လေပြေ Poetry. Powered by Blogger.

ကျဆုံးခွင့်

Saturday, May 16, 2009

အချိန်ယန္တယားရဲ့ စက်ဝန်းက………
အချစ်တို့ ကိုပိုကာတိုးလို့ လူးကာလွန့် စေ။
မင်းအချစ်နဲ့ အသက်ဆက်ရတဲ့ငါ့အတွက်
ငါ့ပုခုံးထက်မှာတောက်ပလို့ နေပါချစ်ရသူ။

ဂုဏ်ပြုခြင်းလက်ဆောင်က
ကြယ်တာယာတို့ မီးတောက်ဖြင့်ကခုန်စေ။
လရောင်ရဲ့အလင်းကတာယာကိုခါချစေသတဲ့
ဒီညမှာမင်းနဲ့ ထာဝရဆုံရဖို့ ဆန္ဒပြုမယ်……။

စည်းဝါးမကိုက်တဲ့ဘ၀အမောတွေကြားမှာ
ငါ့အချစ်ကိုစားသုံးရင်းအသက်ရှင်ပါချစ်သူ။
လောကလမ်းတွေအလယ်မှာခက်ခဲခဲ့ရင်
ငါ့ပုခုံးကိုအားရအောင်မှီနွဲ့ ထားလိုက်ပါ……။

ငါ့အချစ်ကမင်းရင်ခွင်ထက်
လမသာလည်းညွတ်တွားလို့ ခယပါ့မယ်။
သြော်……ဘာလိုလိုနဲ့ 
ငါယုယခဲ့တဲ့မင်းကသုံးနှစ်စာရင့်ကျက်လာပြီ။
မင်းလက်များထံမှာကျဆုံးခွင့်ပေးပါလော့……။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP