လေပြေ Poetry. Powered by Blogger.

ပြောချင်နေတဲ့……..

Friday, May 15, 2009

လကပြည့်ဖောင်းလို့ ပေါက်ထွက်မတတ်လှတယ်။
ငါ့ရင်ကကမ္ဘာကိုအငွေ့ ပျံလောက်အောင်ပူတယ်။
ရင်ခုန်သံတာကျိုးလို့ ပွင့်တော့
ကမန်းကတန်းကုန်းကောက်ခဲ့တဲ့နှလုံးသား
တော်ပါသေးရဲ့ …………….
ငါမင်းကိုလုံးဝလက်လွတ်ခဲ့ရတာမဟုတ်လို့ ။

မြို့ ပြရဲ့ မျက်စိနောက်စရာတွေကြားမှာ
မင်းကိုတွေ့ လို့ တွေ့ ငြားလိုက်ရှာမိပါသေးရဲ့ 
အလွမ်းတွေစိတ်ဖြေမရတုန်းက
ကြယ်တာရာတွေလက်ပခဲ့တာကို
နှစ်ဦးသားပြိုင်တူကြည့်လိုက်ခဲ့ရဘူးတယ်။

မင်းနဲ့ သာဝေးကွာပြီးမတွေ့ ဆုံရတော့ရင်
ယစ်ပလ္လင်ထက်ငါ့နှလုံးသားကိုပူဇော်လို့ 
သေသေကြေကြေအောင်ပွဲခံပြစ်မယ်…..။
အချစ်တွေတဖန်ရှင်သန်ထမြောက်စေဖို့ ......။

ညဥ့်နက်ပြီလားကြည့်လိုက်တော့
မမြင်ရအောင်ချစ်တယ်…….။
ဧဒင်ရဲ့ နိယာမကိုကျင့်သုံးလို့ 
သေတပန်သက်တဆုံး
တို့ နှစ်ဦးချစ်ကြမယ်……ချစ်သူ……။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP