လေပြေ Poetry. Powered by Blogger.

တငွေ့ ငွေ့ နဲ့ ပါးတဲ့ငါ………။

Thursday, May 14, 2009

ချစ်သူ…….
မင်းခြေတော်သို့ ဝင်ရောက်ခစားခြင်းက
ငါ့ရင်အဆုံကိုအသက်ငွေ့ ငွေ့ နာကျင်တယ်။
ထုံသင်းတဲ့မင်းရနံ့ ကိုရှုရှိုက်ရခြင်းက
နှလုံးသားကိုအဆိပ်သင့်သလိုခံစားရတယ်။
နေရောင်နဲ့ ဝန်းပတဲ့မျက်နှာကိုခိုးဖူးရခြင်းက
ငါအချစ်တွေတစ်စစတိုးပွားလာခဲ့တယ်…..။

မင်းရှေ့မှာခေါင်းမမော့ရခြင်းကိုအမြတ်မရှပါနဲ့ 
ငါမင်းကိုအသက်ထက်ချစ်မိမှာစိုးရိမ်မိတယ်။
ငါမင်းအနားမှာနေရင်းဘ၀ကိုကုန်ဆုံးမယ်
မင်းနံဘေးခစားတဲ့အစေအပါးဘ၀နဲ့ လေ….။
အခုလိုမင်းခြေဖမိုးကိုနမ်းရှိုက်ရခြင်းကပဲ
မင်းအပါးမှာငါ့ကိုထာဝရရှိနေစေမှာပါ…..။

ချစ်သူ…….
မင်းအလိုမရှိတဲ့နေ့ ငါ့ကိုစွန့် ပစ်လိုက်ပါ
ငါ့နှလုံးသားကကျောက်စိုင်လိုမာကျောရင်
ငါ့မျက်နှာကိုတစ်သက်လုံးမင်းမမြင်ရစေဘူး။
မင်းမရှိတဲ့နေ့ တွေဖြတ်သန်းဖို့ ရာအတွက်
မင်းကိုဦးတိုက်လို့ ခွန်အားတွေမွေးပါ့မယ်။
ဒါကိုတော့မင်းမသိသွားစေရဘူးချစ်သူ….။

ချစ်သူ…….
အမြတ်ရှခြင်းမခံရပါပဲ
မင်းဟာတပါးသူနဲ့ ဖောက်ပြားခဲ့မယ်ဆိုရင်တော့
မင်းရဲ့ အနီးဆုံးအသက်အန္တရာယ်ဟာငါပါပဲ
အဲဒါလည်းမင်းကိုသိပ်ချစ်ခဲ့ရလို့ ပါကွယ်……။
မင်းနဲ့ ငါထပ်ဆုံချင်မိပါသေးတယ်………….။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP