လေပြေ Poetry. Powered by Blogger.

မြို့ ပြ ကဗျာနေထိုင်မှု

Saturday, October 16, 2010

ထိုင်ပါ ထိုင်ပါ ဒီအခန်းကျဉ်းထဲ ခင်ဗျားကို မောင်းထုတ်မယ့်သူ ကျွန်တော်ကလွဲလို့ ပေါ့
စကားဘုတော ပြောမယ့်သူ ခင်ဗျားကလွဲလို့  ဘယ်သူရှိမလည်း မတွေ့ ရဘူးလား
ဆံပင်တွေရှည်လာတာ ဖားလျားတောင်ကျတော့ မတ်တပ် ခင်ဗျားငြိမ်ငြိမ်လေး ထိုင်နေပါ
ဖန်ခွက်ထဲက ရေခဲရော ၀ီတစ်ပတ်နှစ်ပတ် လောက်နဲ့ တော့ လူ့ ဘောင်ထဲက အမှန်တရားတွေ
ဆင်တူယိုးမှား မုဒိန်းစင်တင်ခံရ ဆိုတာ ခင်ဗျားပြောတာလောက်နဲ့ တော့ မှန်ပါတယ် မှန်ပါတယ်
ဟုတ်ပါတယ် ဟုတ်ပါတယ် ဒီလိုလား ခေါင်းငြိမ့်ရမှာ ဆို ခင်ဗျားပဲပြောတာလေ
ထားပါတော့ ကျွန်တော်က နှစ်ဆယ့်ကိုးဆွဲကပ်နေသူတစ်ယောက်လို့ ပဲ အဲ့ဒါ ရိုးရိုးရှင်းရှင်း သမုတ်တာ
ဒီနေရာမှာ အသံထွက်တွေအကြောင်းတော့ ထည့်မပြောချင် ဒီအခန်းက ထွက်တာနဲ့  ဆက်သွယ်မှုဧရိယာ
ပြင်ပ ဆိုတာ ပြည်ပရောက် မြန်မာတွေ ဟ ဟ မဆိုင်တာတွေလည်း ကစ်တာပဲ ဖောက်
ခင်ဗျားသိထားရမှာက ဒီမယ် အင်တာနက် တယ်လီဖုန်း ကြိုးမဲ့မဲ့ ကြိုးပါပါ ဖုန်း ဖက်စ် ဘာတစ်ခုမှ
စာပို့ သမား အဆက်အသွယ်လုပ်မယ့်သူပေါ့ တစ်ဖက်ကကြားရင် အကြောင်းပြန်ဖို့  အခိုင်းအစေသဘော
ခင်ဗျား တစ်ယောက်မှမရှိတာ သိဖို့ ကောင်းတယ်
ဘာ ..... ဘာ မုန်တိုင်းကြေငြာချက် ဟုတ်လား ကျွန်တော့်အိမ်နီးချင်းတွေဟာ ခွေးတွေသခင်အပေါ်ကို
သစ္စာရှိသလိုမျိုး သစ္စာကိုအလေးထားတယ် ဆိုတာ ခင်ဗျားမေ့နေပြီလား
ဘာပြောပြောဆိုတဲ့နေရာမှာ ကျွန်တော်နဲ့ မဆိုင်ဘူး ခပ်တုံးတုံးသိမ်ငယ်မှုဆိုတာက ကျွန်တော့်လိုကောင်
ဂုတ်ကဆွဲပြတယ် .... ဒီကောင် ဒီကောင် ဒီကောင့်ဟာ
ဒီကောင်ဟာ ကဗျာဆရာလို့ မတန်မရာ သမုတ်ခံရရင် သိပ်ကိုပျော်တဲ့ကောင် ကျွန်တော့်လိုမဟုတ်ဘူး
အသက်ရဲ့သုံးပုံတစ်ပုံလောက်မှာ အပျိုတစ်ယောက်ပါးရိုက်ယူလို့ ရတယ်ဆိုတာ ကိုယ်ရည်သွေးတာ
ခင်ဗျားလိုပဲ ပုံစံအသစ်တွေဖန်တီးရတာကို စိတ်ပျော် သဘောကျပါတယ် ဒါပေမယ့်ကျွန်တော်က
ခုတစ်လော အလုပ်လုပ်ဖို့ ပျင်းနေတယ် ကျွန်တော်အညောင်းတွေမိနေတယ် အညာတွေရထားတယ်
တဏှာခွေ့ တယ်ရယ်လို့ တော့ မဟုတ်ဘူးဗျာ အဲ့ဒီနေ့ က ဖာတွေလမ်းပေါ်မှာ တွေ့  မိ တယ်
တကယ်တမ်းပြောရရင် ကျွန်တော်အသွားအလာမလုပ်ဖူးတဲ့နေရာတွေပေါ့
ဝင်လိုက်ထွက်လိုက် နွေးခနဲ နွေးခနဲ ပြီးတော့ ထွီခနဲ စတွေးထွေးလိုက်တယ် မသထီစရာကောင်းတယ်ဗျို့ 
ပြီးတော့ပိုက်ဆံပေးမယ်ဆိုပြီး ထပ်ပြီး နွေးခနဲ ..........
ဒါဟာ ကျွန်တော်တို့ နေတဲ့ မြို့ ပြစောက်စုတ်ကြီးပဲ ။ ကဲ ကဲ ခင်ဗျားလည်းသောက်ချင်လာရောပေါ့
ရင်ထဲ ပူဆင်း ပူဆင်းနဲ့  ခဏနေတော့ မီးဖြတ်သွားတယ် မြို့ ပြ
အဲ့ဒီအချိန်မှာ ကျွန်တော်ပြောပြောနေတဲ့ ကဗျာရေးတယ်ဆိုတာ ဖယောင်းတိုင်ကုန်တာပဲ အဖတ်တင်ကျန်တယ်။
ဖာတွေကလွဲလို့ ပေါ့ ..............။

Read more...

အမည်မဲ့ အလွမ်း

Thursday, September 2, 2010

မျက်ဝန်းတစ်စုံနဲ့  ရင်တစ်ခုလုံးကိုငြို့ ယူသွားခဲ့တယ်
စိတ်အစဉ်တိုင်း လွမ်းဆွှတ်ခဲ့ရတဲ့ စက္ကန့် လေးတွေနဲ့ အမျှ
ရင်ခုန်သံတွေက ရေခြားမြေခြား နိုင်လွန်းလှတယ်
သတိတရ ရှိခဲ့ရတဲ့ အလွမ်းဒဏ်တွေက
မရဲတရဲ ရင်ခုန်သံနဲ့ အဆိပ်သင့်စက်ရုပ် တစ်ရုပ်လို
သံပတ် ပေးခံထားရတဲ့ ညတွေက မှောင်လွန်းတယ်။

အကြည့်တွေကို ရှောင်လွှဲဖို့  မ၀ံ့ရဲခဲ့တာတွေက
သံယောဇဉ် အထပ်ထပ်ကြား တုပ်နှောင်ခံရသူလို
မလူးသာ မလွန့် သာ ညရဲ့စိတ်ကူးယဉ် ပြဇတ်ထဲ
ကကြိုးမဲ့ ရုပ်သေးတစ်ရုပ်လို ရင်ခုန်မှုတွေအတွက်
အလွမ်းတွေသာ သိပ်သည်းဆ များများလာတယ်။

မိုးစက်တွေ ကနွဲ့ ကလျ ပြိုကျမှုမှာ
သူတို့ နဲ့ အတူ လွမ်းငွေ့ ဆိပ်တက်နေတဲ့ ရင်ဘတ်က
မိုးကုတ်စက်ဝိုင်းတွေဆီ ပြေးထွက်သွားတဲ့ နှလုံးသားရဲ့
နှုတ်ခမ်းဖျားတွေကြား ဒီနာမည်လေးကိုပဲ ရွတ်နေမိလို့ 
ရင်ကို ထုတ်ချင်းခတ်ခံလိုက်ရတဲ့ မနေ့ ကမိုးထဲ
ပြန်ဆုံတွေ့ မယ့်နေ့ တွေကိုသာ မျှော်လင့်နေခဲ့မိတယ်။

နှုတ်ခမ်းလှလှတွေရဲ့ ရယ်သံတွေကြား အ၀အမူးရူးလို့ 
ကျွန်တော်က မီးစာကိုမျှော်နေတဲ့ မီးအိမ်ကလေးပေါ့
ခံစားမှု လက်ဝယ်ပိုင်ဆိုင်ခြင်းတွေထက်ပိုတဲ့ စွဲလမ်းမှုနဲ့ 
မျက်နှာချင်းဆိုင် ကော်ဖီသောက်ခွင့်ကို
ကော်ဖီခွက်လေးတွေနဲ့  အတူ လွမ်းနေခဲ့ရပါတယ်.........။

Read more...

ပြန့် ကျဲသွားသော စလုံးများ

Tuesday, August 31, 2010

ကိုယ်ပိုင်နံပါတ်ရယ်လို့ မရှိဘူး ဒီကောင့်ဟာရယ် ပြစရာကိုယ်ပိုင်တောင်မှ
ဘာမှတကူးတကမရှိတဲ့ အဲ့ဒီ့နေ့ ဟာ စိတ်ဝေဒနာ သားသားနားနားနဲ့ 
တခြားပြောစရာဘာမှမရှိတဲ့ ညတွေအတွက် မီးပျက်နေတဲ့အချိန်တွေကို
နေရာပေးထားကြတယ်။ ငါကရောင့်ရဲပါတယ် အဲ့တော့
အမှောင်ရဲ့အရှင်သခင်လို မျက်နှာထားရှေ့မှာ မတ်တပ်ရပ်လက်မြောက်ပြီး
စိမ်းစိမ်းစိုစိုပြုံးချပစ်လိုက်တယ်။ ငယ်ငယ်က ပန်းခေါင်းလှန်သလိုအပြုံးမျိုးနဲ့ ပေါ့။
မြို့ ရိုးပျက်တွေဟာ အသက်၉၀ အဖွားအိုတွေလို ငိုက်ငိုက်မြည်းမြည်းရှိနေခဲ့ချိန်
ငါလည်း ဗလာအခန်းထဲ အမှောင်ထဲမီးခလုတ်တွေ လိုက်ဖွင့်နေတယ်ဆိုတာက
လျှပ်စစ်ဓာတ်အားတွေပိတ်ဆို့ ခံနေရမှုကို မကြည့်ရက်ရုံသက်သက်လောက်ပါပဲ
မီးတော့မလင်းသွားဘူး အိမ်မက်က ဖယောင်းတိုင်လိုအထွန်းခံညတွေထက်
လတွေသာလို့ တစ်လ နှစ်လ သုံးလ အဲ့လောက်နေတော့ သတိရလာတယ်
ရူးလာတယ် ကျွန်တော်အရူးတစ်ယောက်ပါ ဘာအကူညီလိုပါသလဲ
ခုထိတော့ မီးကပျက်နေတုန်းပဲ ဒါကြောင့် ဒါပေမယ့် ဘာကြောင့်ဖြစ်ဖြစ်
ဖြစ်ချင်ရာ ဖြစ်သွားနိုင်တဲ့အခန်းထဲ ငါ့ကိုယ်ငါ Flash ကင်မရာ တစ်လုံးနဲ့ 
တဖျတ်ဖျတ်ရိုက်ပစ်လိုက်တယ်။ အဲ့အချိန်က နှုတ်ခမ်းမွှေးတွေမရိတ်ခဲ့မိရင်ကောင်းသား
စိတ်ဝေဒနာသည်တစ်ယောက်နဲ့ ဆင်တူရိုးမှား ဖြစ်နေတဲ့ ဓာတ်ပုံထဲက ငါ့ရဲ့
ကိုယ်တူပုံပွားက ကမ္ဘာ့ အလှမယ်မှင်နဲ့ ဆံပင်ဘေးခွဲလို့ နှုတ်ခမ်းမွှေးမရှိတော့ဘူး
ငါပြောခဲ့သားပဲ
ငါရူးနေပါတယ်ဆိုတာမင်းတို့ ကိုဘယ်နှစ်ကြိမ်းမြောက်ချစ်ခွင့်ပန်ရဦးမှာလည်း လူခဲ
မင်းကတော့ ကြယ်သီးပေါက်တွေမှားတပ်ပြီး ခန့် ခန့် ငြားငြား လမ်းတွေလျှောက်ဆဲ
ဘာလဲ....သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်......ဟုတ်လား
X share with my love ဒက်...ဒက်...ဒက် ပစ်ချလိုက်တယ်
ဒါဟာလုံးဝ မီးခိုးရောင်မဟုတ်ရင် ဖင်ကျပ်ဂျင်းဘောင်းဘီတစ်ထည်ပဲလို့ ပြောရမှာလား ?
အိမ်း .... အဆိုကျော်တစ်ယောက်နဲ့ တူတယ်လို့ အပြောခံရတဲ့နေ့ က
ဝမ်း တူး သရီး မိဘမဲ့ကလေးတွေဟာ လမ်းတွေနဲ့ အပြိုင် အပြေးကျင့်နေကြတယ်
သူတို့ စိတ်ဝင်တစားရှိတဲ့အလှကပ်ခွာလေးတွေဆိုတာက ဆိုလာပြားထဲသိုလှောင်ခံထားရတဲ့
အတ္တတွေလို နင်လား ငါလား လူတကာသုံးလို့ သုံးနဲ့  မင်းမှားတပ်ခဲ့တဲ့ကြယ်သီးပေါက်တွေလိုပေါ့
အို အဖ ဘုရားသခင်ထီး နှင့် အို အမိ ဘုရားသခင်မ ......
ကျွန်ုပ်နှင့်မသက်ဆိုင်သော အထိုထို ဖြစ်ရပ်များအတွက်
အသင့်အား အထူးတလည် ကျေးဇူးမတင်ချင်ပါ။

Read more...

ဒါပဲပြော

Monday, August 30, 2010

ကျွန်တော် ဘာရေးရင်ကောင်းမလည်း ကြိုက်မလည်းလို့ တွေးရင်းစဉ်းစားရင်း
ဒါပဲရေးချင်လာတယ် ။ ဒါပဲရေးချင်နေလို့  ဒါပဲရေးလိုက်တယ် ။ အဲ့ဒါဟာ
ဒါပဲထက် ဒါပဲဟာ ဒါပဲလောက် အရေးပါတာ ဒါပဲ မရှိဘူး ဆိုတာကိုလည်း
ကောင်းကောင်းပြောလို့ ရတာဟာ ဒါပဲရှိတယ် ။
ဒီတော့ကာ ခင်ဗျားလည်းတစ်ခွန်းလောက်ဝင်ပက်ချင်တယ်ဆိုရင် သဘော
ဒါပဲ အခါခါ ပြောဦးမှာမဟုတ်လား ။
ကျွန်တော်ကတော့ ဒါပဲ လူတွေပြောနေတာလည်း ဒါပဲ ။ ဒါပဲကို ဒါပဲလို့ ပြောဖို့ အတွက်
ဘာသာစကားတွေလုံလောက်စွာမရှိလို့  ဒါပဲ ဒါကို ဒါလောက်ပဲ ဖော်ပြလိုက်တယ် ဒါပဲ ။
လောလောဆယ် ဒါပဲရှိတယ် လိုချင်ရင် ဒါပဲယူသွား မလိုချင်ထားခဲ့ ဒါပဲပေါ့
ဒါပဲကွာ ဒါပဲလား ဒါပဲလားကွာ ။ စကားကိုစကားလိုပြော လို့ ရတာလည်း ဒါပဲ
ဆရာ့ကိုလည်း ဒါပဲ ဟေ့ကောင် မင်းကိုလည်း ဒါပဲ ငါလည်း ဒါပဲ ထပ်နေတယ်
ဒါပဲပြော လူတွေပြောတဲ့အကြောင်းအရာတွေထဲ အရင်ကလည်းပြောခဲ့ဖူးသား ဒါပဲ
ဒါပဲပြော ခပ်ဝေးဝေးသွားနေပြန်တော့လည်း နောက်ထပ် ဒါတွေပဲ ဒါပဲ ထပ်ရောက်လာ
အိမ်မှာထမင်းစားလည်း ဒါပဲ သီချင်းနားထောင်လည်း ဒါပဲ ရုပ်မြင်သံကြား ဒါပဲ
email ဒါပဲ ပန်ဆိုးတန်းမှာလမ်းလျှောက် ဒါပဲ ဖုန်းမြည်လို့ ကောက်ကိုင် ဒါပဲ
နေ့ တိုင်းဒီလိုဆဲနေတာ မကောင်းဘူး တစ်မျိုးပြောင်းတော့ ဒါပဲ
စာအုပ်ထဲလက်နှိုက်ရှာတယ် ဒါပဲတွေ့ တော့ ဒါပဲတွေများလာတာအမျှ
ဒါပဲကို စွဲလမ်းလာတာမဆန်းဘူး ဆိုတာလည်း နောက်ဆုံးတော့ ဒါပဲ
ကျွန်တော်နဲ့ မသက်ဆိုင်ဘူးဆိုတာလည်း ဒါပဲ သက်ဆိုင်တာလည်း ဒါပဲ
လူသုံးများလာတာလည်း ဒါပဲ ထင်ပေါ်ကျော်ကြားလာတာလည်း ဒါပဲ
ဒါကို စိတ်ဝင်စားရင် ဒါပဲလုပ်လိုက် ဒါပဲ ကောင်းတယ် ဒါပဲ အသုံးတည့်
အားလုံးသုံးတယ် ဒါပဲ မိဘပြည်သူတွေလည်း ဒါပဲ ဒို့ ရွာသားတွေလည်း ဒါပဲ
လဖက်ရည်ဆိုင်ထဲထိပါလာတဲ့ ဒါပဲ ။
စကားလမ်းလွှဲဖို့ လုပ်တော့မှ သူတို့ ကဒါပဲဆက်ပြောရအောင်လို့ တောင်းဆိုလို့ 
ငါကလည်း ဒါပဲ ပြောလိုက်တယ် အားလုံးကို ဒါပဲ
အားလုံးက ဒါတွေထဲ နစ်နေတဲ့ ဒါတွေပဲ ဒါပဲ...........။

PS. D ကဗျာကို ဖတ်ပြီးတော့ ကြိုက်ခဲ့ရင် တစ်ချက်လောက်တော့ (တောက်) ခေါက်သွားဖို့ မမေ့နဲ့  ... ဒါပဲ ။

Read more...

မောင်ချောနွယ်ကဗျာများ

မောင်ချောနွယ်ကဗျာစုစည်းမှု
ကျွန်တော်လည်း သူများတွေဆီကနေ ဒေါင်းလော့ဒ်လေးရထားတာပါ။
ဘယ်လိုမှတော့မဟုတ်ဘူး။ ကိုယ်ပိုင်သိမ်းထားချင်စိတ်ပေါက်လို့  ။
ပြီးတော့ မောင်ချောနွယ်အရေးတွေကထိလွန်းလို့ သဘောကျလို့ 
သူ့ ခံစားချက်တစ်ချို့ နဲ့ လည်းတိုက်ဆိုင်လို့ ကိုယ့် blog မှာကိုယ်ပြန်
သိမ်းထားတဲ့သဘောပါပဲ ။လိုချင်ရင်တော့ဒေါင်းသွားနိုင်ပါတယ်။

DownLoad Link Click Here

Read more...

မိုးဦးလေပြေကဗျာစာအုပ် (၂)

မိုးဦးလေပြေကဗျာများ (၂)

သူရဿဝါ
Prizewai
လေပြေ
ကောင်းကင်ကို
ညီဇံလှ
ရင်နင့်သူ
ကျော်ညိုသွေး
လင်းဒီပ
ဇာတိ
လင်းဦး(စိတ်ပညာ)
သားဖြိုး .....................စသည်ဖြင့်ပါဝင်ရေးသားထားသည်။

Full Link
မိုးဦးလေပြေကဗျာများ(၂) Click Here

Read more...

နှစ်ရှည်လများ မိုး

Monday, August 23, 2010

ဖြစ်ခဲ့တဲ့အပျက်တစ်ခုမှာ မှတ်ဥာဏ်ဟာနောက်ပြန်ပြေးလို့ 
ပိုင်ပေါင်းများစွာဝေးကွာသွားမှ ခွေးမောင်းသလိုမောင်းထုတ်ပစ်လိုက်တယ်
ရှုး ... ထွက်သွားစမ်း (မရဘူး--- ဂရုမစိုက် နားမစိုက် အရေးမစိုက်ဘူး)
မျက်စိထဲကအလိုလိုပေါ်လာတဲ့ ရုပ်လုံးတွေက ရင်ဘတ်တစ်လျှောက်
ခွေးတစ်ကောင်အရိုးတစ်ချောင်းရသလို ကိုက်ခဲနေတယ်
ဒီနေ့ မှထူးထူးခြားခြား လွန်ခဲ့တဲ့ ခုနှစ်လောက်ကသည်းခဲ့တဲ့မိုးကို
သတိတွေရနေတာ ရင်ဘတ်က အစိတ်စိတ်အမွှာမွှာကွဲထွက်သွားတဲ့
လေရေမီး စစ် ဘေး ပြေး ဒုက္ခသည်တွေလို ကူကယ်ရာမဲ့လို့ 
အမောဆို့ နေတဲ့ နှလုံးသားရဲ့ ကုတ်ချောင်းချောင်း နိုင်မှုမှာ
ငါ့လိပ်ပြာ အတောင်မဲ့ လောကထဲက ပျံထွက်သွားချင်လေရဲ့
ခြေမကိုင်မိ လက်မကိုင်မိ ခရမ်းရောင်နေ့ ရက်တွေရဲ့ နောင်တထဲ
အတိတ်ဟာ ဒီညထဲ ငါ့ကိုမီးမြှိုက်ထားသလို ပူလောင်လွန်းလှပါတယ်
အနောက်ဖက်ဆီပျံသန်းသွားတဲ့ ငါ့အတ္တတွေအတွက် ပေးဆပ်မှုမှာ
ရေခဲရိုက်ညတွေထဲ မင်းကိုလွမ်းနေခဲ့ရတာဟာ မတန်ဘူး
ကောင်မလေးရေ
"မိုး" ရေ (ငါသောက်သုံးခဲ့ရဖူးတဲ့ မျက်လုံးဝိုင်းလေးတွေ)
မိုးရိပ်မြင်တိုင်းကြောက်လန့် တတ်ခဲ့တယ်ဆိုတာလည်း
ရောက်လာဦးမယ့် နောက်ထပ်ညစိမ်းစိမ်းတွေကို မပိုင်ဆိုင်ချင်ဘူး
ကူးစက်ရောဂါဆိုး တစ်ခုလို ပျံ့နှံ့ သွားပြီး
ငါ တရားဝင်မပိုင်ဆိုင်နိုင်ခဲ့တဲ့ ညတွေများလာတာနဲ့ အမျှ
ရန်ကုန်မှာ မိုးတွေသည်းနေတုန်း
လေးပေခုံတန်းလေးမှ မိုးတွေသည်းနေတုန်း
ငါတို့ ရေးခဲ့ဖူးတဲ့နာမည်လေးတွေပေါ် မိုးတွေသည်းနေတုန်း
မင်းကိုကြည့်ခွင့်မပေးခဲ့တဲ့ငါ့ရင်ထဲ မိုးတွေသည်းနေတုန်း
လမ်းတစ်ခု ဖြတ် ကူး မိတဲ့ ငါ့နှလုံးသားတွေ ခိုက်ခိုက်တုန်ချမ်းလို့ .....။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP