လေပြေ Poetry. Powered by Blogger.

ညအလွမ်း

Tuesday, April 27, 2010

အချစ်တစ်ခု…..
ဒဿနစာစုကိုမျှော်နေလိုက်ပုံများ
မထွန်းဘဲလင်းတဲ့လလိုဟာကြီးတောင်တောက်ပလို့ 
ဒါဟာလပဲ လလိုဟာတစ်ခုမဟုတ်ပါဘူး
မထွန်းပဲလင်းတာတော့ဖြစ်မယ်မထင်ဘူး
မလင်းလို့ ထွန်းပေးခဲ့တာပါ
လူ့ မကောင်းသူတွေဘယ်လိုခိုးမလဲ ဘယ်လိုဝှက်မလဲ
ခိုးကြ ၀ှက်ကြ တစ်ညတာတော့ကူညီနိုင်ပါတယ်
ငါ့မှာတော့လွမ်းမယ်ဆွေးမယ်ကြေမယ်ကွဲမယ်
လကိုကြည့်ရင်းကပဲမျက်နှာတစ်ခုအနီးကပ်လာတယ်
တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ လေးနွဲ့ စွာလေးကန်စွာ
တဖြည်းဖြည်းနဲ့ တိုးသဲ့စွာတိုးငြင်သာတဲ့အသံတွေ
တချွတ်ချွတ်မြေနင်းသံတွေနဲ့ ခြေကိုဖွလို့ 
ခြေဖွမှုတွေနဲ့ မြေနင်းသံတွေတချွတ်ချွတ်
အလွမ်းတို့ ချည်းနင်းဝင်လာပုံကိုပြောပါတယ်
ငြင်သာတယ်မဟုတ်လား……
အမှန်ကအဲ့လိုမထိုးရဘူး
ဟိုဘက်ကိုလှည့်လိုက် ဒီဘက်လည်းနည်းနည်းလှည့်
ပြီးမှထိုသို့ ငြင်သာစွာထိုးသွင်းထည့်လိုက်ပါ။
သော့တချောင်းတော့အပေါက်မှန်သွားပြီလို့ ဆိုမလား
ရှိတာလေးတွေတော့ကုန်ပါပြီ
နောက်တစ်ယောက်အတွက်တောင်နည်းနည်းမထားခဲ့ဘူး
အချစ်ကိုမျှဝေသုံးစွဲရေးမှာတကိုယ်ကောင်းဆန်လိုက်ပါ
နောက်တစ်ယောက်အတွက်ဆိုတာမထားကောင်းတဲ့အရာပေါ့
ဘာပြောတယ်……ဘာမှမပြောဘူးမသိချင်နဲ့ တော့
မြန်မာ့အသံကနှစ်ခါလွှင့်တယ်ဆိုတာကမ္ဘာတစ်ပတ်နဲ့ ညီတယ်
ကြော်ငြာတွေတော့ခဏခဏထပ်တယ်…..ငါလည်းနင့်ကိုချစ်တယ်
အဲ့ဒါလည်းကြော်ငြာလို့ ဆိုချင်ဆို…ငါနင့်ကိုချစ်တယ်(နှစ်ခါထပ်မှု)
ဒီညစာအတွက်စားသောက်မှုတစ်ခုက
နံရံပေါင်းများစွာပေါ်ကအလွမ်းတွေ
လွမ်းပွဲဆွေးပွဲတွေတစ်ပွဲပြီးတစ်ပွဲနဲ့ ငါ့ညခင်းတစ်ခင်းရဲ့အပြင်အဆင်
ခက်ရင်းတစ်ချောင်းပျောက်နေပါတယ်
သော့ပေါက်စမ်းလှည့်တဲ့ကောင်တွေငါ့ကိုအမြန်ပြန်လာအပ်ပါ
မူတစ်ခုကိုယူလာခဲ့ပါ ကိုယ့်မူနဲ့ ကိုယ်နေကြပါ
မူမရှိသူတွေအမြှောက်အလီတွေကိုရွတ်ဆိုနေပါ
ထောင့်ငါးရာပြည့်ခြင်းမှာမော့ကြည့်ဖြစ်အောင်ကြည့်လိုက်ကြ
မထွန်းပဲလင်းတဲ့လလိုဟာကြီးတစ်ခု
မြေနင်းသံရဲ့ ဟိုဘက်နည်းနည်းလှည့်ပါ
ထိုးထည့်မယ် မြန်မာ့အသံကအပေါက်မှန်သွားပြီ
နံရံပေါ်ကခက်ရင်းတစ်ချောင်းငါ့ကိုပြန်လာအပ်ပါ။
ညအလွမ်းက…..ဘာရဲ့ဘာကိုဘာနဲ့ ဘာဆိုဘာမှမဆိုင်ခဲ့ပါဘူး
ဘာမှမဆိုင်တာတွေကဘာမှ မှ ဘာမှကိုဆိုင်လာတဲ့အတွက်ကြောင့်
အဲ့ဒီ့ညကဘာမှမဆိုင်ပဲလွမ်းခဲ့ရပါသေးတယ်……ချစ်သူ။

Read more...

နာမ် (Poem book)

Sunday, April 11, 2010

ကျွန်တော်ကတော့ (နာမ်) ဆိုတဲ့ကဗျာစာအုပ်လေးကိုတင်ပေးလိုက်ပါပြီ။အောက်ကဒေါင်းလော့ဒ်လင့်ခ်လေး
မှာသွားဒေါင်းကြလို့ ရပါတယ်။အထွေအထူးပြောစရာတော့မရှိပါဘူး။ပြောရအောင်ကျနော်ကဆရာကြီးမှမ
ဟုတ်ပဲလေ... :) ဟတ်တယ်မလား။ ကျနော်ကတော့ပါးစပ်နဲ့ စားတယ်။ ကျနော့်လက်တွေလည်းတော်တော်
ညောင်းနေပြီ။ စာရေးခြင်းကိုတော်တော်လေးလည်းမုန်းသွားတယ်။ စာရိုက်တာဒီလောက်ပင်ပန်းမယ်မထင်
ခဲ့ဘူး။ အဲ..........အရေးကြီးတဲ့တစ်ခုက သူ့ စာအုပ်မူရင်းထဲမှာတစ်ချို့ တစ်လေ စာလုံးပေါင်းအမှားတွေပါပါ
တယ်။ ကျွန်တော်မပြင်ပေးထားပါဘူး။ မှားနေတာလည်းဖြစ်ချင်ဖြစ်နိုင်သလို မဖြစ်ချင်လည်းမဖြစ်နိုင်ဘူး
လို့ မှတ်ပါ။ ပြန်မပြင်ပေးထားတာကလည်း ခုဏကပြောသလိုပေါ့ "ကျွန်တော်ဆရာကြီးမဟုတ်ပါ" ပေါ့ဗျာ။
နောက်တစ်အုပ်တင်ပေးဖို့ လည်းဆက်ရေးနေပါသေးတယ်။ သင်္ကြန်အပြီးလောက်တော့ဖြစ်မယ်ထင်တယ်။
အားလုံးပဲပျော်ရွှင်ကြည်နူး ခိုးခိုးခွိခွိ ဖြစ်ကြပါစေဗျာ။

DownLoad Poem Book

ဟိန်းမြတ်ဇော် ၏
မိုးများရွာသွန်းပြီးနောက် (Poem Book)

မျှော်

Read more...

ဂွေ (လူဆန်း)

Friday, April 9, 2010

နာမ် ဆိုတဲ့ကဗျာစာအုပ်ကိုအီးဘွတ်တင်ပေးဖို့ လုပ်နေပါတယ်။စာစီလက်စမို့ လို့ အခုတော့ကျွန်တော်ကြိုက်

တဲ့ကဗျာတစ်ပုဒ်ကိုပဲအရင်တင်ပေးလိုက်ပါတယ်ခင်ဗျာ။အီးဘွတ်ခ် မှာပါမယ့် နာမ် စာအုပ်ရဲ့ပုံကိုတော့

ကိုမိုးလှိုင်ညဆီကနေကျွန်တော်ယူထားတာပါ။အဲ့ဒီတော့ ကိုမိုးလှိုင် ကိုလည်းဒီစာမျက်နှာကပဲခွင့်တောင်း

လိုက်ပါတယ်အစ်ကို။ အီးဘွတ်ခ် ပြီးမှလိုချင်တဲ့သူရှိလည်းလာ ဒေါင်းပေါ့ဗျာ။ မလိုချင်လည်း ...... :)



နာမ်



သစ္စာနီ

ဟိန်းမြတ်ဇော်

လူဆန်း

လွန်းဆက်နိုးမြတ်

မြေမှုန်လွင်



A Division of Ngartoisarpay,

Yangon.



ဂွေ



တစ်ခါက အိမ်ထဲမှကြည့်နေတုန်း ရွယ်တူတွေ မိုးထဲလေထဲ လွတ်လွတ်လပ်လပ် ခွေလှိမ့်သွား



ကြသည်။ စက်ဘီးတာယာဟောင်းကို တုတ်တိုဖြင့်ရိုက်၍၊ စက်ဘီးသံခွေအလယ်မှ တုန်ထိန်း



သံဖြင့်၊ ထမင်းပန်းကန်ပြားရွယ် ခွေလေးကို ဂေါ်ပြားလိုဟာမျိုးနှင့် ထိန်းကာထိန်းကာ။



ခွေများသည ရေအိုင်ကိုဖြတ်နိုင်ပြီး လမ်းပေါ် အရာထင်ကျန်သွားခဲ့သည်မှာ အလွန်သဘော



ကျစရာ။ ခွေနောက်သို့ လိုက်ထိန်းရသော အရသာမှာလည်း နှစ်ခြိုက်ဖွယ်၊ ပြေးနေရသော်



လည်းလည်ပတ်နှုန်းနှင့် လမ်းကိုကြည့်ရင်းမောရမှန်းမသိ



သူ လူလားမြောက်ပြီ။ သူ လူလားမြောက်ကြောင်း ခွေလှိမ့်ခြင်းဖြင့် ပြသချင်သည်။



သူ့ မှာ ကိုပိုင်ခွေ မရှိပါ။ အလွန်တောင့်တမိပါသည်။ သူ့ ဦးလေးငယ် ကြင်နာစွာလုပ်ပေးသော



ဝါးစိမ်းခွေမှာ လှိမ့်ရအဆင်မပြေပါ၊ ပျော့လွန်းသောကြောင့်ပင်။ နေသာသောတစ်ရက် ဆန်ပြာ



သောစကောကိုယူပြီး ခွေလှိမ့်မိသဖြင့် အမေရိုက်ခံရပါသည်



ခု သူ့ မှာ ခွေတွေအများကြီးရှိလာပါသည်။ ကားတာယာခွေ၊ စက်ဘီးခွေ၊ ဆိုက်ကယ်ခွေ၊



လေယာဉ်ပျံဘီးခွေ၊ ဘယ်ထွန်စက်ဘီးခွေ၊ သံခွေ၊ အလှိုင်းခွေ၊ စီဒီခွေ၊ ဒီဗီဒီခွေ



သို့ သော် သူဂွေလှိမ့်ရသောအရွယ်မဟုတ်တော့ဟု မည်သူမည်ဝါ သတ်မှတ်လေသည်မသိ။



သူ့ လိုအရွယ်တွေ တစ်ယောက်မှဂွေလှိမ့်တာ မတွေ့ ရတော့ပါ။



ဒါပေမယ့် သူ ခွေလှိမ့်ချင်နေပါသည်၊ ခွေပဲလှိမ့်ချင်နေပါသည်။ မိုးရွာထဲ ခွေလှိမ့်ခြင်း ငယ်ငယ်



က ပိုအေးတဲ့ဆောင်းစောစောကုန်စုံဆိုင် ဟင်းခတ်တစ်ခုခု သွားဝယ်ရခြင်းတို့ ကို အလွန်တမ်း



တမိသည်။ ယခု မိုးရွာနေပါသည်။



သူနှင့် သက်တူရွယ်တူများ ခွေလှိမ့်သည်ဖြစ်စေ၊ မလှိမ့်သည်ဖြစ်စေ၊ သူကတော့ခွေပဲလှိမ့်ချင်



နေပါသည်



သူ အခု ကြီးပြင်းလာပြီ။ အိမ်ထောင်သားမွေးကလေးများပင် ဂွေလှိမ့်သည့်အရွယ် ကျော်လွန်



ကြပြီ သူတို့ ခွေလှိမ့်ခြင်းကို မသိကြတော့ပါ။



တစ်ရက် သူ့ မိန်းမ မသိအောင် သူခွေလှိမ့်ဖို့ စီစဉ်နေစဉ် သူ့ မိန်းမ သိသွားပါသည်။



“ရှင် ဒီအကျင့်အရသာကို အတော်စွဲလမ်းတာပဲနော်” သူ တီဗီဆက်ကြည့်နေပါသည်။ သူမ အလွန်ပင်ပန်းပါသည်။



အမျိုးသမီးတို့ သည်အမျိုးသားတို့ ထက် ပိုမိုခံနိုင်ရည်ရှိသည်ဟု ခံယူသည်။တန်းတူအလုပ်



လုပ် ရတာအပြင် အိမ်မှုကိစ္စများလည်း လုပ်ဆောင်ကြရပါသည်။ ထို့ ကြောင့် သူ ခွေ လှိမ့်



ပါသည်။ အဘယ်ကြောင့်ဆိုသော် သူခွေလှိမ့်ပါသည်။



မအောင့်အီးနိုင်သည့် ဘယ်လိုမှထိန်းမရသည့်အဆုံး မိုးသည်းနေသော မြေနီလမ်းထဲ တရုတ်



လုပ်စစ်ဖိနပ်ကြမ်းကိုဝတ်ပြီး မန်ချက်အင်္ကျီပေါ် ရေဘူးသိုင်းကာ သူ ခွေစလှိမ့်ပါသည်။ ပထမ



ဖြည်းဖြည်းမှန်မှန် နောက် မြန်မြန်စိတ်ကူးပုံရိပ်များ ပြေးလွှားလျက် ခွေ သူ့ ရှေ့မှာ လှိမ့်နေပါ



သည်။ စပုတ်တိုင် အပေါက်ကလေးများ တစ်တန်းတည်း မြင်နေလောက်အောင် မြန်နေပါ



သည်။လမ်းမှာ ရှိသမျှ သူရှောင်လွှဲနိုင်ပါသည်။ တစ်ခါတလေ ကျောက်တုံးများကို တမင်ဝင်



ဆောင့် ကျော်လွှားခဲ့ပါသည်



တစ်နေ့ ပြီးတစ်နေ့  ခွေမှန်မှန်လှိမ့်ပါသည်။ စက်ဘီးဆိုင်မှ လွယ်လွယ်ရသော သံခွေခပ်လတ်



လတ်တစ်ခု။ သူ့ စိတ်ရောင်စုံအတိုင်း ခွေကို ဆေးမှုတ်သုတ်လိမ်း ဒီဇိုင်းဖော်ထားခြင်း ဖြစ်ပါ



သည်။ လမ်းချိုးတစ်ခုအရောက် သူ့ အရှိန်ကို အမီလိုက်လာသော ရပ်ကွက်ကျေးရွာအုပ်စုတို့ 



မှကလေးများကို တွေ့ ရသည်။



သူ့ နောက်သို့  ကိုယ့်ဂွေနှင့်ကိုယ် သံစုံမြည်ဟည်း လှိမ့်လိုက်လာကြသည်။ သူတစ်ယောက်



တည်း မဟုတ်တော့ပါ။



တစ်ယောက်တစ်ယောက် ရှောင်ရင်းတိမ်းရင်း စောင့်စောင့်ဆိုင်းဆိုင်း ခွေလှိမ့်ကြမိပါသည်။



တကယ့်ပျော်စရာ စူးစိုက်မှုတစ်ခုပင်။



ထို့ ကြောင့် ခွေလှိမ့်ခြင်းကို ကျန်အရာအားလုံးထက် သူစွဲလမ်းခြင်း ဖြစ်ပါသည်။



အကယ်၍ သင်ခေါ်သည့် ဖုန်းဧရိယာ ပြင်ပရောက်သည်တွင်သော် သူ ခွေလှိမ့်နေချိန်ဖြစ်ပါ



သည်။ခေတ္တ စောင့်ဆိုင်းပြီးပြန်ခေါ်နိုင်ပါသည် ၊ သူခွေလှိမ့်ခဲ့ပါသည်၊ သူ ခွေလှိမ့်ပါဦးမည်။



ဤဘဒ္ဒကမ္ဘာဝယ် ခွေလှိမ့်ခြင်းမှာ သူ့ အမြတ်နိုးဆုံးအရာ



ရေးသူ - လူဆန်း



၂၀၀၈၊ ဧပြီ

Read more...

အိမ်ပြေး

Monday, April 5, 2010

မျိုမကျတဲ့ထမင်းလုတ်တွေနဲ့  အ၀စားသုံးရာ လည်မျိုတစ်လျှောက်
အမေ့မျက်ရည်စေ့ကလေးတွေ ဆုန်လိုက်ဆန်လိုက် အလွမ်းဟာ သားကိုသေလို့ 
လအပြည့်လွယ်မွေးခံရတဲ့သားအတွက် အမေဟာပင်ပန်းစွာ ကျွေးမွေးလိုက်တယ်
ကိုက်မိခဲ့တဲ့လက်ကလေးနာသွားသလား မေမေ
ကျွန်တော်ဟာ တွန်းထိုးလို့  မေမေ့လက်တွေကြားက ရုန်းကန်လို့ 
အိမ်တိုင်အုပ်ဖိနပ် ငယ်ငယ်က ခေါင်းမှီအိပ်တတ်တယ်
လှေကားထစ်ပိုင်ရှင်ခြံစောင့် ငညိုကငါ့အိပ်ဖော်အိပ်ဖက်
ခုလိုမျိုး အုပ်ဖိနပ်ခေါင်းအုံးလေးတောင်မဲ့သွားမယ်လို့ မတွေးဖူးဘူး
လမ်းမီးတိုင်တွေ မြို့ ပြအလင်းရောင်စုံတွေကြား ခေါင်းအုံးမဲ့လို့ 
အဲ့ဒီတော့ မေမေ့သား
သူတောင်းစား တစ်ယောက်သာသာ သူတောင်းစားတစ်ယောက်လို
ဘယ်သူလည်း သားလေ မေမေ
အဲ့ဒီ့လို သားပဲဖြစ်ခဲ့ရတယ် မဟုတ်လားလေ
သိပ်ကိုတန်းဖိုးထားယုယတဲ့ တွန့် ကြေနေဆဲစက္ကူစုတ်တွေ
သူတို့ ကိုယ်ပေါ်မှာသားက ယုယစွာကဗျာလေးတွေရေးလို့ 
ကြယ်ကလေးတွေကတော့ လိုက်ဖတ်ကြတယ်လေ
သူတို့ ထကကြ ပျော်မြူးကြ သားအလိုကြသလို တစ်ခါတစ်ခါ ကြွေတောင်ကျတယ်
သားကလည်း နောင်တအသေတွေနဲ့ ကောင် ဖြစ်ရင်လှည့်မကြည့်ပြီးရောကောင်
သူတို့ ကြားမှာတော့ ပြန်ကောက်ယူမရတဲ့ကောင်ပေါ့
သားက သူတို့ နဲ့ မတူပဲ ကားယားကျနေပြီးသားကောင် ဒူးထောက်ဖို့ ကို
ဝန်လေးသလောက် ညတိုင်းမှာ ခပ်ကွေးကွေးပဲအိပ်ခဲ့ရတာများတယ်
အချမ်းပြေသလောက်တော့ လကိုခြုံအိပ်ပါတယ် မေမေ
မေမေ လင်းစေချင်ခဲ့ပေမယ့် အလင်းဆိုတာသားအဖို့  ငရဲလိုပဲနေတယ်
လင်းလာလေလေ မကောင်းတွေပိုလာလေ မာကျူရီဆိုတာ ပိုမြင်ရသလိုပေါ့
မေမေလည်း မျက်စိမကောင်းဘူးမို့ လား
ညည့်နက်ရင် အတက်အဆင်းသတိပြုပါ မေမေ
အနားမှာမရှိရင် တောင့်တတဲ့ထဲမှာ ကျွန်တော်ကထိပ်ဆုံးက
အခုလို ဂရုတစ်စိုက် ကြင်နာခဲ့ရင် ဒီလိုဖြစ်မလား
မျက်ဝန်းတွေဟာ မိုးရာသီကိုမကျော်လွန်နိုင်ခဲ့ဘူးမို့ လား အမေ
ကျွန်တော့်လိုသားက အိမ်သိမ်အိမ်မွှားလေးပါ အလင်းအားမပြည့်တပြည့် စုန်းကြူးလေးပါ
မိသားစု ငါးယောက် တိုင်လေးတိုင်နဲ့ အိမ် တစ်တိုင်မဲ့ ကကျွန်တော်
ကျွန်တော်က ကဗျာတွေကိုထောက်ပံ့ ကူလို့ အိမ်ကိုစွန့် ခဲ့သူ
ခုလည်း ထင်းလေးချောင်းစိုက် ထမင်းဖို ကိုစိတ်ပူလို့ နေတယ်
မီးအားမကောင်းတော့ နပ်ချိန်တော့ကြာမှာပဲ
အိမ်ရဲ့ထမင်းအိုးမှာ ထင်းချောင်းလေးမဖြစ်ပေးခဲ့တဲ့သူက မေမေ့ သားပါ
လေလွင့်ရာကပြန်လာတဲ့သားကို ကြင်နာဂရုပြုပြီး ကြိုတယ်နော် မေမေ
ချန်ထားတဲ့ဟင်းခွက် မြိန်ရည်ယှက်ရည်စားသောက်သူ ကျွန်တော်
မေမေကတော့ ကြည့်ပြီးပြုံးနေရှာမှာပဲ…….။
ပြောရဦးမယ်… မေမေ့သားကမိန်းမတွေကိုစေ့စေ့မကြည့်တတ်ဘူးတဲ့လေ
ပြောရဦးမယ်…မေမေ့သားဟာစန်းလည်းပွင့်ပါတယ်
ကျွန်တော်က မောင်လေပြေက ဆော်ကြည်ဘဲပါတဲ့ မေမေ
ငှက်သိုက်ဆံပင်အုပ် လူအိုရုပ်လို မျက်နှာကျကျ ကိုပိုင်တယ် ခြူခြာတာကလည်း
နာမကျန်းဖြစ်လိုက်ပုံများ ဘ၀ကမြေနိမ့်ရာလှံစိုက်ထားသေးတယ်လေ။
အဆုပ်ကသိပ်မကောင်းဘူး သူတစ်ပါးကိုလည်းအားကျသေးတယ်
ရင်ဘတ်တစ်ခြမ်းခဏခဏအောင့်တယ် လမင်းကြီးကိုလည်းအရမ်းငေးတတ်တယ်။
ကြယ်တွေကိုတော့ သူချော့သိပ်တယ် မေမေ
သူတို့ အိပ်ပျော်သွားတဲ့အခါ မေမေဆိုပြဖူးတဲ့သားချော့တေးကို သားပြန်ကြားလို့ 
သားအိပ်နေတာကိုကြည့်ပြီး မေမေလည်းသိပ်ကြည်နူးခဲ့မှာပေါ့
ကျွန်တော်က ကြယ်အစင်းခင်းတဲ့ ပေတရာလမ်းတွေပေါ်
လမိုက်ညတွေဆို မကောင်းတဲ့အဆုပ်နဲ့ ဆေးလိပ်တွေဖွာလို့ 
ကျွန်တော့ကြယ်ဖော်လေးတွေ မအိပ်သရွေ့ ဂဏါမငြိမ်ဖြစ်နေခဲ့တဲ့ ကောင်ပေါ့
လူမျိုးခွဲခြမ်းစိတ်ဖြာရေးကို အင်မတန်ရွံရှာသူ တောင်တန်းတွေ မညီညာဘူး
မြက်ပင်တွေ ဟိုတစ်ပင် သည်တစ်ရွက် သစ်မြက် တွေအမိန့် မနာခံဘူး
ခင်မြောင်တောတန်း သားရဲတွေပေါများတယ်
ဒါပေမယ့် သူတို့ ဟာတောင်တန်းချင်းတူတူတွေပေါ့
ကျွန်တော်ဟာလည်း လူပါပဲ မေမေ
သူတို့ သူတို့ တွေထက်သာသွားတဲ့အချက်ဟာ
မေမေ့သားဟာ ကဗျာဆရာပါ မေမေ…….။
ကျွန်တော်နေတဲ့ရပ်ကွပ်မှာ ပါးစပ်နဲ့ ငွေ ပေါတယ်
စကားပြောတိုင်း ကျောက်သံပတ္တမြားတွေ လည်မျိုမှာ ဆို့ ဆို့ နေလေရဲ့
တစ်ချို့ က လေကိုငွေပေးရှူတယ် အမေရဲ့
အောက်စီဂျင်ဆိုလား ဘာလား မသိဘူး ကြည့်ရင်တော့ အရောင်တွေပါတယ်
သားကိုတော့ မီးပျက်သလိုအကြည့်နဲ့ ပဲ ခဏခဏကြည့်ကြတယ်
မေမေ့အလင်းတိုင်လေးက ခုတော့အမှောင်နဲ့ ကျင့်သားရနေပြီမေမေ
နောင်တ တစ်ပွေ့ တစ်ပိုက်ကို သားလွယ်အိတ်ထဲထည့် မသိချင်ယောင်ဆောင်ရင်း
သားကတော့ ကဗျာတွေပဲ ဆက်ရေးတယ် မေမေ
လောကကိုလည်းအလှဆင်ပါတယ် ကမ္ဘာကိုလည်းပုံတူကူးပါတယ်
အခြားဘ၀တွေကိုလည်း ရေမိုးချိုးသန့် စင်မှုလည်းလုပ်ပါတယ်
အရှိန်မြှင့်တာဗို စနစ်တွေလည်းတပ်ဆင်ထားပါတယ် မေမေ
ဒါပေမယ့် မေမေ့ကိုတော့ မလင်းနိုင်စွမ်းခဲ့ဘူးမို့ လား
ဘ၀လှိုင်းက အပုတ်ကြမ်းတယ် မျက်ရည်မကျအောင် မေမေသွန်သင်ခဲ့ပေမယ့်
သားမိုက်က မှတ်သားဖို့ မတတ်နိုင်ခဲ့ဘူးလေ
လေလိုက် ထွေလိုက်နဲ့  သေဖို့ သွားနေတဲ့သားမိုက်ကို မေမေ
မကယ်ပါနဲ့ 
မေမေ့ကိုတော့ သားရဲ့နှလုံးသားအသေလေးက လွမ်းလျှက်ပါ မေမေ
ကဗျာကျင်းတွေထဲက တက်နိုင်တဲ့နေ့ လောကကိုထမ်းနိုင်ပိုးနိုင်တဲ့နေ့ 
လူတွေကြားထဲဝင်ဆံ့နိုင်တဲ့နေ့  မေမေသားကို ကြို လှည့်ပါ မေမေ
ခုတော့ သားရင်ဘတ်ဟာ သူတို့ ကန်သွင်းနေကြ ဂိုးဖမ်းပိုက်ကြီးပေါ့
ပိုက်ဘော လက်ခံဌာနကြီးလိုလည်း ဖြစ်ခဲ့ရတယ်
အနွေးထည်ပူဆာတုန်းက မေမေ့မျက်ရည်တွေဝဲလို့ 
သား ခုထိနားမလည်ယောင်ဆောင်တုန်းပဲ
နံနက်ခင်းနှင်းတွေစိုဆွတ်နေတဲ့ မြက်ပင်လေးတွေ သားခိုက်ခိုက်တုန်နေပုံကို
ဟားတိုက်ရယ်မောလို့ မေမေ့ရင်ငွေ့ လှုံခဲ့ဖူးသလိုပဲ သားအချမ်းပြေချင်တယ်
သူတို့ နဲ့ နေထိုင်ရတဲ့အခိုက် သားမပျော်ဘူးမေမေ
လူတွေနဲ့ ဆက်ဆံရတဲ့အခါ ကုန်ဈေးနှုန်းတွေနဲ့ စကားပြောရသလိုပဲ
ရေမွှေးနံ့ ကိုမနှစ်သက်တဲ့ အမေ့သားက လူနံ့ ကိုလည်းဟုတ်တိပတ်တိ မခံနိုင်ဘူးလေ
နောက်ပြီးခြူခြာသူတစ်ယောက်ဖြစ်ခဲ့ရလို့  ရင်ဘတ်အောင့်တဲ့အခါတွေဆို
မျက်ရည်တွေမေမေသုတ်ပေးခဲ့တယ်မလား
ကိုယ့်အတွက်ကိုယ်မျက်ရည်ကျခဲ့တဲ့ကောင်က မေမေ့အတွက်မျက်ရည်မရှိခဲ့တာ
သားမှားလားမေမေ …. သားမှားတာပေါ့နော်… သားသိပ်ကိုမှားခဲ့တယ် မေမေ
ဒီလမ်းကို သားလျှောက်ပါရစေ ဆူးတွေပေါတယ် ဒါပေမယ့် ပျော်တယ်လေ
သားနှလုံးသားနဲ့ ခန္ဓာကိုယ်တွင်းရောဂါဘယ တွေကကဗျာကိုပဲ
သောက်ဆေးစားဆေး လိုသုံးစွဲချင်နေတယ်
အသည်းမကောင်းပေမယ့် အပျိုတွေကပွဲခဏခဏတောင်းတယ်
အရက်မကြိုက်ပေမယ့် ဘီယာတော့သောက်တယ်လေ
အဲ့ဒီ ကဗျာဆရာဆိုတဲ့ကောင် မေမေ့သားက ထူတဲ့နေရာမှာ
မြို့ တစ်မြို့ လောက်ကွာဝေးအောင် ထူပိန်းတဲ့ကောင်ပေါ့
သူတပါးအတွက် အကြံဥာဏ်လေးကကောင်းပေမယ့်
ကိုယ်တိုင်ကျပြန်တော့ တုံးအ နေတတ်ပြန်ရော မေမေ
မာကျူရီရောင်မြင်ရင် မုန်းသလောက် ဇိမ်ခံကားဆိုတာ အောက်တန်းစားမစီးဖူးတဲ့
ပန်ခါတပ် ရဟတ်ယဉ် လို့ ပဲထင်တယ်
နားမလည်ပါးမလည်နဲ့  သီအိုရီတွေလည်းတက်ခွစီးဖူးတယ်
အကျီ င်္ဝတ်တဲ့အခါလည်း ကြယ်သီးအပြည့်တပ် အရူးရောဂါမျိုးလည်း စွဲကပ်ခံနေရပေါ့ မေမေ
ကိုယ်ကိုယ်တိုင်က ကဗျာဆရာမို့ လားမသိဘူးသူတစ်ပါးကိုလည်း ဆရာလုပ်ချင်စိတ်လေး ရှိနေပြန်သေး ဘ၀ဟာ သက်တံ့လို အရောင်ထူပြောလှပါတယ် မေမေ
သူတို့ ကြားထဲ သားဟာ ဘာအရောင်ဆိုတာကွဲကွဲပြားပြား မသိသေးတဲ့ကောင်ပေါ့
အဆုံးအစွန်ထိ မေမေရယ်
သားရဲ့ ဘ၀ဟာ
သူတို့ မွေ့ ယာတွေပေါ် သားစပ် ခံနေရတုန်းပဲ
သားဟာ အိုးမဲ့အိမ်မဲ့တစ်ယောက်လား
နပ်မမှန်တဲ့ သူတောင်းစားတစ်ယောက်ရဲ့
အကြည့်လောက်တောင် သားကိုမကြည့်ပေးကြဘူး
ဆုတောင်းတိုင်း ပြည့်တတ်သလား မေမေ ရယ်
လူသားတွေ မျိုးပြတ်ပါစေ လို့ ဆုတောင်းချင်တယ်
ဟစ်တလာ ဖုန်မှုန့် ထဲကပေါင်မုန့် ချပ်လေးကောက်စားတာတောင်
သူတို့ ဟာ ခြေနဲ့ ကန်ထုတ်ပစ်ချင်ကြတဲ့သူတွေလေ
Microsoft ၊ အိုဘားမား သူတို့ လိုလည်းမဖြစ်ချင်ဘူး
နတ်ဒေ၀ါ လည်းမဖြစ်ချင်ဘူး မေမေ
ကဗျာတွေနဲ့ ပဲ သားပျော်မွေ့ ချင်ခဲ့တာပါ
မေမေ့ရင်ငွေ့ တွေမှာ မနွေးထွေးခဲ့တာ နှစ်တွေကြာပေါ့
ဆောင်းဦးပေါက်တဲ့အခါ မေမေ့ဆီကိုသားပြန်လာပါ့မယ်
သားမှာအနွေးထည်တစ်ထည် ခုထိမပိုင်ဆိုင်သေးပါဘူး
မေမေ့ရင်ခွင်များထံ လာရောက်ခိုလှုံရင်း
အရောင်တစ်လတ်လတ် သားမြတ်နိုးတဲ့
မေမေ့မျက်ဝန်း တွေကိုပြန်လာကြည့်တဲ့အခါ
ခါတိုင်းလိုပေတေလေလွင့်ပြီး ပြန်လာတဲ့သားမိုက်ကို
ကြင်ကြင်နာနာနဲ့  မျက်ရည်တစ်စို့ စို့ ထွေးပွေ့ ပေးပါ မေမေ။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP