လေပြေ Poetry. Powered by Blogger.

1500 လောက်ရှိပြီ…….။

Sunday, May 10, 2009

ကြွေပြီးသားပန်းတစ်ပွင့်ရဲ့ ပွင့်ဖတ်တွေကို
ပြန်ကောက်တပ်ပေးလို့ ရရိုးလား……?
ယိမ်းနွဲ့ နေတဲ့ပန်းပွင့်တွေ
လေကိုအမိန့် တွေမွတ်ကြား
ရပ်တန့် စေလို့ ရလေမလား……?

နှလုံးသားတစ်ခုလုံးကိုပုံအပ်
မင်းဆီရောက်ရှိခဲ့တဲ့ငါ့အချစ်တွေ
ပြန်လာလှည့်ပါနှလုံးသားရှိရာ
အဲ့ဒီ့လိုရောရမှာလား……..?

ဒီလိုနဲ့ ပဲ……….
ငါ့အချစ်တွေပွင့်ဖတ်နဲ့ အတူကခုန်
လေပွေတွေလိုနွဲ့ ယိမ်းယိမ်းနဲ့ 
မင်းနှလုံးသားထဲဝင်ဝင်ပြေးနေတာ
1500 လောက်များပါပေါ့လား……ချစ်သူ။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP