လေပြေ Poetry. Powered by Blogger.

ငါချစ်တဲ့သူ

Thursday, May 14, 2009

ည……..
ညရဲ့ အရှင်သခင်ကလမင်းကြီးပေါ့
တည်ခင်းထားလိုက်ပုံတွေများ
အရှင်ပွဲတက်သဘောတွေ့ ပုံမျိုးနဲ့ 
လမင်းကိုတာရာခတယ်………။

စေတမန်လင်းလက်ကြယ်စင်တွေက
လရောင်ကိုတဖိတ်ဖိတ်တောက်ဝန်းရံ
အချစ်နဲ့ သူတို့ ကိုငါဖျန်းပက်လို့ 
သူတို့ ကိုယ်မှာရုပ်ပုံတွေရေးတဲ့ငါ……။

ငါ့အတွက်တောင်းဆုတွေပြုပေးတယ်
အလိုအပ်ဆုံးကမင်းလို့ ပြောတော့မှပဲ
သူတို့ တောင်မတတ်နိုင်ကြဘူးတဲ့လေ။
ငါ့ကိုအချစ်ဝိုင်တွေတိုက်ခဲ့ကြတယ်…….။

ချစ်သူ…….
ငါမှာသူတို့ လိုမလင်းလက်နိုင်ပါဘူး
အများနည်းတူလည်းမကြွယ်ဝပါဘူး
စွဲမက်ဖွယ်အတိမပြည့်စုံတဲ့ဘ၀ပါကွယ်။
တတ်နိုင်တာတစ်ခုက……မင်းအတွက်..။
ဘ၀နဲ့ နှလုံးသားကိုငါပေးပါ့မယ်ကွယ်….။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP