လေပြေ Poetry. Powered by Blogger.

ပြန့် ကျဲသွားသော စလုံးများ

Tuesday, August 31, 2010

ကိုယ်ပိုင်နံပါတ်ရယ်လို့ မရှိဘူး ဒီကောင့်ဟာရယ် ပြစရာကိုယ်ပိုင်တောင်မှ
ဘာမှတကူးတကမရှိတဲ့ အဲ့ဒီ့နေ့ ဟာ စိတ်ဝေဒနာ သားသားနားနားနဲ့ 
တခြားပြောစရာဘာမှမရှိတဲ့ ညတွေအတွက် မီးပျက်နေတဲ့အချိန်တွေကို
နေရာပေးထားကြတယ်။ ငါကရောင့်ရဲပါတယ် အဲ့တော့
အမှောင်ရဲ့အရှင်သခင်လို မျက်နှာထားရှေ့မှာ မတ်တပ်ရပ်လက်မြောက်ပြီး
စိမ်းစိမ်းစိုစိုပြုံးချပစ်လိုက်တယ်။ ငယ်ငယ်က ပန်းခေါင်းလှန်သလိုအပြုံးမျိုးနဲ့ ပေါ့။
မြို့ ရိုးပျက်တွေဟာ အသက်၉၀ အဖွားအိုတွေလို ငိုက်ငိုက်မြည်းမြည်းရှိနေခဲ့ချိန်
ငါလည်း ဗလာအခန်းထဲ အမှောင်ထဲမီးခလုတ်တွေ လိုက်ဖွင့်နေတယ်ဆိုတာက
လျှပ်စစ်ဓာတ်အားတွေပိတ်ဆို့ ခံနေရမှုကို မကြည့်ရက်ရုံသက်သက်လောက်ပါပဲ
မီးတော့မလင်းသွားဘူး အိမ်မက်က ဖယောင်းတိုင်လိုအထွန်းခံညတွေထက်
လတွေသာလို့ တစ်လ နှစ်လ သုံးလ အဲ့လောက်နေတော့ သတိရလာတယ်
ရူးလာတယ် ကျွန်တော်အရူးတစ်ယောက်ပါ ဘာအကူညီလိုပါသလဲ
ခုထိတော့ မီးကပျက်နေတုန်းပဲ ဒါကြောင့် ဒါပေမယ့် ဘာကြောင့်ဖြစ်ဖြစ်
ဖြစ်ချင်ရာ ဖြစ်သွားနိုင်တဲ့အခန်းထဲ ငါ့ကိုယ်ငါ Flash ကင်မရာ တစ်လုံးနဲ့ 
တဖျတ်ဖျတ်ရိုက်ပစ်လိုက်တယ်။ အဲ့အချိန်က နှုတ်ခမ်းမွှေးတွေမရိတ်ခဲ့မိရင်ကောင်းသား
စိတ်ဝေဒနာသည်တစ်ယောက်နဲ့ ဆင်တူရိုးမှား ဖြစ်နေတဲ့ ဓာတ်ပုံထဲက ငါ့ရဲ့
ကိုယ်တူပုံပွားက ကမ္ဘာ့ အလှမယ်မှင်နဲ့ ဆံပင်ဘေးခွဲလို့ နှုတ်ခမ်းမွှေးမရှိတော့ဘူး
ငါပြောခဲ့သားပဲ
ငါရူးနေပါတယ်ဆိုတာမင်းတို့ ကိုဘယ်နှစ်ကြိမ်းမြောက်ချစ်ခွင့်ပန်ရဦးမှာလည်း လူခဲ
မင်းကတော့ ကြယ်သီးပေါက်တွေမှားတပ်ပြီး ခန့် ခန့် ငြားငြား လမ်းတွေလျှောက်ဆဲ
ဘာလဲ....သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်......ဟုတ်လား
X share with my love ဒက်...ဒက်...ဒက် ပစ်ချလိုက်တယ်
ဒါဟာလုံးဝ မီးခိုးရောင်မဟုတ်ရင် ဖင်ကျပ်ဂျင်းဘောင်းဘီတစ်ထည်ပဲလို့ ပြောရမှာလား ?
အိမ်း .... အဆိုကျော်တစ်ယောက်နဲ့ တူတယ်လို့ အပြောခံရတဲ့နေ့ က
ဝမ်း တူး သရီး မိဘမဲ့ကလေးတွေဟာ လမ်းတွေနဲ့ အပြိုင် အပြေးကျင့်နေကြတယ်
သူတို့ စိတ်ဝင်တစားရှိတဲ့အလှကပ်ခွာလေးတွေဆိုတာက ဆိုလာပြားထဲသိုလှောင်ခံထားရတဲ့
အတ္တတွေလို နင်လား ငါလား လူတကာသုံးလို့ သုံးနဲ့  မင်းမှားတပ်ခဲ့တဲ့ကြယ်သီးပေါက်တွေလိုပေါ့
အို အဖ ဘုရားသခင်ထီး နှင့် အို အမိ ဘုရားသခင်မ ......
ကျွန်ုပ်နှင့်မသက်ဆိုင်သော အထိုထို ဖြစ်ရပ်များအတွက်
အသင့်အား အထူးတလည် ကျေးဇူးမတင်ချင်ပါ။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP