လေပြေ Poetry. Powered by Blogger.

ကဗျာ

Sunday, August 30, 2009

ကဗျာဆန်ချင်တယ်…..။
ကဗျာတော့မဖတ်တတ်ဘူး….
ကဗျာဆန်ကြည့်တယ်……။
ကဗျာလည်းမရေးတတ်ဘူး….။
တို့ ထိလိုက်တိုင်းလည်း
ကဗျာမဆန်ဘူး…….။
မဆန်ချင့်ဆန်ချင်ဆန်ခိုင်းလိုက်တယ်။
ဟုတ်တယ်…..
ကဗျာဆန်သွားတယ်……..။
စက္ကူစုတ်တစ်ရွက်….
အတင်ဖျစ်ညှစ်ရေးရတဲ့မှင်တံ
ပုံဆိုးပန်းဆိုးအာရုံတစ်ခုနဲ့ စိတ်ကူး
ကဗျာဆန်အောင်တွေးလိုက်တယ်။
ကဗျာတွေဆန်သွားတယ်…..
ကဗျာတွေဆန်တက်တဲ့အရပ်မှာပဲ
ငါဟာလည်းပျော်မွေ့ စွာနေတယ်။
ရေးခြစ်သမျှဟာကဗျာလား….
တွေ့ ရှိချက်ကသက်သေတွေလား
စိတ်ကူးမှာတော့ကဗျာတွေ
ကဗျာတွေ….
ငါတို့ ကဗျာတွေ
အာမခံချက်တစ်ခုလုပ်ထားတယ်
စိတ်ကိုနှစ်ထား
ငါတို့ ကဗျာတွေအသက်ဝင်လာတဲ့နေ့ 
လောကရဲ့ငိုကြွေးမှုတွေရပ်တန့် သွားမယ်
နားတွေကိုရင်နှစ်မွှာကြားဝှက်ထား
တိုးတိုးလေးကြားမိတဲ့အခါ
ကဗျာထဲမှာမင်းနာမည်ပါသွားခဲ့တာ
တရိပ်ရိပ်နဲ့ ကြားယောင်လာလိမ့်မယ်။
ပြုံးချင်ရင်ပြုံးလိုက်ပါတော့……
ရယ်ချင်တာတွေလွှတ်ချပစ်လိုက်တော့။
စိတ်တွေလန်းသွားပြီလား…
ဆုံးအောင်ဖတ်လိုက်ပါ……
သေချာတယ်….
သိပ်ကိုသေချာတာပေါ့………..။
အရုပ်ဆိုတဲ့အရာလေးတွေ
ဆေးစက်ရှိမှထင်နိုင်တယ်…..
ငါတို့ ဆေးစက်လိုလို့ လား….။
ငါတို့ မှာတော့စိတ်ရှိတယ်…။
ကဗျာစိတ်…။
ကဗျာအဆိပ်…
ကဗျာအဆိပ်တွေ…….တက်
တခွက်ပြီးတခွက်…..
တစ်စက်ပြီးတစ်စက်….
တစ်ပတ်ပြီးတစ်ပတ်……
မှောက်ယက်တွေလဲ
ပက်လက်ကြီးနဲ့ ရေးနေတဲ့
ငါတို့ ကဗျာတွေမှော်မဆန်ဘူး
သူတို့ ကိုယ်တိုင်စီးမျောနေတာ…။
ငါတို့ သွေးတွေရဲ့ကဗျာရွတ်သံ
ငါ့နားထိတိုင်ငါပြန်ကြားတယ်….။
ငါတို့ ရဲ့ဝါသနာ….
ငါတို့ ရဲ့အတတ်…
ငါတို့ ရဲ့အာရုံ…..(အတွေး)
ငါတို့ ရဲ့လက်တွေ….
ငါတို့ ကိုယ်ငါတို့ ….
ကဗျာတွေနဲ့ နှစ်သတ်လိုက်ကြစို့ 
သူတို့ ဟာငါတို့ ကဗျာတွေကိုမှီလို့ 
ပြန်လည်ရှင်ထရမဲ့သူတွေဖြစ်တယ်…။
သောကတွေဝယ်ထားကြပြီး
နေရာတစ်ခုအလုအယက်လိုက်ရှာကြ
တွေ့ မယ့်တွေ့ တော့လည်း…..
ငါတို့ ရေးသမျှကဗျာပေါ်မှာပဲ…..။
မီးတစ်ခုပူအောင်မွှေးတယ်
သူတို့ ရင်ဝယ်အပူမဆို့ အောင်
ငါတို့ ကဗျာတွေရေးတယ်….။
နှလုံးသားတစ်စုံရဲ့သောကတွေ
သက်သာလို့ သက်သာငြား
ငါတို့ ကဗျာတွေရေးတယ်….။
လောကအလှအတွက်လိုအပ်တဲ့
ဆင်ယင်ခြင်းအတတ်တွေထဲမှာ
ငါတို့ ရေးတဲ့ကဗျာတွေပါနေဦးမယ်။

Read more...

ငါ့မျက်ဝန်းတွေ

Wednesday, August 26, 2009

ချစ်သူ…..
မင်းနဲ့ ပက်သက်ခဲ့မျှတွေအတွက်
အလွမ်းနဲ့ နေရာတစ်ခုငါပိုင်ဆိုင်ဘူးတယ်။
ငါပိုင်ဆိုင်တဲ့အလွမ်းတစ်နေရာမှာ
အချစ်တွေမသေဆုံးခင်ကတည်းက
ခပ်ငွေ့ ငွေ့ လေးငါလွမ်းတတ်နေတယ်။
ခုထိလည်းလွမ်းတုန်းပဲ……။

ဒီအချိန်လောက်ဆိုမင်းအတွက်
မျက်နှာလိုက်ပြီးပွင့်လန်းခဲ့တဲ့
ပန်းနီနီတို့ ဝေဆာနေရော့မယ်။
သြော်…ရာသီတွေရယ်…..
လည်နိုင်လွန်းလိုက်တာနော်……..။
သူပြန်မလာဘူး…….
သူမပြန်ရောက်မလာခြင်းက
ရင်ခွင်စစ်တလင်းတစ်ခု
အလွမ်းတွေပြန်ကောက်သိမ်း
လက်နက်မဲ့
ရင်တွင်းအလွမ်း…….
ဝဲတဲတဲမျက်ရည်စတွေနဲ့ 
တိုးတိုးကြိတ်ကြိတ်တိုက်ပွဲ
မျက်ရည်တစ်ပေါက်က
ငါ့စိတ်ဓာတ်ကိုပျက်စေ…..။
ပျက်နေတဲ့ငါ့စိတ်တွေက
မင်းစိတ်တွေကြောင့်ငါငိုမိသွားတယ်။
ခွင့်လွှတ်ပါ….ချစ်သူရယ်…..။
အလွမ်းတွေကိုဒီထက်ကြာအောင်
ငါမစောင့်ရှောက်နိုင်တော့လို့ ပါ…….။

အလွမ်းနဲ့ အတူ……..
ဒီလိုအလွမ်းတွေနဲ့ အတူတူ
ပါဝင်လာသမျှတွေအားလုံးအတွက်
ငါ့ကိုယ်ငါကြိုးတွေတုပ်လို့ 
သေဒဏ်တစ်ရပ်ကိုငါစောင့်နေတယ်။
သေဒဏ်တစ်ရပ်……
သေဒဏ်တွေရပ်သွားတဲ့ခဏ
ငါ့အလှည့်မလာခင်ထိတော့
ငါမလွမ်းချင်တဲ့ဘ၀မှာ
အလွမ်းတေးတွေငြီးလို့ 
မရေတွက်နိုင်တဲ့အလွမ်းနဲ့ 
မင်းကိုလွမ်းနေရသူငါ………။
ကြာတော့အလွမ်းတွေကိုတောင်
မုန်းမုန်းလာခဲ့ပြီ………။

အဘယ်ကြောင့်နဲ့ 
ဒါပေမယ့်ပေါင်းများစွာက
မင်းကိုမုန်းဖို့ မဖြစ်တဲ့ငါ့ရင်တွေ
တိတ်တဆိတ်လွမ်းချင်းငြီးနေပြီ။
ငါ့မျက်ဝန်းတွေထဲကတဆင့်
တွေ့ တွေ့ နေတဲ့အလွမ်းနေ့ တွေ
နေ့ ပေါင်းများစွာ……
လပေါင်းများစွာ…….
ဒီနေ့ ထက်ထိလည်းမြင်နေတုန်း
မင်းကိုလွမ်းနေရတဲ့ခဏတွေမှာ
လွမ်းလွမ်းဆွေးဆွေးခပ်ရေးရေးနဲ့ 
ငါ့မျက်ဝန်းတွေသိပ်ကိုလှနေတယ်။

Read more...

တိတ်တိတ်ပုန်းအလွမ်း

Sunday, August 23, 2009

နှလုံးသားတစ်စုံ
ချနင်းခြင်းခံရတယ်….
သိုဝှက်နေတဲ့ကြားကပဲ
ငါ့ချစ်ခြင်းကိုထုတ်ပြမိတယ်။
ဖြူစင်မှုဆိုတာ
အရောင်တွေနဲ့ မတန်မှန်းသိတယ်။
မင်းအလိုရှိသမျှကိုယူသွားပါ….။
နောက်တစ်ခါတံခါးလာမခေါက်နဲ့ ……။

ရင်မှာငြိမ်းချမ်းချင်ခဲ့တဲ့စိတ်တွေနဲ့ 
ငါ့အတွေးတွေနယ်မြေသစ်ကိုလိုက်ရှာ
ပူလောင်တဲ့ဒီနွံထဲကငါ့ကိုခွဲထွက်ခွင့်ပေးပါ။
လူဆိုတဲ့အပူလောကကိုငါမုန်းတီးမိတယ်။
ဟန်ဆောင်တဲ့မျက်ဝန်းတွေနဲ့ 
တံတားတွေအပြိုင်ထိုးနေရတဲ့ဘဝ
ကျိုးကျတဲ့အခါငါ့ကိုသတိမရနဲ့ တော့
ဆိတ်ငြိမ်စွာနဲ့ နေခွင့်ပြုပါ……

မင်းဘ၀ထဲမှာငါကိုဖျောက်ဖျက်ထားတဲ့နောက်
ကျပျောက်ခဲ့ရသလိုနဲ့ ပြန်လှည့်မရှာနဲ့ …..။
ငါ့နှလုံးသားကိုအသေသတ်ပြီးမှတော့
ဟန်ဆောင်တဲ့မျက်ဝန်းတွေနဲ့ 
ဝမ်းပမ်းတနည်းမရှိုက်ငိုပါနဲ့ တော့။

ငါ့ရင်တွေကွဲခြောက်လို့ 
ငါ့အတွေးနဲ့ ငါစိတ်ကူးကအတိတ်ရဲ့
မင်းပုံရိပ်တွေကိုကြောက်လန့် နေဆဲ
ငါခံစားကြေကွဲနေတာလားမသိဘူး။
မျက်ဝန်းတွေကတော့ကျန်ရှိနေသေးတယ်။
ဖောက်ထုတ်ဖို့ မသက်သာတဲ့ဘ၀မှာတော့
မင်းကိုဆက်လွမ်းနေရဦးမယ်ချစ်သူ……..။

ငါ့စိတ်တွေမင်းကိုဘယ်လိုပဲဆန့် ကျင်နေပါစေ
ငါအချစ်တွေမင်းအတွက်အဆင်သင့်ဖြစ်ခဲ့တယ်
ငါ့လက်တွေကမင်းလက်လေးတွေကိုတောင့်တ
ပြန်မရနိုင်တော့ဘူးဆိုတဲ့အသိနဲ့ 
ငါ့လက်တစ်ဖက်ကိုပြန်ထိုးထဲ့ပေးထားရတယ်။
အတွေ့ တော့မတူပေမယ့်လည်း…….
ခံစားရမှုအလုံးစုံကိုသက်သာလို့ သက်သာငြားပါ။

အထီးကျန်ခြင်းမျိုးကိုမသိဘူး……
မင်းပေးခဲ့တဲ့အသိတွေနဲ့ ငါရှေ့ဆက်နေတယ်…..။
အမှောင်ကိုမတိုးမိအောင်သတိမူတယ်
အလင်းကိုတော့မင်းရှိနေတုန်းကလို
ငါရှာမတွေ့ ခဲ့တာအမှန်ပါချစ်သူ……။
မင်းကိုပြန်လည်မတပ်မက်တော့ဘူး
မင်းငါ့ဆီကိုပြန်လာပေးပါ………။
မနေ့ တုန်းကလိုပဲ
ဘာမှန်းမသိတဲ့ဂယက်တွေနဲ့ 
ငါ့စိတ်တွေလွန်ဆွဲ
ငါ့နှုတ်တွေဆွံ့ အ နေဆဲ……..။

ခုတော့လည်း
မီးရောင်ခပ်ရေးရေးနဲ့ 
အမှောင်ခန်းကျဉ်းကျဉ်းလေးမှာ
ငါကဗျာတွေရေးတတ်နေပြီ
မင်းမရှိတော့လည်း
သူနဲ့ ငါနှစ်ယောက်ထဲ
မင်းအကြောင်းတွေပြောရင်း…..ပြောရင်းနဲ့ 

Read more...

အရောင်မဲ့အလွမ်း

Tuesday, August 18, 2009

ဘ၀မှာခံစားဖူးတဲ့အရာတစ်ခုက
လူတိုင်းအတွက်လောကဓံတဲ့……။
လူရယ်ဖြစ်စဘ၀ပေးတဲ့အသိက
သူငယ်ချင်းရယ်တဲ့………
လူအရွယ်မတိုင်ခင်ငါတို့ ပခုံးတွေ
တစ်သားတည်းရှိနေခဲ့တယ်လေ….။
ငါတို့ နှလုံးသားတွေဖြူစင်စွာစတေးလို့ 
တစ်ယောက်လက်ကိုတစ်ယောက်ကဆွဲ
လောကလမ်းတွေအပေါ်မှာ
ဘာမထီတေးသွားတစ်ပုဒ်ကိုသံပြိုင်ရွတ်ကြ
သူငယ်ချင်း……
ငါတို့ သိပ်ကိုပျော်ရွှင်ခဲ့ဖူးပါတယ်……။

လူရယ်အသိကငါတို့ ကိုဘ၀အမောတွေနဲ့ 
အတွေးနက်နက်တွေကိုပေးလိုက်တယ်။
ချောက်နက်နက်ကထိုးစရာတံတားမဲ့လို့ 
ငါတို့ တတွေကိုကြိုဆိုနေတယ်…….။
ငါတို့ လေ……
တစ်ယောက်ကျောတွေတစ်ယောက်ခင်းလို့ 
အလုအယက်တက်နင်းခိုင်းတာမှတ်မိသေးတယ်။
သံယောဇဉ်နဲ့ ခိုင်ခံ့မာကျောတဲ့ချစ်ခြင်းတရားက
စိတ်တွေကိုဒီလိုလောင်းထပ်ကာထားခဲ့မှတော့
သေပွဲဆိုတာငါတို့ ရဲရဲဝင်စရာအပေါက်တစ်ခုပေါ့။

ငါတို့ ရဲ့လောကဓံက
တစ်ယောက်တမျိုးစီနဲ့ မျက်ရည်စို့ စေတဲ့အခါ
ငယ်သူအားမနည်းရအောင်ဖေးမမှုတစ်ခုနဲ့ 
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ 
အတူတူငိုကြွေးခဲ့ကြတာမှတ်မိသေးတယ်။
သိပ်ကိုချစ်စရာကောင်းခဲ့တဲ့ငါတို့ ရဲ့အဖြူရောင်တွေ
နောက်နောင်မပျောက်ရလေအောင်
ရင်မှာတိုက်ပိတ်လို့ သိမ်းကာစည်းမယ်…….။
ငါတို့ သွေးတွေအတူလည်ပတ်ခဲ့တုန်းကပေါ့
တစ်ယောက်ကိုတစ်ယောက်သွန်သင်ခဲ့တဲ့
ငါတို့ ရဲ့သွေးစည်းမှုတွေပြန်လိုချင်တယ်။

ငါတို့ လက်တွေသွေးထားကြတယ်…….။
စည်းဆိုတာဖောက်တဲ့သူကိုနားသွင်းစေ
တယုတယနဲ့ ငါတို့ တတွေသင်ယူလို့ 
ငါတို့ လက်တွေကအချင်းချင်းဆုပ်ကိုင်
ငါတို့ ကြားကပေါက်ပင်တွေကိုရှင်းလင်း
အချိန်ရဲ့တန်ဖိုးကိုငါတို့ အတူမျှဝေလို့ 
တစ်ခွက်တစ်ဖလားမော့လိုက်ကြစို့ 
သူငယ်ချင်း…….
ပြီးတဲ့အခါသီချင်းလေးငြီးရင်း
ဘ၀အမောတွေအတွက်မခံမရပ်နိုင်တဲ့
ငါတို့ ရဲ့တိတ်တိတ်ပုန်းမျက်ရည်တွေကို
ငယ်ငယ်ကလိုမဟုတ်တဲ့မီးရောင်စုံတွေကြား
ပြိုင်တူသွန်မှောက်ကာငါတို့ လက်တွေချင်း
မြဲစွာဆုပ်ကိုင်လို့ လူရယ်သိစက
ငါတို့ ရဲ့ကိုယ်ပိုင်တေးသွားနဲ့ ကခုန်ကြမယ်။

အိမ်ဆိုတဲ့မွမ်းကြပ်မှုဆီကို
မကြာခင်ငါတို့ ပြန်သွားကြရတော့မယ်။
ငါတို့ နှလုံးသားတွေအချင်းချင်းနားလည်ခဲ့တယ်
မျက်ရည်တို့ ပြန်လည်ဝဲရစ်လို့ 
ဘယ်ဆီမသိတဲ့ပြန်ဆုံခြင်းတစ်ခုအတွက်
ကြိုတင်မှန်းဆလို့ လွမ်းဆွတ်ကြည့်တယ်။
ငါတို့ လက်တွေကပိုမြဲလာသတဲ့သူငယ်ချင်းရေ……
တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းက
ဦးစားပေးမှုတစ်ခုနဲ့ မင်းလှည့်မကြည့်ပါနဲ့ 
သူငယ်ချင်းရေ…….
မျက်ရည်ကိုယ်စီနဲ့ အကြည့်ဝဲ၀ဲတွေကိုမြင်ယောင်
အတိတ်ရဲ့သံယောဇဉ်အနှောင်အဖွဲ့ တွေကြား
ငါတို့ တတွေပြိုင်တူလှည့်ကြည့်လိုက်ကြတယ်…..။

Read more...

ငါဌာန်းတဲ့မူခွဲတစ်ခု

Sunday, August 16, 2009

ငါ့ကိုယ်ငါခံယူချက်မူကွဲတစ်ခုနဲ့ 
လမ်းလျှောက်တဲ့သူလို့ ထင်ခဲ့ပေမယ့်
တကယ်တော့……
ရပ်တည်စရာဆိုတာဟာ
ငါ့ကိုယ်ငါအတွက်
ငါ့ခြေထောက်တောင်မဖြစ်ခဲ့ဖူးဘူး။

ငါ့အသိနဲ့ အမြင်တစ်ခုက
ကိုယ်ကျင့်တရားဆိုတဲ့အရာဟာ
လူလိုအကောင်လိုက်မဟုတ်တဲ့
စိတ္တဇကောင်တစ်ကောင်…….
လက်ဆုပ်လက်ကိုင်မရှိတဲ့ငါ့အတွက်
ငါ့မှာရှိတဲ့တစ်ခုတည်းသောဖြောင့်ချက်က
ငါဆိုတာကိုယ့်ကိုယ်ကိုတောင်
အထင်ကြီးစရာတွေကိုရိုက်သတ်ထားတယ်။
သေကြကြေကြပလေ့စေပေါ့…..

အတ္တနဲ့ ရှင်သန်ရတဲ့ဘ၀တွေ
ငါ့အတွက်တော့…..ငါ့ကိုယ်ငါ
ချော်ရည်ပူထဲတွန်းတွန်းချနေရသလို
ဘ၀ကိုကိုယ်တိုင်ကိုယ်ကျလောင်ကျွမ်းတယ်။
မရွာတဲ့မိုးနဲ့ ကိုယ်လက်သန့် စင်ခဲ့တာဟာ
လူတွေမြင်သာအောင်ရူးပြခဲ့တာပါ…….။
ခဏတဖြုတ်သူရူးတစ်ယောက်လိုနေခဲ့တာနဲ့ 
အဖြည့်ခံဖြစ်သွားရောသတဲ့လား……..။

မာနတွေကိုတော့
ခဏခဏဖြုတ်သိမ်းဖြစ်နေတယ်…..။
သတ်ပစ်သင့်တဲ့နေရာရောက်တဲ့အခါ
ဓားတစ်ချောင်းကောက်ရပါစေလို့ 
ငါဆုတောင်းမယ်…….။

လောကမှာပျော်စရာတွေခမ်းခြောက်ခဲ့ရင်
ပလို့ ဂျိတေးသွားတစ်ပုဒ်နဲ့ 
ငါ့ကိုယ်ငါ ကခုန်စေမယ်…….။
မာရဏလမ်းတစ်လျှောက်မှာ
ငါ့နာမည်ပေါ်နေပြီဆိုရင်တော့
ငါဟာတစ်ခုတည်းသောအရာကို
မြင်ယောင်တွေးဆနေမယ်……။
အဲ့ဒါဟာ…….
ငါ့လက်နဲ့ တို့ ထိခဲ့တဲ့ကဗျာတွေပေါ့။

နံနက်ခင်းမှာပါလာတဲ့အလင်းသစ်တို့ က
အတင်းဖျင်းပြောသူတွေကို
သူတို့ ကိုယ်သူတို့ သတ်သေစေတယ်။
အမှတ်မဲ့စွာနဲ့ နေခဲ့မိလို့ လား……
ငါ့အာရုံတွေရဲ့ခင်းကျင်းမှုတစ်ခုက
ဖြူစင်ပါးလွှာတဲ့အမှေးပါးတွေနဲ့ 
ငါ့ကိုယ်ကျင့်တွေကိုငါထိမ်းစောင့်တယ်။

အရောင်ဆိုးတဲ့ပါတ်ဝန်းကျင်ရေ…..
ကြားနိုင်ရင်တစ်ခုတော့နားထောင်ပေးပေါ့။
လရောင်ဆိုတာခွေးဟောင်လို့ နွမ်းသတဲ့လား
ဒီလိုသာဆိုခဲ့ရင်…..
ကမ္ဘာမှာလူတွေလရောင်ကိုငတ်မွတ်
အင်္ဂါဂြိုဟ်ပေါ်တစ်ပတ်ပတ်လို့ 
တူတူပုန်းတမ်းကစားတဲ့စတိုင်တစ်မျိုးနဲ့ 
လကိုစမ်းတ၀ါးဝါးလိုက်ရှာနေရော့မယ်။

လူတွေမမြင်ချင်တဲ့ငါ့ကိုယ်ငါ……..
သိုဝှက်ထားဖို့ နေရာတစ်ခုလိုက်ရှာနေတယ်။
ငါ့ကိုယ်ငါအာမခံချက်တစ်ခုနဲ့ ပျောက်ကွယ်ချင်လို့ ။
မင်းတို့ ငါ့ကိုမမြင်စေရတော့ပါဘူး……..။
နောက်ကွယ်ကကန့် သတ်ချက်တစ်ခုက
မင်းတို့ ကဗျာတွေမဖတ်ကြနဲ့ တော့……
ဖတ်မိရင်တော့ငါနဲ့ မဆုံဖို့ တာဝန်မယူဘူးလေ……။
ဒါပေမယ့်….ခုမင်းဖတ်နေတာငါရေးတဲ့ကဗျာ……….။

Read more...

နောက်ဆုံးသောကြာ......

Sunday, August 9, 2009

ဘ၀ကိုကကမ်းပါးဆန်နေလိုက်တာ
တစ်စတစ်စနဲ့ဖြိုချခံနေရတဲ့
ငါ့ရဲ့မျှော်လင်ရခြင်း ကွင်းပြင်ကြီး
အခုတော့လွင့်ပါးသွားပြီ.....
ဘယ်လိုသံယောဇဉ်မျိုးနဲ့လိုက်ဖမ်းရင်ရနိုင်မလဲ..
မသွားပါနဲ့မပြောဖြစ်ခဲတဲ့တိတ်ဆိတ်နှုတ်ခမ်းအစုံ
ကိုယ့်ရှေ့ကအနက်ထည်လမ်းမကြိး
မိုးစက်တွေလား မျက်ရည်တွေလား
ကွဲကွဲပြားပြားနားမလည်လိုက်ခင်
သူရဲ့အပါးကထွက်ခွာလာခဲ့တယ်
ကျန်ရစ်ခဲ့ရတာလား
ကိုယ်ကိုယ်တိုင်က ချန်နေခဲ့တာလား
မြတ်နိုးခွင့်မရှိတော့ပေမယ့်
လွမ်းတယ် ချစ်သူ.........
တကယ်တမ်းကျတော့
ဖန်တီးခွင့်မရဆုံနိုင်ခွင့်မရနဲ့ နောက်ဆုံးတော့
ခွဲခွာခြင်းဆိုတဲ့စကားစုကသာ
ငါ့သံယောဇဉ်တွေကို ရူးသွပ်မှုတစ်ခုအဖြစ်
တန်ဖိုးဖြတ်သွားမှာပါ....
တစ်ခုပဲရှိတယ်.
နတ်ခတ်တွေမှားယွင်းခဲ့ကြတာ
ငါ့ရင်ဘတ်ထဲက သယံဇာတတွေ
သူမရိပ်မိလိုက်ဘူး.......
p.s ကျနော့်အစ်မလိုသဘောထားရတဲ့အစ်မနွေး(ပြည်)ရဲ့ကဗျာလေးပါ။

Read more...

ငါ............

ငါ….
ငါဟာလူနဲ့ မလိုက်တဲ့မာနကောင်တစ်ကောင်
ငါ….
ငါဟာငါနဲ့ မထိုက်တဲ့ငါ့နှလုံးသားကိုပိုင်တဲ့ကောင်
ငါ….
ငါဟာသူတစ်ပါးအတွက်မီးအိမ်တစ်လုံးကိုထွန်းညှိပေးတဲ့ကောင်
ငါ….
ငါဟာ
ငါဟာငါ့ကိုယ်ကိုယ်သေမင်းမျက်စိနောက်အောင်ပြုတဲ့ကောင်
ငါ….
ငါဟာချစ်သူစွန့် ပစ်ခြင်းကိုအလေးမမှုတတ်တဲ့ကောင်
ငါဟာမချစ်တတ်တဲ့နှလုံးသားအသေနဲ့ လမ်းလျှောက်တဲ့ကောင်
ငါဟာချစ်သူကိုအောက်ကျရမှာဝန်လေးမိတဲ့ကောင်ပေါ့
ငါ့မာနအတွက်တော့မင်းလက်ကိုဖမ်းဆုပ်မယ်လို့ မထင်နဲ့ 
မင်းလဲကျတဲ့အခါမတော့ငါ့လက်ကအသင့်ပေးကမ်းလိမ့်မယ်
ငါ့မာနရဲ့အတ္တကငါ့ကိုပြန်သတ်တဲ့အခါ
ငါဟာအဖန်ငါးရာသေဖို့ အသင့်ရှိနေတတ်တဲ့ကောင်
ငါဟာလူတွေကြားထဲနေရမှာကိုဝန်လေးတတ်တဲ့ကောင်
ငါ…
ငါဟာ….
ငါ့ကိုယ်ငါလူဖြစ်နေခြင်းအတွက်
တခါတခါငါ့ကိုယ်ငါပြန်ကြောက်တတ်တဲ့ကောင်ပေါ့။
အဲ့ဒီ့ကောင်ကငါ.....။

Read more...

နေလောင်သွားတဲ့ည

Tuesday, August 4, 2009

ငါဆိုတဲ့လူတစ်ယောက်
ငါပါပဲ…….
အယူဆတစ်ခုနဲ့ လမ်းလျှောက်ဖြစ်တယ်
မျဉ်းတွေကောက်တာကိုလူလုပ်တာတဲ့
အစကတည်းကဖြောင့်ခဲ့ရင်
ဓာတ်လိုက်တဲ့ညတွေဆိုတာ
အိပ်မက်မှာတောင်အေးခဲကြမှာမဟုတ်ဘူး
အဲ့လိုပဲ….
အတွေးပေါင်းမရေတွက်နိုင်အောင်တွေးတယ်
ဖလော်အမြင်အရကြည့်မယ်ဆိုရင်မနက်ဖြန်က
သေဆုံးခြင်းပေါင်းများစွာရဲ့အတိတ်ကအရိပ်ပေါ့
ရေတခွက်လောက်နဲ့ အာသာပြေခဲ့ရတဲ့ငါ
ခုတော့…..
သွေးတစ်စက်ရဲ့ခွန်အားဖြစ်မှုကိုသိလာတယ်
တွေးတတ်လာတာဖြစ်မယ်………
ဟုတ်တယ်….
ငါတွေးတတ်လာတယ်။
ငါတွေးနေကျအတွေးတစ်ခုက
ကမ္ဘာမြေပေါ်ကလူသတ်ပွဲတွေ
အရှင်လတ်လတ်မြေမြုပ်သဂြိုဟ်မှုများစွာ
ဂြိုဟ်သားများရဲ့ကမ္ဘာကိုဖျက်စီးတိုက်ခိုက်ခြင်း
နောက်ဆုံး…….
မခံမရပ်နိုင်တဲ့ငါ့ကိုယ်ငါသတ်ဖြတ်ခြင်းများစွာ
အဲ့လိုငါတွေးတတ်နေခဲ့ပြီလေ။
ငါ့အတွေးတွေထဲငါပျံဝဲနေခဲ့တာ
ဆယ်စုနှစ်တွေကိုအရည်ပျော်သွားစေခဲ့တယ်။
သြော်…..
လူတွေ
လူတွေ
တိုက်ပွဲတွေ
လူသတ်ပွဲတွေ
ဘ၀ပေါင်းများစွာစတေးလိုက်ကြတယ်။
အမည်နာမတစ်ခုကိုနံရံမှာအလှချိတ်ခဲ့ဖို့ 
မနေမနားသေဖို့ ကြိုးစားနေကြတာပဲ……။
နောက်ဆုံးမှာ
သေခြင်တရားဟာအလှူတစ်ခုဖြစ်လာမယ်။
ငရဲဟာအသက်ရှင်ခြင်းထက်လှပလာနိုင်တယ်လေ။
လူတွေ…….
သူတို့ မုသားကိုဝတ်ရုံတစ်ခုလိုတန်ဖိုးထည့်ကြမယ်
အမှန်တရားတွေမရှိတော့တဲ့လူသတ်ကွင်းတစ်ခုမှာ
ဓားတစ်ချောင်းပျောက်ရှလို့ ချွေးပြန်နေတဲ့ငါ……
သွေးဆာတဲ့အကြည့်နဲ့ ကျားရဲတွေကြားမှာ
ငါ့ကိုယ်ငါသတ်သေဖို့ တွန့် ဆုတ်နေမိတယ်။
အရှုံးကိုခံယူဖို့ အသင့်မဖြစ်သေးတဲ့ငါ့လက်တွေက
အိမ်ပြန်ချိန်တစ်ခုကိုတောင့်တမိတယ်……
အမည်ခံတစ်ခုနဲ့ ချိုမြိုန်မှုတစ်ခုကို
ငါရွံရှာစက်ဆုပ်နေတတ်ပြီ……
ဒါကြောင့်လည်း
အထီးကျန်ခြင်းများစွာနဲ့ ငါ့ဗီဇတစ်ခုကိုမွေးဖွားတယ်
ငါမလိုလားတဲ့ကြောက့် ရွံခြင်းတွေပါလာမှတော့
မသေမချင်းနင်းသတ်ပစ်လိုက်ရုံပေါ့…….
ငါ့ရဲ့စိတ်ကုန်ခြင်းများစွာက
လောကကိုရှေ့ဆက်မတိုးချင်လောက်အောင်
ငါ့ဘ၀မှာငါ့ကိုယ်ငါတစ်ခုခုနဲ့ အစားထိုးချင်လာပြီ
ရိုက်ချိုးခံထားရတဲ့ငါ့ရင်ဘတ်တွေနဲ့ 
ပုပ်အက်နေတဲ့အတွေးအစုံလိုက်တွေ
မူလီတွေလိုတစ်လုံးခြင်းဖြုတ်လဲပစ်လိုက်ချင်မိတယ်။

Read more...

လက်ပါးစေဘဝ

မနက်ခင်းမှာသခင်မအတွက်ပန်းတွေပွင့်ဝေတယ်
ပန်းတွေပွင့်တဲ့မနက်ခင်းမှာပဲနေခြည်ကဆမ်းလို့ 
သခင်မရဲ့နံနက်စာကိုအဆင်ပြေစွာနဲ့ 
ခွင့်မတောင်းဘဲစားသုံးနိုင်တယ်……
သခင်နင်းမယ့်လမ်းမှာအကျွန့် ကျောပြင်ဟာ
ခြေနင်းတော်တစ်ခုသဖွယ်ဝပ်တွားနေတယ်….။
သခင်ခွင့်မတောင်းဘဲဖြတ်လျှောက်တော်မူပါ
အကျွန်ဆက်သစွာသောသစ္စာရနံ့ နဲ့ ပန်းတစ်ပွင့်ကို
သခင်မအားနမ်းရှိုက်စေဖို့ အလို့ ဌာ
အကျွန်ခွင့်တောင်းပါရစေသခင်……..။

အကြင်နာနဲ့ ယက်လုပ်သောပိုးဝတ်ရုံတစ်စုံ
သခင်မအားအကျွန်ဆက်သလိုသည်……..
မေတ္တာဖြင့်အတိပြီးသောအကျွန့် နှလုံးရှင်ရှင်ကို
သခင်မအသုံးတော်ခံအဖြစ်သတ်မှတ်လိုက်သည်…။
နှလုံးသွေးတို့ ကိုခြေဆေးတော်လက်သို့ မရောက်မှီ
အကျွန်သည်သခင်မအားချစ်ခွင့်ပန်မည်……..။
စည်းချက်မမှန်စွာထွက်ကျသောအကျွန့် ချစ်စကားများ
သခင်မနားဝင်ဖြောင့်စေရန်အကျွန်ရွတ်ဆိုလိုက်သည်။
အကျွန့် နှလုံးတွင်သက်ဝင်ကြသောချစ်စိတ်တို့ မည်သည်
ရုန်းကြွလူလွန့် လတံ့ကုန်သောလူတို့ အချစ်တွင်
ဇဗ္မူတခွင်၏ပေးဆပ်အချစ်များ၌အထွဋ်အထိပ်ပင်ဖြစ်သည်။
သခင်မ၏လက်ပါးစေအချစ်ကျေးကျွန်ဖြစ်ခွင့်အတွက်
သခင်မရှေ့တွင်အကျွန်ဒူးထောက်ခစားရောက်ရှိနေပေပြီ။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP