လေပြေ Poetry. Powered by Blogger.

မင်းရှိနေဆဲပါ……။

Sunday, May 10, 2009

ငါ့အာရုံတွေကိုချုပ်ထားဆဲ
ည့ကောင်းကင်းရဲ့ အဓိပ္ပာယ်က
သန်စွမ်းနက်မှောင်တဲ့ဆံနွယ်တချို့ 
လှုပ်ရှားယိမ်းနွဲ့ ရင်းအရှေ့ဆီမှာ…..
သက်သေသကာယကတော့
လမ်းဘေးမီးတိုင်အောက်ကငါ
ဘုရားသခင်ပေးတဲ့ကောင်းချီးနဲ့ 
ခေါင်းမမော့နိုင်တဲ့ဘ၀မှာ
ဒီမိုးနဲ့ ငါ့ခန္ဓာကိုဆေးကြောသန့် စင်လို့ နေ
စိတ်ဒဏ်ရာတစ်ခုကွယ်ပျောက်မလားလို့ ပါ။
အိမ်ဆိုတဲ့နေရာကိုမင်းမရှိဘဲနဲ့ 
ငါပြန်လာရမှာဝန်လေးနေမိတယ်။
မင်းမရှိတဲ့ငါ့အနား
မိုးနဲ့ ရောတဲ့ငါ့မျက်ရည်ကို
ငါကိုယ်တိုင်တောင်မမြင်ရတဲ့နောက်
ဘုရားသခင်ရောသိနိုင်ပါ့မလား……..?
ငါတွေးရင်းနဲ့ ကြောက်လာမိတယ်။
တစ်ဘ၀လုံးထင်ကျန်နေမှာက
ငါမင်းကိုချစ်နေတဲ့ဒဏ်ရာတွေပဲ။
ချစ်သူ……….
သေမင်းနဲ့ စစ်ဖြစ်နေတဲ့ကမ္ဘာမှာ
မင်းနဲ့ တွေ့ ခွင့်တစ်ခါတော့တောင်းဦးမယ်။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP