လေပြေ Poetry. Powered by Blogger.

ပြန့် ကျဲသွားသော စလုံးများ

Tuesday, August 31, 2010

ကိုယ်ပိုင်နံပါတ်ရယ်လို့ မရှိဘူး ဒီကောင့်ဟာရယ် ပြစရာကိုယ်ပိုင်တောင်မှ
ဘာမှတကူးတကမရှိတဲ့ အဲ့ဒီ့နေ့ ဟာ စိတ်ဝေဒနာ သားသားနားနားနဲ့ 
တခြားပြောစရာဘာမှမရှိတဲ့ ညတွေအတွက် မီးပျက်နေတဲ့အချိန်တွေကို
နေရာပေးထားကြတယ်။ ငါကရောင့်ရဲပါတယ် အဲ့တော့
အမှောင်ရဲ့အရှင်သခင်လို မျက်နှာထားရှေ့မှာ မတ်တပ်ရပ်လက်မြောက်ပြီး
စိမ်းစိမ်းစိုစိုပြုံးချပစ်လိုက်တယ်။ ငယ်ငယ်က ပန်းခေါင်းလှန်သလိုအပြုံးမျိုးနဲ့ ပေါ့။
မြို့ ရိုးပျက်တွေဟာ အသက်၉၀ အဖွားအိုတွေလို ငိုက်ငိုက်မြည်းမြည်းရှိနေခဲ့ချိန်
ငါလည်း ဗလာအခန်းထဲ အမှောင်ထဲမီးခလုတ်တွေ လိုက်ဖွင့်နေတယ်ဆိုတာက
လျှပ်စစ်ဓာတ်အားတွေပိတ်ဆို့ ခံနေရမှုကို မကြည့်ရက်ရုံသက်သက်လောက်ပါပဲ
မီးတော့မလင်းသွားဘူး အိမ်မက်က ဖယောင်းတိုင်လိုအထွန်းခံညတွေထက်
လတွေသာလို့ တစ်လ နှစ်လ သုံးလ အဲ့လောက်နေတော့ သတိရလာတယ်
ရူးလာတယ် ကျွန်တော်အရူးတစ်ယောက်ပါ ဘာအကူညီလိုပါသလဲ
ခုထိတော့ မီးကပျက်နေတုန်းပဲ ဒါကြောင့် ဒါပေမယ့် ဘာကြောင့်ဖြစ်ဖြစ်
ဖြစ်ချင်ရာ ဖြစ်သွားနိုင်တဲ့အခန်းထဲ ငါ့ကိုယ်ငါ Flash ကင်မရာ တစ်လုံးနဲ့ 
တဖျတ်ဖျတ်ရိုက်ပစ်လိုက်တယ်။ အဲ့အချိန်က နှုတ်ခမ်းမွှေးတွေမရိတ်ခဲ့မိရင်ကောင်းသား
စိတ်ဝေဒနာသည်တစ်ယောက်နဲ့ ဆင်တူရိုးမှား ဖြစ်နေတဲ့ ဓာတ်ပုံထဲက ငါ့ရဲ့
ကိုယ်တူပုံပွားက ကမ္ဘာ့ အလှမယ်မှင်နဲ့ ဆံပင်ဘေးခွဲလို့ နှုတ်ခမ်းမွှေးမရှိတော့ဘူး
ငါပြောခဲ့သားပဲ
ငါရူးနေပါတယ်ဆိုတာမင်းတို့ ကိုဘယ်နှစ်ကြိမ်းမြောက်ချစ်ခွင့်ပန်ရဦးမှာလည်း လူခဲ
မင်းကတော့ ကြယ်သီးပေါက်တွေမှားတပ်ပြီး ခန့် ခန့် ငြားငြား လမ်းတွေလျှောက်ဆဲ
ဘာလဲ....သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်......ဟုတ်လား
X share with my love ဒက်...ဒက်...ဒက် ပစ်ချလိုက်တယ်
ဒါဟာလုံးဝ မီးခိုးရောင်မဟုတ်ရင် ဖင်ကျပ်ဂျင်းဘောင်းဘီတစ်ထည်ပဲလို့ ပြောရမှာလား ?
အိမ်း .... အဆိုကျော်တစ်ယောက်နဲ့ တူတယ်လို့ အပြောခံရတဲ့နေ့ က
ဝမ်း တူး သရီး မိဘမဲ့ကလေးတွေဟာ လမ်းတွေနဲ့ အပြိုင် အပြေးကျင့်နေကြတယ်
သူတို့ စိတ်ဝင်တစားရှိတဲ့အလှကပ်ခွာလေးတွေဆိုတာက ဆိုလာပြားထဲသိုလှောင်ခံထားရတဲ့
အတ္တတွေလို နင်လား ငါလား လူတကာသုံးလို့ သုံးနဲ့  မင်းမှားတပ်ခဲ့တဲ့ကြယ်သီးပေါက်တွေလိုပေါ့
အို အဖ ဘုရားသခင်ထီး နှင့် အို အမိ ဘုရားသခင်မ ......
ကျွန်ုပ်နှင့်မသက်ဆိုင်သော အထိုထို ဖြစ်ရပ်များအတွက်
အသင့်အား အထူးတလည် ကျေးဇူးမတင်ချင်ပါ။

Read more...

ဒါပဲပြော

Monday, August 30, 2010

ကျွန်တော် ဘာရေးရင်ကောင်းမလည်း ကြိုက်မလည်းလို့ တွေးရင်းစဉ်းစားရင်း
ဒါပဲရေးချင်လာတယ် ။ ဒါပဲရေးချင်နေလို့  ဒါပဲရေးလိုက်တယ် ။ အဲ့ဒါဟာ
ဒါပဲထက် ဒါပဲဟာ ဒါပဲလောက် အရေးပါတာ ဒါပဲ မရှိဘူး ဆိုတာကိုလည်း
ကောင်းကောင်းပြောလို့ ရတာဟာ ဒါပဲရှိတယ် ။
ဒီတော့ကာ ခင်ဗျားလည်းတစ်ခွန်းလောက်ဝင်ပက်ချင်တယ်ဆိုရင် သဘော
ဒါပဲ အခါခါ ပြောဦးမှာမဟုတ်လား ။
ကျွန်တော်ကတော့ ဒါပဲ လူတွေပြောနေတာလည်း ဒါပဲ ။ ဒါပဲကို ဒါပဲလို့ ပြောဖို့ အတွက်
ဘာသာစကားတွေလုံလောက်စွာမရှိလို့  ဒါပဲ ဒါကို ဒါလောက်ပဲ ဖော်ပြလိုက်တယ် ဒါပဲ ။
လောလောဆယ် ဒါပဲရှိတယ် လိုချင်ရင် ဒါပဲယူသွား မလိုချင်ထားခဲ့ ဒါပဲပေါ့
ဒါပဲကွာ ဒါပဲလား ဒါပဲလားကွာ ။ စကားကိုစကားလိုပြော လို့ ရတာလည်း ဒါပဲ
ဆရာ့ကိုလည်း ဒါပဲ ဟေ့ကောင် မင်းကိုလည်း ဒါပဲ ငါလည်း ဒါပဲ ထပ်နေတယ်
ဒါပဲပြော လူတွေပြောတဲ့အကြောင်းအရာတွေထဲ အရင်ကလည်းပြောခဲ့ဖူးသား ဒါပဲ
ဒါပဲပြော ခပ်ဝေးဝေးသွားနေပြန်တော့လည်း နောက်ထပ် ဒါတွေပဲ ဒါပဲ ထပ်ရောက်လာ
အိမ်မှာထမင်းစားလည်း ဒါပဲ သီချင်းနားထောင်လည်း ဒါပဲ ရုပ်မြင်သံကြား ဒါပဲ
email ဒါပဲ ပန်ဆိုးတန်းမှာလမ်းလျှောက် ဒါပဲ ဖုန်းမြည်လို့ ကောက်ကိုင် ဒါပဲ
နေ့ တိုင်းဒီလိုဆဲနေတာ မကောင်းဘူး တစ်မျိုးပြောင်းတော့ ဒါပဲ
စာအုပ်ထဲလက်နှိုက်ရှာတယ် ဒါပဲတွေ့ တော့ ဒါပဲတွေများလာတာအမျှ
ဒါပဲကို စွဲလမ်းလာတာမဆန်းဘူး ဆိုတာလည်း နောက်ဆုံးတော့ ဒါပဲ
ကျွန်တော်နဲ့ မသက်ဆိုင်ဘူးဆိုတာလည်း ဒါပဲ သက်ဆိုင်တာလည်း ဒါပဲ
လူသုံးများလာတာလည်း ဒါပဲ ထင်ပေါ်ကျော်ကြားလာတာလည်း ဒါပဲ
ဒါကို စိတ်ဝင်စားရင် ဒါပဲလုပ်လိုက် ဒါပဲ ကောင်းတယ် ဒါပဲ အသုံးတည့်
အားလုံးသုံးတယ် ဒါပဲ မိဘပြည်သူတွေလည်း ဒါပဲ ဒို့ ရွာသားတွေလည်း ဒါပဲ
လဖက်ရည်ဆိုင်ထဲထိပါလာတဲ့ ဒါပဲ ။
စကားလမ်းလွှဲဖို့ လုပ်တော့မှ သူတို့ ကဒါပဲဆက်ပြောရအောင်လို့ တောင်းဆိုလို့ 
ငါကလည်း ဒါပဲ ပြောလိုက်တယ် အားလုံးကို ဒါပဲ
အားလုံးက ဒါတွေထဲ နစ်နေတဲ့ ဒါတွေပဲ ဒါပဲ...........။

PS. D ကဗျာကို ဖတ်ပြီးတော့ ကြိုက်ခဲ့ရင် တစ်ချက်လောက်တော့ (တောက်) ခေါက်သွားဖို့ မမေ့နဲ့  ... ဒါပဲ ။

Read more...

မောင်ချောနွယ်ကဗျာများ

မောင်ချောနွယ်ကဗျာစုစည်းမှု
ကျွန်တော်လည်း သူများတွေဆီကနေ ဒေါင်းလော့ဒ်လေးရထားတာပါ။
ဘယ်လိုမှတော့မဟုတ်ဘူး။ ကိုယ်ပိုင်သိမ်းထားချင်စိတ်ပေါက်လို့  ။
ပြီးတော့ မောင်ချောနွယ်အရေးတွေကထိလွန်းလို့ သဘောကျလို့ 
သူ့ ခံစားချက်တစ်ချို့ နဲ့ လည်းတိုက်ဆိုင်လို့ ကိုယ့် blog မှာကိုယ်ပြန်
သိမ်းထားတဲ့သဘောပါပဲ ။လိုချင်ရင်တော့ဒေါင်းသွားနိုင်ပါတယ်။

DownLoad Link Click Here

Read more...

မိုးဦးလေပြေကဗျာစာအုပ် (၂)

မိုးဦးလေပြေကဗျာများ (၂)

သူရဿဝါ
Prizewai
လေပြေ
ကောင်းကင်ကို
ညီဇံလှ
ရင်နင့်သူ
ကျော်ညိုသွေး
လင်းဒီပ
ဇာတိ
လင်းဦး(စိတ်ပညာ)
သားဖြိုး .....................စသည်ဖြင့်ပါဝင်ရေးသားထားသည်။

Full Link
မိုးဦးလေပြေကဗျာများ(၂) Click Here

Read more...

နှစ်ရှည်လများ မိုး

Monday, August 23, 2010

ဖြစ်ခဲ့တဲ့အပျက်တစ်ခုမှာ မှတ်ဥာဏ်ဟာနောက်ပြန်ပြေးလို့ 
ပိုင်ပေါင်းများစွာဝေးကွာသွားမှ ခွေးမောင်းသလိုမောင်းထုတ်ပစ်လိုက်တယ်
ရှုး ... ထွက်သွားစမ်း (မရဘူး--- ဂရုမစိုက် နားမစိုက် အရေးမစိုက်ဘူး)
မျက်စိထဲကအလိုလိုပေါ်လာတဲ့ ရုပ်လုံးတွေက ရင်ဘတ်တစ်လျှောက်
ခွေးတစ်ကောင်အရိုးတစ်ချောင်းရသလို ကိုက်ခဲနေတယ်
ဒီနေ့ မှထူးထူးခြားခြား လွန်ခဲ့တဲ့ ခုနှစ်လောက်ကသည်းခဲ့တဲ့မိုးကို
သတိတွေရနေတာ ရင်ဘတ်က အစိတ်စိတ်အမွှာမွှာကွဲထွက်သွားတဲ့
လေရေမီး စစ် ဘေး ပြေး ဒုက္ခသည်တွေလို ကူကယ်ရာမဲ့လို့ 
အမောဆို့ နေတဲ့ နှလုံးသားရဲ့ ကုတ်ချောင်းချောင်း နိုင်မှုမှာ
ငါ့လိပ်ပြာ အတောင်မဲ့ လောကထဲက ပျံထွက်သွားချင်လေရဲ့
ခြေမကိုင်မိ လက်မကိုင်မိ ခရမ်းရောင်နေ့ ရက်တွေရဲ့ နောင်တထဲ
အတိတ်ဟာ ဒီညထဲ ငါ့ကိုမီးမြှိုက်ထားသလို ပူလောင်လွန်းလှပါတယ်
အနောက်ဖက်ဆီပျံသန်းသွားတဲ့ ငါ့အတ္တတွေအတွက် ပေးဆပ်မှုမှာ
ရေခဲရိုက်ညတွေထဲ မင်းကိုလွမ်းနေခဲ့ရတာဟာ မတန်ဘူး
ကောင်မလေးရေ
"မိုး" ရေ (ငါသောက်သုံးခဲ့ရဖူးတဲ့ မျက်လုံးဝိုင်းလေးတွေ)
မိုးရိပ်မြင်တိုင်းကြောက်လန့် တတ်ခဲ့တယ်ဆိုတာလည်း
ရောက်လာဦးမယ့် နောက်ထပ်ညစိမ်းစိမ်းတွေကို မပိုင်ဆိုင်ချင်ဘူး
ကူးစက်ရောဂါဆိုး တစ်ခုလို ပျံ့နှံ့ သွားပြီး
ငါ တရားဝင်မပိုင်ဆိုင်နိုင်ခဲ့တဲ့ ညတွေများလာတာနဲ့ အမျှ
ရန်ကုန်မှာ မိုးတွေသည်းနေတုန်း
လေးပေခုံတန်းလေးမှ မိုးတွေသည်းနေတုန်း
ငါတို့ ရေးခဲ့ဖူးတဲ့နာမည်လေးတွေပေါ် မိုးတွေသည်းနေတုန်း
မင်းကိုကြည့်ခွင့်မပေးခဲ့တဲ့ငါ့ရင်ထဲ မိုးတွေသည်းနေတုန်း
လမ်းတစ်ခု ဖြတ် ကူး မိတဲ့ ငါ့နှလုံးသားတွေ ခိုက်ခိုက်တုန်ချမ်းလို့ .....။

Read more...

အော့ဗ်ဂျက် s

Friday, August 20, 2010

လောကဟာ ခြစ်ခြစ်တောက်ပူလောင် လည်ပတ်နေဆဲပဲ
သူ့ ရဲ့အတ္တတွေထဲ ဘ၀များစွာကို အဆိပ်လိုဖျော်ထားတယ်
ခင်ဗျားတို့ အတွက် အဆင်သင့်ရှိနေပြီးသား (ဖျော်စပ်မှု)
သောက်ကိုသောက်ရမယ်
မသောက်မနေရ = လူ့ လောကမှာ လူ့ ဖြစ်ချင်သပဆို
ကဲ ... ခင်ဗျားတစ်ခွက်သောက်
ကျွန်တော်လည်း တစ်ခွက်သောက် မယ် .... ချီးယားစ်
အခုအချိန်ဟာ မွေးကင်းစကလေးငယ် တစ်ယောက်လို
ခင်ဗျားကို နို့ ချိုတိုက်ကျွေးမယ့်သူ အဆင်သင့် ရှိမနေဘူး
ဆိုရင် မျှော်လင့်ချက်တွေ ပိုက်ထားတုန်း ကြည့်ရနည်းနည်းဆိုးတယ်
ဘ၀ရဲ့ လက်နက် အတ္တလို့  ပြောချင်နေတယ် ပြောမယ် ပြောတယ်
ကျွန်တော်က ခင်ဗျားကိုစိတ်ဝင်စားတာ အဲ့ဒါလေးတစ်ခုကြောင့်ပဲ
ဒါနဲ့ ကျွန်တော်က ဘယ်သူလည်း တဆိတ်လောက်ဖြေပေးပါ
အတိတ်ကို လက်တို့ ပြန်မေးရအောင် ပူပင်သောကနဲ့ 
ကျွန်တော့်လို ခင်ဗျားလည်း သောက်သုံးထားပြီးသူ တစ်ယောက်
သို့ ဖြစ်ပါ၍
အို ... အသင်လောက
အသင့်အား လူသားတွေက စွဲလန်းချစ်ခင်တွယ်တာကြပါသည်။
အသင်လှပတင့်တယ်ဖို့ ရာ ကျွန်ုပ်တို့ ၏ ဘ၀အမောများဖြင့်
အသင့်အား ပြင်ဆင်ချယ်သ လိုပါသည်။
အသင် လှပတင့်တယ် ပါစေသား ......... ။

Read more...

နလပိန်းတုံး ဘေးတဖက် ဖဲဝိုင်း ကဗျာသမား ဘောလုံးပွဲထဲခုံအလွတ်

Thursday, August 19, 2010

ဟိုင်း ..... ကျွန်တော်လာလည်သွားပါတယ် အစ်(မ)ကို .... ဒေါ့ ဒေါ့ ဒေါ့ :)
ဆူညံပွက်နေတာပဲ blogspace ဘာတွေမှန်းကိုမသိဘူး blogspace
ဘယ်သူတွေ ဘာပြောလို့ လာလုပ်ကြလည်း ဒက်ဒက်ဒက်တွေထဲထိအောင်
စဉ်းစားတာ ခင်ဗျားဘယ်သူ့ နောက်မှာနေမှာလည်း မဟုတ်ဘူး
ကျွန်တော့်ရှေ့မှာ ဘယ်သူရှိနေလို့  မရှိနေပါဘူး နိုင်ငံတကာထွက်တွေ
ကျွန်တော့်အရပ်ဒေသတစ်ခုအတွက် ပြောရရင် ကျွန်တော်ကပိုင်သူပေါ့
ရေစီးကြောင်းထဲ မျော ကူး လာတာ ဖေါ်လိုလိုက်လာတာ
ခုနှစ်တွေကိုမကြည့်ဘူးဆို သူများခြေထောက်တွေက ကျွန်တော့်လမ်းကို
လျှောက်ပေးမယ်ပေါ့ ဆိုရင် တမျိုးတဖုံ ပြောင်းလဲစဉ်းစားရတော့မယ်
ကျွန်တော်က (post) မော်ဒန် သမားမ (စစ်) ဟုတ် (ဖူး) (ဘူး)
ကျွန်တော်က (post) Language သမားမ (စစ်) ဟုတ်(ဖူး) (ဘူး)
အဲ့ဒီ့ထဲဘယ်ပုံဘယ်နည်းနဲ့ မှ ကျွန်တော် မျောမနေဘူးဆိုတာ
ညနေဆည်းဆာမှာ ကြက်တွန်သလို ထအော်ကြည့်လိုက်တယ်
ဆိုတာလည်း ကျွန်တော်ရူးနေတယ်ဆိုတဲ့ လက္ခဏါ ပါပဲ
ဒါက တစ်အိမ်ဝင်တစ်အိမ်ထွက် ရပ်ကွပ်ထဲမှာတွေ့ ရ တတ်တဲ့
ဆိုက်ကားဂိတ်က ဖဲဝိုင်းတွေလိုမျိုး ခပ်ဆင်ဆင်ပုံစံ
ကျွန်တော်က J စမစ် မဟုတ်ဘူး ကဗျာသမား အရက်သမားလိုပုံစံ
ကျွန်တော့်လက်တွေတုန်ခါနေတဲ့ ကဗျာသမား ဖြစ်နိုင်ချေရှိတာပေါ့
မော်ဒန် = ခေတ်ဆန်ချင်း ဆိုတာက
မော် = မော်မော်
ဒန် = ဒန်အိုးဒန်ခွက်ဝယ်သည်။
မှတ်ချက် ။ ။ အဟောင်းအစုတ်ဈေးကောင်းပေးသည် ။ ဆိုတော့
ပိုသိချင်လာတာတွေ ရှိလာတာနဲ့ အမျှ အမျှ အမျှ
လမ်းဖောက်တာ ဖောက်ပြန်မှုရှိတဲ့လမ်းတွေမှာ မြေဆီကောင်းကောင်းမရှိတာ
ဥပမာ ကျွန်တော့်လိုအရူးတစ်ယောက်အတွက်
သူတို့ ပြောတဲ့ ကွန်ယက်လိင်ယှက်ပုံတွေထဲက ကဗျာအကြောင်း
သိပ်နားမလည်ဘူး မမှီဘူး မရှင်းဘူး မသိတတ်ဘူး
အဲ့သလိုဆို ကျွန်တော်က နလပိန်းတုံး တစ်ယောက်ဖြစ်သွားတာပေါ့
ဘာသာစကား အကြောင်း ခေတ်သစ်ဆက်ဆံမှုအကြောင်း ကဗျာအဟောင်း
Language
မော်မော်ဒန်အိုးဒန်ခွက်ဝယ်သည် အဲ့လိုပဲ ဖြစ်နေမှာလား မဟုတ်လား
ဒီအချိန်မှာ (ငြင်းချက်ထုတ်စရာရှိတယ်)
ကျွန်တော်က ကဗျာသမား ဆိုတာကိုတော့ ထပ်မပြောချင်လောက်အောင်ဗျာ
ပန်းပင်လှလှတွေလည်းစိုက် အသီးအပွင့်တွေလည်းစား ကဗျာဖတ်သူတွေ
အွန်လိုင်း poem တွေကို တံမြတ်စည်းကောင်းကောင်းလှည်းချလိုက်တဲ့ခါ
အဲ့ဒီကဗျာတွေက ဘယ်အပူရိုက်ဇုန်းတွေထဲ မျောသွားတာလည်း
မဆိုးဘူး ကောင်းတယ် လုံးဝအဆင်မပြေသေးဘူး တစ်ခုခု
ခုံအလွတ်တွေခင်ဗျား မြင်ဘူးလား ဘယ်သူမှရှိမနေဘူး (အဲ့ဒါကျွန်တော်ပြောတာပါ။)
ဒါပေမယ့် သေချာကြည့်လိုက် ခုံရှိတယ် ခုံရှိတာကိုမြင်ရတယ် ခုံရှိနေတုန်းပဲ အဲ့မှာ ခုံနေတယ်
ခင်ဗျား ခုံရှိတာကို မြင်ရင် ဘောလုံးပွဲရောဝါသနာပါလား လောင်းမယ်
ကျွန်တော် ခုရေးနေတာက ကဗျာဆိုတာကို သဘောရလား
ခေါင်းစဉ်တော့ ခင်ဗျားပဲ ကောင်းသလို ကြည့်ပေးလိုက်ပါတော့။
ပုံ /
......လေပြေ

Read more...

မျက်လုံးပြာပြာ မြို့ 

Wednesday, August 4, 2010

မီးရောင်နဲ့ အသားတကျ ပြောင်ထနေတဲ့လမ်းမ
ဖြတ်သွားဖြတ်လာတွေ ရယ်ရအောင် ငိုနေတယ်
နှုတ်ခမ်းဆိုးဆေးနဲ့ နီမြန်းနေတဲ့မျက်နှာပေါ်မှာ
မနေ့ ကလိုအလွမ်းမျိုးနဲ့  နှုတ်ခမ်းတွေတုန်လို့ 
သူက ညီမလေးသိပ်ချစ်ရတဲ့သူပေါ့......
မပျော်(ရင်)ဘူး ....... သိပ်ကိုပျင်းမှာပေါ့...ဟင့်အင်း
ရေခဲသေတ္တာထဲ ခဏ အပျင်းကြောသွားဆန့် လိုက်တာ
ရေခဲတုန်းကသူ့ ကိုယ်သူ အရည်တောင်မပျော်တတ်ဘူး
တစ်ဘ၀လုံးစာ ထောက်ခံမယ့်သူမှ မရှိတာ (အဲ့ဒီ့တုန်းကဆို)
အိမ်သာသုံးစက္ကူတစ်ရွက်လိုတောင် နေရာမရခဲ့ဘူး
ဒီမြို့ စိမ်းစိမ်းကြီးထဲ
မြို့ ခံလူတွေရဲ့ မျက်နှာတွေကလည်း စိမ်းကြတယ်
ပီကာဆိုရဲ့လက်ရာတွေကိုမြင်ယောင်မိတိုင်းလည်း
ငါက ဆံပင်တွေဖားလျားချထားခဲ့မိတယ်
နောက်တော့ .... ရေချိုးပျင်းတဲ့ ငါ့အပေါ်ကိုပဲ
မကြာခဏ ဆိုသလို တံတွေးနဲ့ အထွေးခံရတယ်
ထွီခနဲ .... ထွမ်ခနဲ နဲ့ ကိုထွေးကြတာ....လေ
2012 အတွက်သတင်း ကြေငြာလိုက်သံကြားတော့
မြို့ ကိုပြန်မချတဲ့သူတစ်ယောက် လမ်းကြားကပြေးထွက်လာတယ်
(မြို့ ခံလူ = မြို့ ကိုပြန်မချတဲ့သူ)
ဒီအမှုမှာ အဲ့ဒီ့ကဗျာဆရာက တရားခံလား ...... ?
မီးပျက်သွားတယ် ...... မီးဖြတ်သွားတာပါကွာ
ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို ပြန်လာမှာမဟုတ်ဘူး
အဲ့ဒါက ဘယ်လောက်ကဗျာဆန်သလဲဆိုတာကို ပြတာ
သူ့ ရင်ဘတ်မှာထိုးထားတဲ့ ဖဲပြားလေးက
နေပူဒဏ်ခံရလွန်းလို့ တဆစ်ဆစ်ကိုက်နေတယ်တဲ့
အဲ့ဒီ့နေ့ တွေက ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေခဲ့တာ
လက်ရှိနေ့ တွေကလည်း အပြိုင်အဆိုင် ယောင်ကိုင်းကြတယ်
ဒီနေ့ ဟာ သိပ်ကို မလိမ္မာတဲ့ နေ့ တစ်နေ့ ပဲဖြစ်တယ်...။
ဟုတ်တယ် အဲ့ဒါက နေ့ ဆိုးပဲ
လမ်းထိပ်ဓာတ်တိုင်က မာကျူရီမီးအလင်းကြောင့်
ငါက အိပ်ယာပေါ်လူလိမ့်ရင်းနဲ့  မျက်လုံးတွေကြောင်လို့ 
အလန့် တစ်ကြားနဲ့ ငုံ့ ကြည့်လိုက်တဲ့အချိန်မှာ
မီးရောင်နဲ့ ပြောင်ထနေတဲ့ ကတ္တရာလမ်းမကြီးတစ်ခု
ငါ့ခြေသည်းခွံတွေ လတ်ခနဲ သွေးဆုံးသွားတယ်
သေချာနားဆိုက်ထောင်ကြည့်တယ်
အဲ့ဒါက .....
ကတ္တရာ လမ်းမက ရောင်ပြန်ဟပ်လာတဲ့ အသံဖြစ်နေတယ်
ဒီလိုတွေ ပြန်ပြီး သတိရဖို့ အတွက်ကို ငါက
ကောက်ကာငင်ကာနဲ့  သုံးရက်လောက်အချိန်ပြန်ယူခဲ့ရတယ်။

လေပြေ ( ဦးနှောက်နှင့်အာရုံကြော )
4ရက် သြဂုတ် 2010 / 11:10pm

Read more...

အိတ်ကပ်ထဲက ည

Sunday, August 1, 2010

အိပ်မက်တွေ တစ်ရေးနိုးလာတဲ့အခါ
နှုတ်ခမ်းတွေ စေ့ထားရင်းက တုန်းရီနေတယ်
ညရဲ့ ပြတင်းပေါက်တွေဆီက
ခြောက်ခြားမှုနဲ့  အလွမ်းတွေခုန်ထွက်လာတယ်
ခန်းဆီးလိုက်ကာစတွေကို ဖယ်ပစ်လိုက်တော့မှ
ရှိုက်ကြီးတစ်ငင် လှမ်းခေါ်နေတဲ့ ကြယ်ပွင့်လေး
ညဟာ ငါ့ခုတင်ထက်က ငရဲခန်းတစ်ခုလို
ကင်းဗတ်စပေါ်မှာ ဆွဲထားတဲ့ မျှော်လင့်ချက်

အမှောင်က ပင်လယ်တွေဆီကိုပျံသန်းသွား
ပင်လယ်တွေ တောင်တန်းပေါ်ခွထိုင်ခဲ့တုန်းက
အဲ့ဒီ့နေ့ ဟာ (တောင်တွေပေါ်မှာ)
ပင်လယ်ဓားပြတွေနဲ့  ပြည့်နှက်နေခဲ့တယ်။
တစ်ခုတော့ရှိတာပေါ့ (ကျွန်တော်က)
ဘယ်သူ့ ကိုမှ တစ်ဝက်ဖဲ့မပေးချင်ခဲ့ဘူး
ကိုယ့်ကိုယ်ကို ဒီစကားတွေပြောနေတဲ့အခါ
ဟင်းလင်းပွင့် ကျောက်သား တောင်နံရံတွေက
စစ်ရေးပြ တပ်မတော်နေ့ အခမ်းအနားတွေလိုပဲ
ဘယ်သူမှ ငိုက်မြည်း မနေကြဘူး

အခန်းထောင့်တစ်နေရာက ညမှာလည်း
သံသယနဲ့  ဖမ်းယူထားတဲ့ မျက်ဝန်းတွေ
နှလုံးသား အမှောင်ကျဉ်းသွားတဲ့ အခိုက်
အချစ်က သွေးထွက်သံယို ဖြစ်သွားတယ်
ဘ၀ကူးကောင်းဖို့ ခပ်တိုးတိုးရယ်မိတယ်
စိတ်ကူးကောင်းဖို့  ဆေးလိပ်ကိုမီးညှိလိုက်တယ်
ရေကောင်းကောင်းမကူးတတ်တဲ့ ငါ
နံရံပေါ်မှာ နစ်မြုပ်သွားတဲ့ အပျော်စီးဘ၀က
ဖွဲမီးလို ကျွန်တော့်ခန္ဓာ ကိုဆွဲစေတယ်

သွေးသားတွေ ဆူပွက်ထွက်သွားတဲ့ခဏ
ကျွန်တော်ဟာ ရည်းစားများကို ထားခဲ့ဖူးတယ်
ရည်းစားများဟာ ကျွန်တော့်ကို ထားခဲ့ဖူးတယ်
ဒီလိုနဲ့ အသုံးမ၀င်တော့တဲ့ (သံချေးတက်)
ခါးပတ်ခေါင်းက ခါးကျယ်ကျယ်ရှိတဲ့
ကျွန်တော့် ဘောင်းဘီကို လှောင်ရယ်ခဲ့ဖူးတယ်
ရယ်သံကြားလို့  မျက်လုံးအစုံဖွင့်ကြည့်တော့
ဘရိတ်ဖက်စ် ကကျွန်တော့်ကိုကြည့်နေတယ်
ရက်ပ် သီချင်းထဲက ဘောင်းဘီပွတွေလိုပဲ
အမှန်အတိုင်းပြောရရင် (မညာဘူးပေါ့)
ကျွန်တော်သူ့ ကိုသနားမိပါတယ်.........။

လေပြေ
သြဂုတ်၊ ၁ ရက် ၊ ၂၀၁၀ ၊ 11:50 am

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP