လေပြေ Poetry. Powered by Blogger.

မင်းမလာတဲ့နေ

Friday, May 15, 2009

အထီးကျန်တဲ့အမှောင်ညတွေအတွက်
မှိန်ဖျော့ဖျော့အလင်းတိုင်ငယ်ကိုအမှီပြုရင်း
မင်းမရှိတဲ့တံခါးရွက်တွေကြားမှာတွေဝေလို့ 
မင်းပြန်လာမယ့်နေ့ ကိုရေတွက်ရင်းက
မျော်လင့်ချက်တွေပွေ့ ပိုက်ကာစောင့်နေမယ်။
ဒါပေမယ့်လည်းအရင်လိုပါပဲ……..ချစ်သူရယ်။
ငါ့မျက်နှာပေါ်သာနေခြည်တွေထိုးကျခဲ့တယ်
မင်းကရောက်လာခဲ့လို့ လားကွယ်…….။

မင်းလာမယ့်မိုးသောက်ယံတွေမှာ
အရံသင့်ဖြစ်ပြီးသားငါ့နံနက်စာတွေက
အရင်လိုပုတ်သိုးခဲ့ရတာချည်းပဲလေ….။
အိမ်ပြတင်းကတမ်းတမျော်နေရင်းကဘဲ
တခဏအတွင်းငါ့ပေါ်ထိုးကျတဲ့နေရောင်က
လရောင်အဖြစ်ပြောင်းသွားခဲ့ရပြန်ပြီ……။
အဲဒါတွေက………….
မင်းမသိခဲ့တဲ့နေ့ တိုင်းဖြစ်စဉ်တွေပဲချစ်သူ
နေ့ တိုင်းကိုလွမ်းမျော်ရင်းနဲ့ ကုန်လွန်ခဲ့တယ်
မင်းသိတဲ့အချိန်ရယ်ချင်ရယ်နေလိမ့်ဦးမယ်။
မင်းကိုလွမ်းရလွန်းလို့ ကြိတ်ငိုခဲ့ရတာ
နှလုံးသားကိုဆွဲညှစ်ထားသလားထင်ရတယ်။
ရင်နဲ့ မဆံ့အောင်သိပ်ချစ်ခဲ့ရပါတယ်ချစ်သူရယ်။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP