လေပြေ Poetry. Powered by Blogger.

ခွင့်ပေးပါ…….။

Tuesday, May 12, 2009

ရင်မှာခတ်တဲ့အတောင်တစ်စုံ
နက်မှောင်တဲ့ဟင်းလင်းပြင်ကိုခွင်း
ဆွဲငင်ရနံ့ ထုံကာသင်းသော
ရွှေအဆင်းနဲ့ ဖိုငင်လှိုက်ဝင်
မင်းရင်ခွင်ဆီသို့ ………
နင်းလျှောက်လာခွင့်ပြုပါချစ်သူ…။

အိပ်မက်တဲ့ညနက်တွေရဲ့ ဆွဲအားက
မင်းအလှမှာယစ်မူးတဲ့ငါ့အာရုံကို
မင်းရင်ခွင်သို့ ခိုးဝှက်ကာ
အပိုင်သိမ်းသွားလေသလားကွယ်…..

မျက်ဝန်းရဲ့ ဆွဲအားကရင်လှိုက်ခုန်
ငါရခဲ့တဲ့မင်းအကြည့်တွေက
ငါ့နှလုံးသားကိုဆွဲခါသလို
ကြုံရဦးမယ့်မနက်ဖြန်တွေမှာ
မင်းအကြည့်တွေနဲ့ ထပ်ဆုံပါရစေ။

ဘ၀ရဲ့ အမောတွေပြေစေဖို့ ရာ
ရှေ့ဆက်ရမယ့်လမ်းတွေအတွက်
မင်းလက်ကိုထိတွေ့ ဖူးပါရစေ။
လောကကိုမတွယ်တာချင်အောင်
မင်းကိုချစ်တဲ့နှလုံးသားနဲ့ 
ရင်ခွင်မှာပွေ့ ဖက်ထားပါရစေချစ်သူ…။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP