လေပြေ Poetry. Powered by Blogger.

အခွင့်သာရှိခဲ့ရင်……….။

Friday, May 15, 2009

ချစ်သူ………
မမြင်ကြုံမထင်မှတ်ဘဲဆုံခဲ့ကြပေမယ့်
ချိုသာတဲ့အသံတွေကြောင့်ယစ်မူးခဲ့တယ်
အဲ့ဒီ့အသံတွေကြောင့်ဘဲ…….
အကို့ အချစ်တွေမင်းအတွက်ဖြစ်ခဲ့တာ

ဒါပေမယ့်ချစ်သူရယ်……..
ဝေးကွာခြင်းကရင်ကိုပူလောင်တယ်
မင်းအသံတွေမကြားတဲ့အခိုက်တံ့မှာ
တခြားရင်ခွင်မှာပျော်နေမှာစိုးတယ်
နေ့ ညတိုင်းစိုးစိတ်ကဖျောက်မရဘူး

သတိရတဲ့အခါမင်းနာမည်လေးကို
ဘာမှန်းမသိရေရွှတ်မိရင်းရင်ခုန်ရတယ်
တစ်နှစ်တခါသာကြုံခွင့်ရှိမယ့်အချိန်ကို
ဘယ်အခါမှမကုန်ဆုံးချင်ဘူးချစ်သူရယ်
သိပ်ချစ်ခဲ့ဖူးတဲ့အတွက်ပါ…….။

အိပ်ရေးပျက်တဲ့ညတွေလည်း
မင်းကြောင့်ဘဲလေ…..
ကိုယ့်အတွက်သန်းခေါင်ယံနတ်သမီး။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP