လေပြေ Poetry. Powered by Blogger.

ပုံတွေလားကွယ်………။

Friday, May 15, 2009

မိုးသားကမဲမှောင်လို့ နက်တယ်
ကောင်းကင်တမန်လင်းလက်ကြယ်နဲ့ 
လမင်းကပြည့်ပြည့်ဖြိုးရယ်ပေါ့……….။
သူတို့ ပျော်နေကြတယ်ထင်ပါရဲ့ နော်……

ငါ့မှာတော့မီးမှောင်ချတဲ့အခန်းကျဉ်းထဲမှာ
ဘာမှမမြင်ရအောင်ချစ်သူကိုလွမ်းတယ်….။
ပျော်ခဲ့တဲ့အတိတ်ကိုတမ်းတရင်းက
ငါအရမ်းလွမ်းရပါတယ်ချစ်သူ…………။
ဘယ်တော့များမင်းပြန်လာမလဲလို့ ပေါ့…..။

ငါ့အတွက်တော့မင်းပေးတဲ့အချစ်ညတွေက
အာရုံကိုနှိုးဆွလို့ သတိရခြင်းကိုဖေးမစေတယ်
ငါ့အခန်းမှာတော့ဘယ်လသာပါလိမ့်မလဲကွယ်
နှင်းတွေလည်းမကျပါဘူးချစ်သူရယ်……….။

မင်းငါ့ကိုအချစ်ပုံပြင်တွေပြောပြခဲ့တယ်
အခုတော့မင်းနဲ့ ငါ့ကြားကာဆီးလို့ ထားတာ
အလွမ်းတွေပဲမဟုတ်လားကွယ်………….။
နောက်ဆုံးတော့မင်းလည်းပုံပြင်ထဲကလိုပါပဲ….။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP