လေပြေ Poetry. Powered by Blogger.

အတွေးတစ်စ

Saturday, May 23, 2009

ချစ်သူ….
ဘ၀တွေမှာလှမ်းကွာတိုင်း
မင်းပေးတဲ့အလွမ်းတွေက
ငါကိုယ်ငါသတ်သေတဲ့အခါ
နှလုံးသားတော့ပေးခဲ့ချင်တယ်။

ချစ်သူ….
ရှင်သန်နိုင်မယ့်အချစ်တခုနဲ့ 
မင်းကိုသာအပိုင်ရမယ်ဆိုရင်
နှင်းဆီပွင့်ဖတ်တွေစီချယ်တဲ့ငါ့အနမ်းက
မင်းရဲ့မျက်နှာသုတ်ပုဝါလေးဖြစ်ချင်တယ်။

ချစ်သူ….
မင်းသာငါ့အနားကထွက်မသွားခဲ့ရင်
ငါ့နှလုံးသားအသက်မရှူပဲနေမှာလား။
မင်းထံခိုလှူံချင်သူဟာကိုယ်ပါ….။
ငါယဉ်ခဲ့တဲ့စိတ်ကူးမှာတော့
မင်းပြန်ရောက်လာတယ်လေ……။

Read more...

အသိနဲ့ သတိ

Saturday, May 16, 2009

ညည့်နက်ပြီလား ကြည့်လိုက်တော့
ညည့်နက်ဖို. နည်းနည်းလိုသေးတယ်…
ကြည့်စမ်း
အခု အချိန်အထိမင်းအကြောင်းတွေးနေမိပါရောလား…
ငါတက်တဲ့ လှေခါးထစ်တိုင်းမှာ…..
အထစ်အငေါ့လေးတွေရှိတိုင်း
မင်း ကူညီလမ်းပြပေးခဲ့ပြီးတော့
အခုကျမှ မသိသလို
သူစိမ်းတရံ ဆန်ဆန် ရွှန်းရွှန်းစားစားကြီး ကြည့်နေတော့
ငါများမှားနေပြီလား ထင်မိတယ်…
အခု ငါ့နှလုံးသားဗရပွကို လိုက်ကောက်ရတာ
တကယ်မလွယ်ဘူးကွ….
နှစ်သိမ့်မယ့်သူကလည်း မရှိ
ဖြေားင်ဖျမယ့်သူကလည်းမရှိနဲ့ ….
မီးကလည်း ပျက်နေတော့..
ကျေးဇူးရှင် ဖယောင်းတိုင်ကိုပဲ အားပြုပြီး..
ဒီစာတွေချရေးမိတာပါ….
ဂစ်တာအိုကို ကောက်ကိုင်လိုက်တော့ ကြိုးကပျက်နေသေး
ဒါနဲ. မထူးပါဘူး
ဝီစကီနှစ်ပက် ပါးစပ်ထဲ ပစ်ထည့်မြိုချ
အိပ်လိုက်တော့မယ်……….
အဲ…နေဦး ဘုရားရှိခိုးရဦးမယ်
ဘုရားမှတပါး ကိုးကွယ်ရာမရှိပါလား..
ဟရို့ ….။

မှတ်ချက်…….။
ကျနော့်သူငယ်ချင်းဆီကရခဲ့တဲ့ကဗျာလေးတပုဒ်ပါ။
ခေါင်းစဉ်မပါလို့ ကျနော်ပဲတပ်ပေးလိုက်ပါတယ်…..။မည်သူ့ မူပိုင်မှန်းမသိပါ

Read more...

စဉ်းစားခန်း…….။

ကံကြမ္မာလားဂျိုဟ်ဆိုးလား……?
ဘာလဲ…….
ဘာကိုဝေခွဲရမှာလဲ…..
ငါကရောဘာမို့ လို့ လဲ…….။
မင်းကတော့လူမဟုတ်လား…….?

အသက်ရှင်ရတာပင်ပန်းလား……?
အသက်ရှူရတာကောဝရဲ့လား……?
ပင်လယ်တွေရှိသေးလား……..?
ရေတွေရောဘယ်ခွက်ထဲမှာလဲ…….?

အိမ်ပေါ်ကငုံ့ ကြည့်တယ်…..
အဖွားအိုစပါးလုံးရွေးနေတယ်…..
ငါ့မျက်လုံးထဲမှာညကောင်းကင်လိုပဲ….
နေလဲထွက်နေပါရဲ့နဲ့ ……..။

လပြည့်ဝန်းကြီးဘယ်ရောက်သွားလဲ…..
သူတို့ မွေးနေ့ ကိတ်မရှိလို့ ထင်တယ်….။
စဉ်းစားရင်းနဲ့ အေးစိမ့်လာသလိုပဲ…..
ခုမှငုံ့ ကြည့်မိတယ်ထင်တယ်……..။
ဒုက္ခ…..
ငါ့ပုဆိုးဘယ်သူယူသွားလဲဟ……..?

Read more...

ဖြေပါ……။

ချစ်သူရယ်……..
နေရောင်ပျောက်တွေမထိုးတဲ့ကောင်းကင်အောက်
ဘ၀ဟောင်းကိုပြင်ချိန်ရောက်ခဲ့ပြီလေ………။
နှလုံးသားတဖြစ်လည်းအရှူံးသမားကိုယ်ဟာ
မင်းရှိရာပြန်ခဲ့ဖို့ ကြံစည်နေခဲ့မိတယ်ကွာ။

အရွယ်ရောက်ချိန်ထိန်းခဲ့တဲ့ပန်းတပွင့်ဟာ
ခူသူဦးသွားတဲ့အဖြစ်နဲ့ ငါ့ရဲ့နောင်တတွေပွေ့ ပိုက်လို့ 
မင်းမရှိတဲ့ကောင်းကင်အောက်ငါလျှောက်မယ်……။
နေရောင်ပျောက်ရင်လမင်းရှိတယ်…….။
တယောက်တည်းရှိတဲ့ငါ့ရင်မှာမင်းသာ
ငါ့ရဲ့နတ်သမီး…………..။

ပန်းတွေရဲ့ငုံချိန်ဟာပွင့်ချိန်နဲ့ ရက်ပိုင်းသာခြားတယ်။
ငါ့အချစ်ရဲ့မေတ္တာကသစ္စာနဲ့ ထပ်တူကျခဲ့တယ်……။
ငါ့နတ်သမီးမင်းကခေါင်းလွှဲခဲ့တယ်မလား……။
နေချင်သလိုနေခဲ့တဲ့ငါ့ဘ၀ကမင်းအတွက်တော့
နာကျင်စေတယ်မဟုတ်လားချစ်သူရယ်…………။

နေခြည်ဝင်းသလိုလက်ခနဲပါပဲ……
ဖုန်ထူတဲ့ငါ့ဘ၀ကိုမင်းမလျှောက်ရဲတာမဆန်းဘူး။
ရွှေချည်ဆွဲရာကတဲ့ငါ့ဘ၀ကိုမင်းကနှစ်သက်မလား။
ပြင်ဆင်ချိန်တွေရခဲ့ပေမယ့်ကျိတ်ဖြေခဲ့ရတယ်
ကြုံလာမယ့်အခက်ခဲတွေကနောင်သံသရာအမြစ်တွယ်
မင်းနဲ့ ဆုံဖို့ ခုဘ၀ဟာမဖြစ်နိုင်တော့ဘူးလားချစ်သူ…..။

Read more...

ကျဆုံးခွင့်

အချိန်ယန္တယားရဲ့ စက်ဝန်းက………
အချစ်တို့ ကိုပိုကာတိုးလို့ လူးကာလွန့် စေ။
မင်းအချစ်နဲ့ အသက်ဆက်ရတဲ့ငါ့အတွက်
ငါ့ပုခုံးထက်မှာတောက်ပလို့ နေပါချစ်ရသူ။

ဂုဏ်ပြုခြင်းလက်ဆောင်က
ကြယ်တာယာတို့ မီးတောက်ဖြင့်ကခုန်စေ။
လရောင်ရဲ့အလင်းကတာယာကိုခါချစေသတဲ့
ဒီညမှာမင်းနဲ့ ထာဝရဆုံရဖို့ ဆန္ဒပြုမယ်……။

စည်းဝါးမကိုက်တဲ့ဘ၀အမောတွေကြားမှာ
ငါ့အချစ်ကိုစားသုံးရင်းအသက်ရှင်ပါချစ်သူ။
လောကလမ်းတွေအလယ်မှာခက်ခဲခဲ့ရင်
ငါ့ပုခုံးကိုအားရအောင်မှီနွဲ့ ထားလိုက်ပါ……။

ငါ့အချစ်ကမင်းရင်ခွင်ထက်
လမသာလည်းညွတ်တွားလို့ ခယပါ့မယ်။
သြော်……ဘာလိုလိုနဲ့ 
ငါယုယခဲ့တဲ့မင်းကသုံးနှစ်စာရင့်ကျက်လာပြီ။
မင်းလက်များထံမှာကျဆုံးခွင့်ပေးပါလော့……။

Read more...

တောင့်တခြင်းများစွာဖြင့်

နောက်တခါမင်းနဲ့ ပြန်ဆုံဖို့ 
အက်ကြောင်းထပ်ပြီးသားဆင်ခြေနဲ့ 
စိတ်မနှံ့ သူတယောက်လိုတွေးဆလို့ 
မင်းနဲ့ ဆုံချင်စိတ်ကိုထိမ်းမရခဲ့ဘူးလေ။

ညစဉ်မင်းအနားရောက်ချင်နေတဲ့စိတ်က
ငါ့ကိုယ်ငါအဝေးကိုပြေးထွက်ဖို့ ကြိုးစား
အတူနေချင်တဲ့စိတ်ကပြန်တွေးတိုင်းမှာ
ရှိခဲ့ဘူးတဲ့အတိတ်ကိုကျေနပ်လို့ နေတယ်။

တော်သေးပါရဲ့ …………
ဖြေသိမ့်မဲ့သတိရစရာတွေကျန်ရစ်ခဲ့လို့ ပေါ့ ။
လွမ်းဆွတ်လို့ သတိရစရာတွေရခဲ့ရင်
ရင်မှာထာဝရအချစ်ကိုဆုဆောင်းရင်းက
မင်းဆီလှမ်းခဲ့ဖို့ ဝန်မလေးပါဘူးချစ်သူရယ်။

နင်ဟာငါ့ရဲ့ကမ္ဘာ…….
နင်ဟာငါ့ရဲ့အိပ်မက်တစ်ပုဒ်ဘဲချစ်သူ။
နင်သာငါ့နတ်သမီးတပါးဖြစ်ခဲ့မယ်ဆိုရင်
ငါဟာနင့်နတ်သားလေးဖြစ်ချင်မိပါကွယ်။
အချစ်စစ်ကိုသာပေးပါလော့နတ်မိမယ်။

Read more...

မင်းမလာတဲ့နေ

Friday, May 15, 2009

အထီးကျန်တဲ့အမှောင်ညတွေအတွက်
မှိန်ဖျော့ဖျော့အလင်းတိုင်ငယ်ကိုအမှီပြုရင်း
မင်းမရှိတဲ့တံခါးရွက်တွေကြားမှာတွေဝေလို့ 
မင်းပြန်လာမယ့်နေ့ ကိုရေတွက်ရင်းက
မျော်လင့်ချက်တွေပွေ့ ပိုက်ကာစောင့်နေမယ်။
ဒါပေမယ့်လည်းအရင်လိုပါပဲ……..ချစ်သူရယ်။
ငါ့မျက်နှာပေါ်သာနေခြည်တွေထိုးကျခဲ့တယ်
မင်းကရောက်လာခဲ့လို့ လားကွယ်…….။

မင်းလာမယ့်မိုးသောက်ယံတွေမှာ
အရံသင့်ဖြစ်ပြီးသားငါ့နံနက်စာတွေက
အရင်လိုပုတ်သိုးခဲ့ရတာချည်းပဲလေ….။
အိမ်ပြတင်းကတမ်းတမျော်နေရင်းကဘဲ
တခဏအတွင်းငါ့ပေါ်ထိုးကျတဲ့နေရောင်က
လရောင်အဖြစ်ပြောင်းသွားခဲ့ရပြန်ပြီ……။
အဲဒါတွေက………….
မင်းမသိခဲ့တဲ့နေ့ တိုင်းဖြစ်စဉ်တွေပဲချစ်သူ
နေ့ တိုင်းကိုလွမ်းမျော်ရင်းနဲ့ ကုန်လွန်ခဲ့တယ်
မင်းသိတဲ့အချိန်ရယ်ချင်ရယ်နေလိမ့်ဦးမယ်။
မင်းကိုလွမ်းရလွန်းလို့ ကြိတ်ငိုခဲ့ရတာ
နှလုံးသားကိုဆွဲညှစ်ထားသလားထင်ရတယ်။
ရင်နဲ့ မဆံ့အောင်သိပ်ချစ်ခဲ့ရပါတယ်ချစ်သူရယ်။

Read more...

ပြောချင်နေတဲ့……..

လကပြည့်ဖောင်းလို့ ပေါက်ထွက်မတတ်လှတယ်။
ငါ့ရင်ကကမ္ဘာကိုအငွေ့ ပျံလောက်အောင်ပူတယ်။
ရင်ခုန်သံတာကျိုးလို့ ပွင့်တော့
ကမန်းကတန်းကုန်းကောက်ခဲ့တဲ့နှလုံးသား
တော်ပါသေးရဲ့ …………….
ငါမင်းကိုလုံးဝလက်လွတ်ခဲ့ရတာမဟုတ်လို့ ။

မြို့ ပြရဲ့ မျက်စိနောက်စရာတွေကြားမှာ
မင်းကိုတွေ့ လို့ တွေ့ ငြားလိုက်ရှာမိပါသေးရဲ့ 
အလွမ်းတွေစိတ်ဖြေမရတုန်းက
ကြယ်တာရာတွေလက်ပခဲ့တာကို
နှစ်ဦးသားပြိုင်တူကြည့်လိုက်ခဲ့ရဘူးတယ်။

မင်းနဲ့ သာဝေးကွာပြီးမတွေ့ ဆုံရတော့ရင်
ယစ်ပလ္လင်ထက်ငါ့နှလုံးသားကိုပူဇော်လို့ 
သေသေကြေကြေအောင်ပွဲခံပြစ်မယ်…..။
အချစ်တွေတဖန်ရှင်သန်ထမြောက်စေဖို့ ......။

ညဥ့်နက်ပြီလားကြည့်လိုက်တော့
မမြင်ရအောင်ချစ်တယ်…….။
ဧဒင်ရဲ့ နိယာမကိုကျင့်သုံးလို့ 
သေတပန်သက်တဆုံး
တို့ နှစ်ဦးချစ်ကြမယ်……ချစ်သူ……။

Read more...

အခွင့်သာရှိခဲ့ရင်……….။

ချစ်သူ………
မမြင်ကြုံမထင်မှတ်ဘဲဆုံခဲ့ကြပေမယ့်
ချိုသာတဲ့အသံတွေကြောင့်ယစ်မူးခဲ့တယ်
အဲ့ဒီ့အသံတွေကြောင့်ဘဲ…….
အကို့ အချစ်တွေမင်းအတွက်ဖြစ်ခဲ့တာ

ဒါပေမယ့်ချစ်သူရယ်……..
ဝေးကွာခြင်းကရင်ကိုပူလောင်တယ်
မင်းအသံတွေမကြားတဲ့အခိုက်တံ့မှာ
တခြားရင်ခွင်မှာပျော်နေမှာစိုးတယ်
နေ့ ညတိုင်းစိုးစိတ်ကဖျောက်မရဘူး

သတိရတဲ့အခါမင်းနာမည်လေးကို
ဘာမှန်းမသိရေရွှတ်မိရင်းရင်ခုန်ရတယ်
တစ်နှစ်တခါသာကြုံခွင့်ရှိမယ့်အချိန်ကို
ဘယ်အခါမှမကုန်ဆုံးချင်ဘူးချစ်သူရယ်
သိပ်ချစ်ခဲ့ဖူးတဲ့အတွက်ပါ…….။

အိပ်ရေးပျက်တဲ့ညတွေလည်း
မင်းကြောင့်ဘဲလေ…..
ကိုယ့်အတွက်သန်းခေါင်ယံနတ်သမီး။

Read more...

စွမ်းနိုင်မတဲ့လား……..?

တနေ့ မှာခွဲကြမှာသိပေမယ့်လည်း
ရှိနေတဲ့အခိုက်အကြင်နာတွေပိုသာ
ညင်သာစွာနမ်းရှိုက်ခြင်းက
ငါ့ရင်ကိုနွေးစေသတဲ့လား……..။

နုးညံ့တဲ့နှုတ်ခမ်းတွေနဲ့ 
ပါးပြင်ကိုနမ်းလိုက်တိုင်းမွှေးပျံ့ပံျ့နဲ့ 
ရင်ခုန်စေတဲ့သနပ်ခါးနံ့ တွေက
ငါ့နှုတ်ခမ်းကိုနောက်တခါဖိတ်ခေါ်လို့ 

နှစ်ကိုတူအလွမ်းကိုဖြေဖျောက်ဖို့ ရာ
ကြည်နှူးတဲ့နေ့ ရက်တွေပြန်တွေးရင်း
ဘုရားသခင်ထံဆုပန်မယ်
နှလုံးသားချင်းဆုံဆည်းဖို့ ရာ…….။

ဝေးပေမယ့်ချစ်စိတ်ကအသံလို
တဦးနဲ့ တဦးဖက်တွယ်လို့ တုပ်နှောင်
သံယောဇဉ်တွေအစာတပ်ရင်းကဘဲ
ခွဲမရအောင်ချစ်တဲ့တို့ နှစ်ဦး……။

အချစ်ကဖန်တီးတဲ့အလွမ်းနဲ့ 
သံယောဇဉ်ကဖန်တီးတဲ့မေတ္တာ
မင်းနဲ့ ကိုယ့်ကိုဝေးကွာအောင်
ဘယ်အရာကစွမ်းနိုင်ပါ့မလဲနော်…….။

Read more...

ရပ်နေတဲ့ငါ……..။

ရောင်နီကမမြင်အောင်ပျို့ တယ်
ငွေစန္ဒာကလျို့ဝှက်လို့ ပုန်းပြန်တယ်
ငါ့မှာတော့လွမ်းရတာနှစ်တွေလတွေ
မင်းနဲ့ ဆုံပါ့မလားလို့ ထပ်ထပ်တွေးရင်း
ဘ၀ကိုအားကျမခံဖြတ်သန်းလို့ ရှေ့ဆက်
ဆူးညှောင့်လဲ ဂရုမစိုက်ဘဲနင်းဘဲနင်းဖြတ်
ငါဘ၀မှာနင်ရှိနေရင်ပြီးရောပေါ့ကွယ်…….။

လောကအတွက်သုံးမရတဲ့ငါ့အနားမှာ
နင်ရှိနေပေးခဲ့တာငါ့အတွက်တော့
ကောင်းကင်တစ်ခွင်အပိုင်စားရတဲ့
စန္ဒာငွေလမင်းကြီးလိုပဲပေါ့ကွယ်……။
မင်းအချစ်တွေကိုထွေးပိုက်လို့ ထားမယ်
အသက်ထက်ဆုံးထိယုယခွင့်ရှိခဲ့ရင်ပေါ့။

မြတ်နိုးလို့ ချစ်ခွင့်ရှိရင်
ငါဆုတောင်းရင်းမင်းအနားပြေးလာမယ်
ပြုံးတတ်တဲ့ချစ်မျက်လုံးတွေကြောင့်
ငါ့အနားမင်းရှိဖို့ အမြဲလိုအပ်တယ်အချစ်
မနက်ဖြန်ရဲ့ ငါ့ဆန္ဒတစ်စုံကမင်းရှေ့မှောက်
ချစ်ခွင့်ပန်ရင်းခစားဖို့ ထက်မပိုပါဘူးချစ်သူ…..။

Read more...

ပုံတွေလားကွယ်………။

မိုးသားကမဲမှောင်လို့ နက်တယ်
ကောင်းကင်တမန်လင်းလက်ကြယ်နဲ့ 
လမင်းကပြည့်ပြည့်ဖြိုးရယ်ပေါ့……….။
သူတို့ ပျော်နေကြတယ်ထင်ပါရဲ့ နော်……

ငါ့မှာတော့မီးမှောင်ချတဲ့အခန်းကျဉ်းထဲမှာ
ဘာမှမမြင်ရအောင်ချစ်သူကိုလွမ်းတယ်….။
ပျော်ခဲ့တဲ့အတိတ်ကိုတမ်းတရင်းက
ငါအရမ်းလွမ်းရပါတယ်ချစ်သူ…………။
ဘယ်တော့များမင်းပြန်လာမလဲလို့ ပေါ့…..။

ငါ့အတွက်တော့မင်းပေးတဲ့အချစ်ညတွေက
အာရုံကိုနှိုးဆွလို့ သတိရခြင်းကိုဖေးမစေတယ်
ငါ့အခန်းမှာတော့ဘယ်လသာပါလိမ့်မလဲကွယ်
နှင်းတွေလည်းမကျပါဘူးချစ်သူရယ်……….။

မင်းငါ့ကိုအချစ်ပုံပြင်တွေပြောပြခဲ့တယ်
အခုတော့မင်းနဲ့ ငါ့ကြားကာဆီးလို့ ထားတာ
အလွမ်းတွေပဲမဟုတ်လားကွယ်………….။
နောက်ဆုံးတော့မင်းလည်းပုံပြင်ထဲကလိုပါပဲ….။

Read more...

ပျိုးခ

ငါ့ရဲ့ စိတ်ဝိညဉ်ဟာနင့်ကိုချစ်ခဲ့တယ်
ဘယ်တော့မှမသေဆုံးတဲ့အချစ်နဲ့ ပေါ့
ငါ့ရဲ့ ခံစားချက်တွေကိုနင်မသိတဲ့အဆုံး
ငါမေ့ပျောက်ဖို့ ကြိုးစားရင်းဖြတ်သန်းတယ်
ငါအဆုံးထိမလျှောက်လှမ်းနိုင်ခဲ့ပါဘူး…..။

နင်နဲ့ ပက်သက်ရာတွေကြုံတိုင်းမှာ
နင့်နာမည်ကိုငါရေရွတ်တယ်…….။
ဘ၀အခက်ခဲတွေကြုံတိုင်းမှာ
နင့်ကိုငါ့အနားရှိစေချင်မိတယ်……။

ငါနင့်ကိုပိုချစ်နိုင်ဖို့ အမြဲဆုပန်သလို
နင်လည်းငါ့ကိုမုန်းဖို့ ဆုမတောင်းပါနဲ့ 
ပန်းတွေပွင့်ဖို့ ရာရေလောင်းပေါင်းသင်ရသလို
ဥယျာဉ်မှူးပျော်ရွှင်ဖို့ အတွက်လည်း
ပန်းကလေးတွေပွင့်ပေးသင့်ပါတယ်နော်……။

Read more...

တငွေ့ ငွေ့ နဲ့ ပါးတဲ့ငါ………။

Thursday, May 14, 2009

ချစ်သူ…….
မင်းခြေတော်သို့ ဝင်ရောက်ခစားခြင်းက
ငါ့ရင်အဆုံကိုအသက်ငွေ့ ငွေ့ နာကျင်တယ်။
ထုံသင်းတဲ့မင်းရနံ့ ကိုရှုရှိုက်ရခြင်းက
နှလုံးသားကိုအဆိပ်သင့်သလိုခံစားရတယ်။
နေရောင်နဲ့ ဝန်းပတဲ့မျက်နှာကိုခိုးဖူးရခြင်းက
ငါအချစ်တွေတစ်စစတိုးပွားလာခဲ့တယ်…..။

မင်းရှေ့မှာခေါင်းမမော့ရခြင်းကိုအမြတ်မရှပါနဲ့ 
ငါမင်းကိုအသက်ထက်ချစ်မိမှာစိုးရိမ်မိတယ်။
ငါမင်းအနားမှာနေရင်းဘ၀ကိုကုန်ဆုံးမယ်
မင်းနံဘေးခစားတဲ့အစေအပါးဘ၀နဲ့ လေ….။
အခုလိုမင်းခြေဖမိုးကိုနမ်းရှိုက်ရခြင်းကပဲ
မင်းအပါးမှာငါ့ကိုထာဝရရှိနေစေမှာပါ…..။

ချစ်သူ…….
မင်းအလိုမရှိတဲ့နေ့ ငါ့ကိုစွန့် ပစ်လိုက်ပါ
ငါ့နှလုံးသားကကျောက်စိုင်လိုမာကျောရင်
ငါ့မျက်နှာကိုတစ်သက်လုံးမင်းမမြင်ရစေဘူး။
မင်းမရှိတဲ့နေ့ တွေဖြတ်သန်းဖို့ ရာအတွက်
မင်းကိုဦးတိုက်လို့ ခွန်အားတွေမွေးပါ့မယ်။
ဒါကိုတော့မင်းမသိသွားစေရဘူးချစ်သူ….။

ချစ်သူ…….
အမြတ်ရှခြင်းမခံရပါပဲ
မင်းဟာတပါးသူနဲ့ ဖောက်ပြားခဲ့မယ်ဆိုရင်တော့
မင်းရဲ့ အနီးဆုံးအသက်အန္တရာယ်ဟာငါပါပဲ
အဲဒါလည်းမင်းကိုသိပ်ချစ်ခဲ့ရလို့ ပါကွယ်……။
မင်းနဲ့ ငါထပ်ဆုံချင်မိပါသေးတယ်………….။

Read more...

မင်းအတွက်လား…….ငါ။

အချစ်……
ကမ္ဘာမှာသာယာနာပျော်ဖွယ်ကောင်းဆုံးက
အလွမ်းတေးသွားတစ်ပုဒ်ဖြစ်ပါသတဲ့လေ။
ဒီလိုဆိုရင်ဒို့ တွေအတူ
တေးသွားတစ်ပုဒ်သံပြိုင်ဆိုကြည့်ရအောင်
တစ်ဘ၀မှာတစ်ခါဖြစ်ဖြစ်ပေါ့………..။

ဘယ်ဆီဘဲခွဲသွားရပါစေကွယ်
မင်းနာမည်လေးကြားရရုံနဲ့ 
ပျော်ရွှင်စွာရင်ခုန်တတ်ခဲ့ရသူပါ။

ချစ်သူ……
မင်းအချစ်ကမျှားတစ်စင်းသာဆိုရင်
ရင်တွင်းထုတ်ချင်းခတ်ခံရသူကငါပါ….။
မင်းမျက်ဝန်းတွေနဲ့ ဆုံပြီးမှ
နံနက်နိုးထတတ်သူငါ့အတွက်
ဒီလိုဖွဲ့ နွဲ့ ခဲ့တာမလွန်လောက်ပါဘူး…..။

မိုးစက်တွေကနွဲ့ ကလျကျနေတဲ့အချိန်
သူတို့ နဲ့ အတူမင်းကိုလွမ်းမိတယ်ကွယ်….။

Read more...

ငါချစ်တဲ့သူ

ည……..
ညရဲ့ အရှင်သခင်ကလမင်းကြီးပေါ့
တည်ခင်းထားလိုက်ပုံတွေများ
အရှင်ပွဲတက်သဘောတွေ့ ပုံမျိုးနဲ့ 
လမင်းကိုတာရာခတယ်………။

စေတမန်လင်းလက်ကြယ်စင်တွေက
လရောင်ကိုတဖိတ်ဖိတ်တောက်ဝန်းရံ
အချစ်နဲ့ သူတို့ ကိုငါဖျန်းပက်လို့ 
သူတို့ ကိုယ်မှာရုပ်ပုံတွေရေးတဲ့ငါ……။

ငါ့အတွက်တောင်းဆုတွေပြုပေးတယ်
အလိုအပ်ဆုံးကမင်းလို့ ပြောတော့မှပဲ
သူတို့ တောင်မတတ်နိုင်ကြဘူးတဲ့လေ။
ငါ့ကိုအချစ်ဝိုင်တွေတိုက်ခဲ့ကြတယ်…….။

ချစ်သူ…….
ငါမှာသူတို့ လိုမလင်းလက်နိုင်ပါဘူး
အများနည်းတူလည်းမကြွယ်ဝပါဘူး
စွဲမက်ဖွယ်အတိမပြည့်စုံတဲ့ဘ၀ပါကွယ်။
တတ်နိုင်တာတစ်ခုက……မင်းအတွက်..။
ဘ၀နဲ့ နှလုံးသားကိုငါပေးပါ့မယ်ကွယ်….။

Read more...

လွဲမှားသောဆုံမှတ်........။

လိပ်ပြာခတ်တဲ့အတောင်တစ်ချက်က
မင်းသာကိုယ့်ကိုပြန်မချစ်တော့ရင်
ကမ္ဘာဖျက်မယ့်မုန်တိုင်းပဲပေါ့ကွယ်….။
ပေါင်းစပ်ခွင့်မရှိမှန်းသိခဲ့ပေမယ့်
မင်းကိုမချစ်ပဲငါမနေနိုင်လို့ ပါ။

ပင့်သက်ရှိုက်ရင်းကြိတ်မှိတ်ကာ
မင်းမျက်ဝန်းနဲ့ မဆုံဖို့ ကြိုးစားရင်း
ငါကျရှုံးခဲ့ရတဲ့နေ့ ပေါင်းများလှပါပြီ။
တိမ်ညိုတွေမျောတဲ့နေ့ မှာငါ့တိမ်တွေ
မင်းကြောင့်ပြိုကျခဲ့တာမှတ်မိသေးတယ်။

လှပတဲ့မင်းနှုတ်ခမ်းသွေးရောင်ကြောင့်
မင်းရှေ့မှာဒူးထောက်ရတာများခဲ့ပြီ….။
အမှတ်မရှိတဲ့နှလုံးသားကြောင့်ချစ်တယ်။
ဆွဲငြို့ တဲ့မင်းအလှမှာယစ်မူးလို့ နှစ်တယ်။
ငါဘယ်လိုခံစားရပါစေဦးတော့ကွယ်..။

အာရုံခံသန်းခေါင်ယံရဲ့ညဥ့်နက်မှာ
ငါမသောက်လိုက်ရတဲ့ Coffee ကို
မင်းအချစ်ထက်နှမျောမိတာအသေချာပဲ။
နားလည်မယ်ဆိုငါ့ကိုခွင့်လွှတ်ပါချစ်သူ……။
ငါမင်းကိုရင်နဲ့ ရင်းပြီးချစ်ခဲ့ဖူးပါတယ်……..။

Read more...

ခွင့်ပေးပါ…….။

Tuesday, May 12, 2009

ရင်မှာခတ်တဲ့အတောင်တစ်စုံ
နက်မှောင်တဲ့ဟင်းလင်းပြင်ကိုခွင်း
ဆွဲငင်ရနံ့ ထုံကာသင်းသော
ရွှေအဆင်းနဲ့ ဖိုငင်လှိုက်ဝင်
မင်းရင်ခွင်ဆီသို့ ………
နင်းလျှောက်လာခွင့်ပြုပါချစ်သူ…။

အိပ်မက်တဲ့ညနက်တွေရဲ့ ဆွဲအားက
မင်းအလှမှာယစ်မူးတဲ့ငါ့အာရုံကို
မင်းရင်ခွင်သို့ ခိုးဝှက်ကာ
အပိုင်သိမ်းသွားလေသလားကွယ်…..

မျက်ဝန်းရဲ့ ဆွဲအားကရင်လှိုက်ခုန်
ငါရခဲ့တဲ့မင်းအကြည့်တွေက
ငါ့နှလုံးသားကိုဆွဲခါသလို
ကြုံရဦးမယ့်မနက်ဖြန်တွေမှာ
မင်းအကြည့်တွေနဲ့ ထပ်ဆုံပါရစေ။

ဘ၀ရဲ့ အမောတွေပြေစေဖို့ ရာ
ရှေ့ဆက်ရမယ့်လမ်းတွေအတွက်
မင်းလက်ကိုထိတွေ့ ဖူးပါရစေ။
လောကကိုမတွယ်တာချင်အောင်
မင်းကိုချစ်တဲ့နှလုံးသားနဲ့ 
ရင်ခွင်မှာပွေ့ ဖက်ထားပါရစေချစ်သူ…။

Read more...

1500 လောက်ရှိပြီ…….။

Sunday, May 10, 2009

ကြွေပြီးသားပန်းတစ်ပွင့်ရဲ့ ပွင့်ဖတ်တွေကို
ပြန်ကောက်တပ်ပေးလို့ ရရိုးလား……?
ယိမ်းနွဲ့ နေတဲ့ပန်းပွင့်တွေ
လေကိုအမိန့် တွေမွတ်ကြား
ရပ်တန့် စေလို့ ရလေမလား……?

နှလုံးသားတစ်ခုလုံးကိုပုံအပ်
မင်းဆီရောက်ရှိခဲ့တဲ့ငါ့အချစ်တွေ
ပြန်လာလှည့်ပါနှလုံးသားရှိရာ
အဲ့ဒီ့လိုရောရမှာလား……..?

ဒီလိုနဲ့ ပဲ……….
ငါ့အချစ်တွေပွင့်ဖတ်နဲ့ အတူကခုန်
လေပွေတွေလိုနွဲ့ ယိမ်းယိမ်းနဲ့ 
မင်းနှလုံးသားထဲဝင်ဝင်ပြေးနေတာ
1500 လောက်များပါပေါ့လား……ချစ်သူ။

Read more...

မင်းရှိနေဆဲပါ……။

ငါ့အာရုံတွေကိုချုပ်ထားဆဲ
ည့ကောင်းကင်းရဲ့ အဓိပ္ပာယ်က
သန်စွမ်းနက်မှောင်တဲ့ဆံနွယ်တချို့ 
လှုပ်ရှားယိမ်းနွဲ့ ရင်းအရှေ့ဆီမှာ…..
သက်သေသကာယကတော့
လမ်းဘေးမီးတိုင်အောက်ကငါ
ဘုရားသခင်ပေးတဲ့ကောင်းချီးနဲ့ 
ခေါင်းမမော့နိုင်တဲ့ဘ၀မှာ
ဒီမိုးနဲ့ ငါ့ခန္ဓာကိုဆေးကြောသန့် စင်လို့ နေ
စိတ်ဒဏ်ရာတစ်ခုကွယ်ပျောက်မလားလို့ ပါ။
အိမ်ဆိုတဲ့နေရာကိုမင်းမရှိဘဲနဲ့ 
ငါပြန်လာရမှာဝန်လေးနေမိတယ်။
မင်းမရှိတဲ့ငါ့အနား
မိုးနဲ့ ရောတဲ့ငါ့မျက်ရည်ကို
ငါကိုယ်တိုင်တောင်မမြင်ရတဲ့နောက်
ဘုရားသခင်ရောသိနိုင်ပါ့မလား……..?
ငါတွေးရင်းနဲ့ ကြောက်လာမိတယ်။
တစ်ဘ၀လုံးထင်ကျန်နေမှာက
ငါမင်းကိုချစ်နေတဲ့ဒဏ်ရာတွေပဲ။
ချစ်သူ……….
သေမင်းနဲ့ စစ်ဖြစ်နေတဲ့ကမ္ဘာမှာ
မင်းနဲ့ တွေ့ ခွင့်တစ်ခါတော့တောင်းဦးမယ်။

Read more...

သံသယအမှား……..။

အလှမ်းဝေးတဲ့နေ၇ာတွေအတွက်
ကံကြမ္မာကိုအဖြေရှာရင်း
နှုတ်ကတစ်ခုခုကိုရေရွတ်မိတယ်။
ဘယ်သူနဲ့မှမတူအောင်ကိုယ်မင်းးကိုချစ်ခဲ့တယ်။

မှားယွင်းမှုတွေပေးနေတဲ့ဘ၀ထဲမှာ
မှားယွင်းမှုကြောင့်မင်းနဲ့မဆုံခဲ့တာပါ။
နောက်ဆုံးတော့လည်းကိုယ့်အမှားပါပဲ
အားလုံးပြီးသွားချိန်­­­…….
နှုတ်ကတစ်ခုခုကိုရေရွတ်မိခဲ့တယ်။
မင်းကိုကိုယ်ထာဝရချစ်နေမယ်လို့။

အဆုံးသတ်မှာ………
သံသရတွေကိုအသိုက်ဖွဲ့ 
အမုန်းတွေပေါက်ဖွားနေခဲ့ပြီပေါ့ချစ်သူ…..
မင်းတိုက်ခိုက်မယ့်အမုန်းတွေအတွက်
ကိုယ်မသေဆုံးခင်မှာတစ်ခုခုကိုရေရွတ်ချင်တယ်။
ကိုယ့်နှလုံးသားတစ်ခုလုံးမင်းကိုပေးခဲ့ပါတယ်။
ကိုယ်မသေဆုံးခင်ကတည်းကပါချစ်သူရယ်……..။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP