လေပြေ Poetry. Powered by Blogger.

လွဲမှားသောဆုံမှတ်........။

Thursday, May 14, 2009

လိပ်ပြာခတ်တဲ့အတောင်တစ်ချက်က
မင်းသာကိုယ့်ကိုပြန်မချစ်တော့ရင်
ကမ္ဘာဖျက်မယ့်မုန်တိုင်းပဲပေါ့ကွယ်….။
ပေါင်းစပ်ခွင့်မရှိမှန်းသိခဲ့ပေမယ့်
မင်းကိုမချစ်ပဲငါမနေနိုင်လို့ ပါ။

ပင့်သက်ရှိုက်ရင်းကြိတ်မှိတ်ကာ
မင်းမျက်ဝန်းနဲ့ မဆုံဖို့ ကြိုးစားရင်း
ငါကျရှုံးခဲ့ရတဲ့နေ့ ပေါင်းများလှပါပြီ။
တိမ်ညိုတွေမျောတဲ့နေ့ မှာငါ့တိမ်တွေ
မင်းကြောင့်ပြိုကျခဲ့တာမှတ်မိသေးတယ်။

လှပတဲ့မင်းနှုတ်ခမ်းသွေးရောင်ကြောင့်
မင်းရှေ့မှာဒူးထောက်ရတာများခဲ့ပြီ….။
အမှတ်မရှိတဲ့နှလုံးသားကြောင့်ချစ်တယ်။
ဆွဲငြို့ တဲ့မင်းအလှမှာယစ်မူးလို့ နှစ်တယ်။
ငါဘယ်လိုခံစားရပါစေဦးတော့ကွယ်..။

အာရုံခံသန်းခေါင်ယံရဲ့ညဥ့်နက်မှာ
ငါမသောက်လိုက်ရတဲ့ Coffee ကို
မင်းအချစ်ထက်နှမျောမိတာအသေချာပဲ။
နားလည်မယ်ဆိုငါ့ကိုခွင့်လွှတ်ပါချစ်သူ……။
ငါမင်းကိုရင်နဲ့ ရင်းပြီးချစ်ခဲ့ဖူးပါတယ်……..။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP