လေပြေ Poetry. Powered by Blogger.

ခရမ်းရောင်အလွမ်းများ (၁)

Sunday, May 30, 2010

မီးခိုးပြာ အမှောင်ဖျော့အခန်းထဲ
အသက်ငွေ့ ငွေ့ နဲ့  ကုတင်တစ်လုံး
ယိုင်နဲ့ နဲ့  ပြတင်းတစ်ပေါက်နဲ့ 
ကြေကွဲဆို့ နင့် ပြီးသား ရင်အစုံလိုက်
အနက်ရောင် ပိတ်ကားပေါ် ခင်းကျင်းလို့ 
တိမ်သားတွေ တလိတ်လိတ် တက်လာတယ်
ပြတင်းမှာ ကြယ်မစုံ လင်းတဲ့အခါ
အိပ်ရာထက်က ငါ့နှလုံးသားအသေလေးက
မင်းကို ခဏခဏ လွမ်းတတ်နေလေရဲ့ ….. ။

ငါ့အတ္တက ဆေးလိပ်နံ့ တွေမွှန်ထူလို့ 
ခဏခဏ မောတတ်တဲ့ ငါ့ရင်က
အဲ့ဒီ အဆိပ်ငွေ့ နဲ့ ပဲ အသက်ဆက်နေတယ်
နေ၀င်ချိန် တစ်ကိုယ်တည်းငေးရတာ
မင်းမရှိမှ နေက အပြေးအလွှားဝင်သွားလို့ 
ငါခံစားနေရတာကို မေးဖော်တောင်မရဘူး
တောင်မြောက်အဟုန် လေကရွက်ဖွင့်ထားသလို
ငါချမ်းလွန်းလို့  တုန်နေတာတောင်မှ
အရင်လိုမင်းရင်ခွင်မှာ မနွေးထွေးနိုင်တော့ဘူး
ကြယ်တွေကြွေတိုင်း ငါ့လက်တွေဖြန့် ထားမိတယ်
မင်းလိုပဲ ……
သူတို့ ငါရှေ့မှာ နောက်တစ်ခါ မကြွေတော့ဘူး

အနီးဝန်းကျင် ပွင့်သမျှပန်းတွေက
ရာသီဥတုကို အကြောင်းပြ မင်းမရှိတော့မှ
ညှိုးရော်သွားလိုက်ကြတာ ခေါင်းတောင်ပြန်မမော့တော့ဘူး
နေရောင်နဲ့ အတူ ရောက်လာတတ်တဲ့ ပြတင်းဘောင်မှာ
အော်ဟစ်အစာတောင်းတတ်တဲ့ ငှက်ကလေးတွေက
မင်းမရှိတဲ့အခါ ငါချကျွေးသမျှမစားကြဘူး
သူတို့ အတောင်တွေခတ်လိုက်ကြတိုင်း
မင်းရှိရာခေါ်သွားမယ့် နေ့ ကို မျှော်…မျှော်မိတယ်
ငါ့ကိုဒီဝဋ်ကလွပ်လပ်ခွင့်ပေးပါ………။

တစ်ချိန်က ရင်ခွင်ဟာ မင်းအငွေ့ အသက်တွေနဲ့ 
မင်းမရှိမှ ငါ့ရင်ခွင်က နတ်ရွာစံသွားရသလို
မင်းမရှိမှ ငါက မင်းအသုံးအဆောင်တွေနဲ့ 
နေ့ စဉ်မှန်မှန် လေ့ကျင့်ခန်းတွေလုပ်နေမိတယ်
မင်းနဲ့ ဝေးနေရတဲ့ ဒုက္ခ မင်း ငါ့ဆီပြန်မလာတော့တာကို
ငါ့ဆံပင်တွေအညှပ်ခံလိုက်ရတာထက်ကို ငါမုန်းတီးနေတယ်
ရေချိုးခေါင်းလျှော်ဖို့  အ၀တ်စားတွေမီးပူတိုက်ဖို့ 
ထမင်းခူးခပ်စားဖို့  အချိုတည်းဖို့  ရေသောက်ဖို့ 
အားလပ်ရက်မှာ ရုပ်ရှင်တူတူကြည့်မယ့်စိတ်ကူး
အားလုံးက အဆိပ်ခပ်ထားသလို ငါနဲ့ မဆိုင်သလို
အလွမ်းကို သက်သာလို့ သက်သာငြား အမှောင်ထဲထိုင်
ဟာသ စာအုပ်တွေကို မျက်ရည်နဲ့ ဖတ်နေမိတယ်
ကြာတော့ ……
ငါ့နှလုံးသားလေး ဖျားနာလာတယ်
အလွမ်းဆိုတာများ ခြစ်ခြစ်တောက်ပူလို့ 
ရေခဲဖတ်နိုင်နိုင်တိုက်ဖို့ ဆရာဝန်ကပြောတယ်
ပူလိုက်အေးလိုက်နဲ့ ပဲ သုံးလလောက်ကြာတယ်

ဒီနေ့ ….
ငါ့ ပြတင်းဘောင်မှာ ငှက်ကလေးတွေအစာလာတောင်းတယ်
သတင်းစာနောက်ကျောမှာ မင်းနာရေးသတင်းကိုတွေ့ တယ်
ငါ့ကိုယ်ငါ အလန့် တကြားပြန်မြင်လိုက်ရတယ်
လက်ထဲကဆေးလိပ်ပြာ ဖင်ဆီခံနားကပ်နေပြီ
မင်းနာရေးသတင်းကို မျက်တောင်မခတ်ငါကြည့်နေတယ်
ငါ့မျက်တောင်တွေမခတ်တော့တာကို ငါကပြန်မြင်လို့ 
ခဏနေရင် သူတို့ ငါ့ကိုလာခေါ်ကြလိမ့်မယ်……..။

Read more...

လတ်တလော သတင်းကောင်း

Saturday, May 22, 2010

အားလပ်နေသောနေ့ တစ်နေ့ တွင် ကဗျာရေးရန်စိတ်ကူး၌၀င်လာသောကြောင့် ဘောလ်ပင်
နှင့်စာရွက်တစ်ရွက်ကို ယူလာစဉ် သူတို့ ကျွန်တော့်အားကြည့်နေကြသည်။ သူတို့ ဟုဆိုသော
ကြောင့် သူတို့ ဖြစ်သည့်အတွက် ကျွန်တော့်ကိုဝိုင်းအုံ၍ဖြစ်ဖြစ် တစ်ယောက်ခြင်းဖြစ်ဖြစ်
ပူးကပ်၍ဖြစ်ဖြစ် သို့ သော်သူတို့ ပိုင်ခန္ဓာကိုယ် သူ့ တို့ ပိုင်သောအကြည့်ဖြင့် သူတို့ မပိုင်သော
ကျွန်ုပ်၏ ခံစားမှုအာရုံများကို ကောက်ရိုးပုံစောင့်သလို (စောင့်သောမျက်စိဖြင့်) စောင့်ကြပ်
ကြည့်ရှုနေကြသည်။ ကျွန်ုပ်သိသည်မှာ သူတို့ သည်ခွေးများမဟုတ်ကြပါ။ သူတို့ ကောက်ရိုး
မစားကြပါ။ စားသူများမဟုတ်ကြပါ။
ကျွန်ုပ် “ဂငယ်”ရေးလျှင် သူတို့ ”ပစောက်”ရေး ကျွန်ုပ် “ကကြီး” ရေးလျှင်
သူတို့ ”ယပက်လက်”ရေး ကျွန်ုပ် “သ” ရေးလျှင် သူတို့  “ဘကုန်း” ရေးလို့ 
နောက်ဆုံးကျွန်ုပ်သည် Shift + Delete နှိပ်၍ Enter ခေါက်ချလိုက်သည်။
သူတို့ ၏ကိုယ်ပိုင် Error များ သူတို့ ပိုင် X (အိတ်စ်) ဘာသာစကားများထွက်ကျလာခြင်း
အလျဉ်းမရှိတော့ပါ။ ထို့ နောက်……
ထို့ နောက်ကို ထို့ နောက်ဟုပြောသည့် အတွက် ဘယ်နောက်လည်းဟုမေးရန်လိုမည်မထင်
ကျွန်ုပ်ဆိုလိုသည်မှာ လူနောက် နွားနောက် မဟုတ်ပဲ ထို့ နောက်ဆိုသည်မှာ
အပေါ်က ကိစ္စကြီးငယ်များ ပြီးသည့်နောက်ဟု အနက်အဓိပ္ပာယ်ရပါသည်။
ကဗျာတစ်ပုဒ်ကိုစနစ်တကျ ဖတ်ရွတ်နေလိုက်သည်။ နောက်ထပ် ….. နောက်ထပ်
တစ်ပုဒ်ပြီး တစ်ပုဒ်ကို ပထမဆုံးတစ်ပုဒ်ကဲ့သို့ ဖတ်ရွတ်ပြီးနောက် ကဗျာထဲမှ
ပေါခြင်းသောခြင်း ထွက်ကျလာသောအရာများရှိလာပါသည်။ အချစ်တစ်မျိုး
အမုန်းတဖုံ အလွမ်းတစ်ဇတ်နှင့် မိန်းမငယ် များ ဆံနွယ်များ ယောက်ျား (ကဗျာရေးသူ)များ၏
မျက်ရည်စများ အမျိုးသမီးတို့ ၏နှုတ်ခမ်းဖူးဖူး လည်တိုင်လှလှ ရင်မောက်မောက် ခါးသေးသွယ်နှင့် ကျန်သည့်အပိုင်းများများ ဆက်လက်၍လိုအပ်သလို ပြင်ဆင်ဖတ်ရှု
ဖြည့်တွေး တွေးပါက သူတို့ သည် X (အိတ်စ်) သတ္တိကြွ ကလပ်စည်းများဖြင့် ဖွဲ့ စည်း
တည်ဆောက် ထားသူများ ကောက်ရိုးပုံစောင့်နေကြသူများ။ ကြခြင်းဖြစ်သည်။
ကျွန်ုပ်ဆိုလိုသည်မှာ သူတို့ သည်ခွေးများမဟုတ်ကြပါ။ ကောက်ရိုးမစားကြပါ။
သို့ သော် နေ့ စဉ်နှင့်အမှုပြု၍ ဆန့် ကျင်ဘက်လိင်အားထည့်သွင်း စဉ်းစား စာမျက်နှာ
အတွင်းမဖြစ်မနေ တကူးတက တမင်တကာ မေ့လျော့ခြင်းမရှိ ရေးသားလာကြသည်။
စကားလုံးတိုင်း ရင်ခုန်စွဲမက်မှု လိုဘရမ္မက် ပြည့်နှက်မှုများဖြင့် ဆာလောင်လို့ 
ကျွန်ုပ်သည် လူပြိန်းတစ်ယောက်ဖြစ်သဖြင့် လူပြိန်းလိုပဲတွေးသောကြောင့် Sex အခေါ်အဝေါ်
ဖြင့် X (အိတ်စ်) ကဗျာများအဖြစ်သို့ သူ့ အလိုလို ရုပ်ပြောင်းရုပ်လွှဲ လုပ်သွားကြသည်။
တဏှာစိတ်နှင့်အမျိုးမျိုးသော အရသာခံစိတ်တို့ အား ကဗျာထဲထည့်၍ စိတ်ကူးကို စကားလုံး
အသွင်ပြောင်းကာ သီကုံးတင်ပြမှုလား ကိုယ်တိုင်ခံစားမှုလား ကျွန်ုပ်မသိတော့ပါ။
ကျွန်ုပ်ဆိုလိုသည်မှာ သူတို့ သည် ကောက်ရိုးပုံသာစောင့်ခြင်း ဖြစ်ပြီး သူတို့ ခွေးများဖြစ်သည့်
တိုင်အောင် တော်သလင်းခွေးများမဟုတ်ဟု ကျွန်ုပ်ထင်ပါသည်။ ဆယ့်နှစ်လ ရာသီ ခွေးများ
သာဖြစ်ကြသည်။ သို့ သော်ကျွန်ုပ်ဆိုလိုသည်မှာ သူတို့ ခွေးများမဟုတ်ကြပါ။
သူတို့ သည်ကောက်ရိုးစားသူများမဟုတ်ကြပါ။
ခွေးစစ်စစ်များကိုသာ ခွေးဟုပြောသောကြောင့် ခွေးကလေးများသည် စောဒက တက်ချင်ပါက
လေပြေ @gmail.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်း စောဒက တက်လိုက
တက်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

PS. (လူ) များအားရည်ရွယ်ရေးသားခြင်းမဟုတ်သောကြောင့် မည်သူနှင့်မျှပါဝင်ပက်သက်မှု
မရှိပါ။ ခံစားထားခြင်းသက်သက်သာ။

Read more...

ဒါက - ဖာမဟုတ်ရင် ဘယ်လိုသဘောရလည်း

Thursday, May 20, 2010

နှစ်ထောင့်ရှစ်လောက်က စပြီးတော့မှ စာရွက်ပေါ်ရေးပြချပြတာ ကိုယ်ကိုယ်တိုင်က
ကွန်ထရိုးမထားဘူး ကွန်ထရိုးမပေးပဲ
အဲ့တုန်းက ၀ါသနာအရ တောင်ခြစ်မြောက်ခြစ်လုပ်ရင်း ခုကျတော့မှ ဟိုရေးဒီရေး
နဲ့မယ်မယ်ရရဘာမှမရှိပြောတွေပြောရင်း ကနာမည်ကအော်တို ကြီးလာလို့ 
အထိုင်ကျကျ အစီစဉ်ကဆွဲရတော့မလို နာမည်ကပြန်သေးဖို့ ကို လက်မခံတော့ကာ
ကိုယ့်ခေါင်းစဉ်က ပြန်ရှာမရသလို ………။

အော်တဲ့အခါလည်း ရေးဖော်ရေးဖက်က နင်မညာနဲ့  ဘာညာ အာပလာ ပလာတာ
ဆိုပြန်သေးလို့  အော်…ကြည့် …..ကိုယ့်ဆရာသမားတွေကျပြန်တော့လည်း
နေရာကမရသေးဘူး သောက်မြင်လေးက ကတ်ခံရတယ်။
ဒီတော့ကာ….အဲ့တော့…..ကိုယ့်တဏှာအရ ကိုယ့်ဝါသနာအရ ဒီဘက်ခေတ်နဲ့ 
လိုက်ရောရတော့မှ ကိုယ့်မှာလည်း အပိုင်ဆိုလို့  ခိုင်တစ်ယောက်ပဲယိုင်နဲ့ နဲ့ ကျန်
တော့တာလို့  ကြေငြာရမလိုလို….. ဟိုလိုသည်လို ခနဲ့ တဲ့တဲ့ ကရှိတော့
ကိုယ့်ဟာသူ့ မပြရဲ သူ့ ဟာကိုယ်မကြည့်ရဲနဲ့ ဖြစ်ကြကုန်တာ
ဟော…အဲ့တော့….ဘယ်သူက ဘယ်သူ့ အတွက် တောင်းဆိုထားတဲ့
ဘယ်သူရေး ဘယ်သူဆိုတဲ့ ဘယ်သူ့ တေးပါလို့ ဘယ်သူက ဘယ်သူလုပ်တော့မလဲ။

စာရေးဆရာတွေကိုအားကျ စိတ်ကူးကယဉ်ရင်းနဲ့ အကျိုးအမြတ်တွေတွက်ချက်
အမြှီးတွေပေါက်လာလို့ အရိပ်တွေကအနောက်မှာ
အက်ဆေးလို ကဗျာလို ဘာလိုလိုမှန်း သတ်မှတ်ခက်တဲ့ပုံတွေနဲ့  စိတ်ကူးကိုအဓိကထား
ပုံဖော်တာ ရိုက်သွင်းတာ အကုန်လုပ်တယ် လမ်းကြုံရင်ဆိုက်ကားတောင် တက်ခွ
အဲ့သလိုနဲ့  ရေးလာရာက ၀ါးလာတယ် တဖြည်းဖြည်းကူးလာတယ်
တစ်စစ နဲ့ ခိုးလာတယ် ပြီးမှဈေးမှာပြန်သွင်းမယ်လို့  စိတ်ကူးကရတယ်။

ကျွန်တော်က…ကျွန်တော်တို့ က ၀ါသနာအရပဲဖြစ်ဖြစ် ဖာအရပဲဖြစ်ဖြစ်
ကဗျာကို ဖျာလိုလိပ် ဖာလိုချလို့  ဘုန်းခနဲ မြည်မှ ငါကဆရာ ပုံဖမ်းပြီး တွေ့ သမျှ
လမ်းမှာ ဘယ်စာအုပ်အကြောင်း ဘယ်ကဗျာရေးသူအကြောင်း
ဘယ်သူက ဈေးဘယ်လောက်ပေါက်သွားပြီ ဖြစ်ကြောင်း
Day ရော Night ပါ ပိုက်ဆံရှိက ခေါ်လိုခေါ် ခိုင်းလိုခိုင်း နိုင်ကြောင်း
ဖာသည် ဖောက်သည် အခေါက်ခေါက် အခါအခါ ချနေကြတယ်…..။

အဓိက က…..ပြောချင်တာက…..ကျွန်တော်က…….ကဗျာက
ကဗျာကို ဖျာလိုမလိပ်ဖို့  ဖာလိုမချဖို့  အသံမမြည်စေဖို့ နဲ့ 
မဟားဒယား မပြုကျင့်ဖို့ ….။ အဓိကနားလည်ရမှာက
Poetic Lice ကိုသိနားလည်ဖို့  ကျင့်သုံးဖို့ ကအစ ဖာမချဖို့ အဆုံး
တိုက်တွန်းလိုက်ပါတယ် ပရိတ်သတ်ကြီး ခင်ဗျား…..။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP