလိုက်ကြွေတာ
ထိုင်ကြည့်နေရသလိုကြည်နူးတယ်..........။
မင်းကိုချစ်နေရခြင်းက
မင်းဘယ်တော့ငါ့ကိုထားရစ်မလဲလို့ 
ငါ့ကိုတွေးကြောက်မိစေပြန်တယ်........။
မင်းကိုငါပက်သက်ခဲ့ရတာဟာ
ချော်ရည်တွင်းကိုငါ့လည်မျိုနဲ့ ပိတ်ထားသလို
မခံမရပ်နိုင်အောင်ပူလောင်လွန်းတယ်........။
ချစ်သူ
အရင်ကမင်းရှိမယ့်နေရာကိုငါရောက်တယ်.....။
အခုမင်းမရှိမယ့်နေရာကိုငါရွေးနေရတယ်........။
ငါ့ကိုနောက်ထပ်ပူလောင်ခြင်းတွေမပေးပါနဲ့ ။
ငါ့ခံနိုင်ရည်တွေပျက်သုဉ်းသွားလို့ ပါ........။
မင်းကိုငါထာဝရချစ်နေမယ့်
မင်းအနားကိုငါလာနိုင်မှာမဟုတ်တော့ဘူး....။
မီးလျှံလိုမင်းရဲ့အချစ်က
နှင်းခဲလိုငါ့လိုကောင်ကိုလောင်ကျွမ်းစေဖို့ 
အများချည်းခက်ခဲမယ်မထင်ပါဘူးကွာ။
ငါ့ကိုငြိမ်းချမ်းခွင့်လေးတော့ပြန်ပေးပါ.......။

Read more...

အရင်လိုပါပဲ.....။

Friday, June 5, 2009

အထီးကျန်တဲ့အမှောင်ညတွေမှာ
ဖယောင်းတိုင်ငယ်ကိုထွန်းညှိလို့ 
မင်းမရှိတဲ့တံခါးရွက်တွေထဲမှာ
တွေဝေစွာထိုင်စောင့်နေခဲ့မိတယ်။
ဒါပေမယ့်အရင်လိုငါ့မျက်နှာပေါ်
နေခြည်တွေထိုးကျခဲ့တာပဲလေ။
မင်းလာမယ့်မိုးသောက်ယံတွေမှာ
အရံသင့်ဖြစ်ပြီးသားငါ့နံနက်စာတွေက
အရင်လိုပဲစွန့် ပစ်ခဲ့ရပြန်တယ်…..။
အိမ်ပြတင်းကိုမျှော်ကြည့်ရင်းနဲ့ ပဲ
တစ်ခဏအတွင်းငါ့ပေါ်ကျတဲ့နေရောင်က
လရောင်အဖြစ်ပြောင်းလဲသွားခဲ့တာလည်း
မင်းမသိနိုင်တဲ့နေ့ တိုင်းဖြစ်စဉ်တွေပဲချစ်သူ။
အဲ့ဒီလိုနေ့ တိုင်းကိုငါကုန်လွန်နေခဲ့တာ
မင်းသိတဲ့အချိန်မှာရယ်ချင်နေလိမ့်မယ်….။
ငါ့ရင်တွေဆို့ နင့်အောင်ကြိတ်ငိုခဲ့တာ
နှလုံးသားကိုဆွဲညှစ်ထားသလားပဲ…..။
မင်းရယ်သံတွေကိုဝှက်ထားပေးပါချစ်သူ……..။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP