လေပြေ Poetry. Powered by Blogger.

အော့ဗ်ဂျက် s

Friday, August 20, 2010

လောကဟာ ခြစ်ခြစ်တောက်ပူလောင် လည်ပတ်နေဆဲပဲ
သူ့ ရဲ့အတ္တတွေထဲ ဘ၀များစွာကို အဆိပ်လိုဖျော်ထားတယ်
ခင်ဗျားတို့ အတွက် အဆင်သင့်ရှိနေပြီးသား (ဖျော်စပ်မှု)
သောက်ကိုသောက်ရမယ်
မသောက်မနေရ = လူ့ လောကမှာ လူ့ ဖြစ်ချင်သပဆို
ကဲ ... ခင်ဗျားတစ်ခွက်သောက်
ကျွန်တော်လည်း တစ်ခွက်သောက် မယ် .... ချီးယားစ်
အခုအချိန်ဟာ မွေးကင်းစကလေးငယ် တစ်ယောက်လို
ခင်ဗျားကို နို့ ချိုတိုက်ကျွေးမယ့်သူ အဆင်သင့် ရှိမနေဘူး
ဆိုရင် မျှော်လင့်ချက်တွေ ပိုက်ထားတုန်း ကြည့်ရနည်းနည်းဆိုးတယ်
ဘ၀ရဲ့ လက်နက် အတ္တလို့  ပြောချင်နေတယ် ပြောမယ် ပြောတယ်
ကျွန်တော်က ခင်ဗျားကိုစိတ်ဝင်စားတာ အဲ့ဒါလေးတစ်ခုကြောင့်ပဲ
ဒါနဲ့ ကျွန်တော်က ဘယ်သူလည်း တဆိတ်လောက်ဖြေပေးပါ
အတိတ်ကို လက်တို့ ပြန်မေးရအောင် ပူပင်သောကနဲ့ 
ကျွန်တော့်လို ခင်ဗျားလည်း သောက်သုံးထားပြီးသူ တစ်ယောက်
သို့ ဖြစ်ပါ၍
အို ... အသင်လောက
အသင့်အား လူသားတွေက စွဲလန်းချစ်ခင်တွယ်တာကြပါသည်။
အသင်လှပတင့်တယ်ဖို့ ရာ ကျွန်ုပ်တို့ ၏ ဘ၀အမောများဖြင့်
အသင့်အား ပြင်ဆင်ချယ်သ လိုပါသည်။
အသင် လှပတင့်တယ် ပါစေသား ......... ။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP