လေပြေ Poetry. Powered by Blogger.

မင်းအတွက်လား…….ငါ။

Thursday, May 14, 2009

အချစ်……
ကမ္ဘာမှာသာယာနာပျော်ဖွယ်ကောင်းဆုံးက
အလွမ်းတေးသွားတစ်ပုဒ်ဖြစ်ပါသတဲ့လေ။
ဒီလိုဆိုရင်ဒို့ တွေအတူ
တေးသွားတစ်ပုဒ်သံပြိုင်ဆိုကြည့်ရအောင်
တစ်ဘ၀မှာတစ်ခါဖြစ်ဖြစ်ပေါ့………..။

ဘယ်ဆီဘဲခွဲသွားရပါစေကွယ်
မင်းနာမည်လေးကြားရရုံနဲ့ 
ပျော်ရွှင်စွာရင်ခုန်တတ်ခဲ့ရသူပါ။

ချစ်သူ……
မင်းအချစ်ကမျှားတစ်စင်းသာဆိုရင်
ရင်တွင်းထုတ်ချင်းခတ်ခံရသူကငါပါ….။
မင်းမျက်ဝန်းတွေနဲ့ ဆုံပြီးမှ
နံနက်နိုးထတတ်သူငါ့အတွက်
ဒီလိုဖွဲ့ နွဲ့ ခဲ့တာမလွန်လောက်ပါဘူး…..။

မိုးစက်တွေကနွဲ့ ကလျကျနေတဲ့အချိန်
သူတို့ နဲ့ အတူမင်းကိုလွမ်းမိတယ်ကွယ်….။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP