လေပြေ Poetry. Powered by Blogger.

ငါ့မျက်ဝန်းတွေ

Wednesday, August 26, 2009

ချစ်သူ…..
မင်းနဲ့ ပက်သက်ခဲ့မျှတွေအတွက်
အလွမ်းနဲ့ နေရာတစ်ခုငါပိုင်ဆိုင်ဘူးတယ်။
ငါပိုင်ဆိုင်တဲ့အလွမ်းတစ်နေရာမှာ
အချစ်တွေမသေဆုံးခင်ကတည်းက
ခပ်ငွေ့ ငွေ့ လေးငါလွမ်းတတ်နေတယ်။
ခုထိလည်းလွမ်းတုန်းပဲ……။

ဒီအချိန်လောက်ဆိုမင်းအတွက်
မျက်နှာလိုက်ပြီးပွင့်လန်းခဲ့တဲ့
ပန်းနီနီတို့ ဝေဆာနေရော့မယ်။
သြော်…ရာသီတွေရယ်…..
လည်နိုင်လွန်းလိုက်တာနော်……..။
သူပြန်မလာဘူး…….
သူမပြန်ရောက်မလာခြင်းက
ရင်ခွင်စစ်တလင်းတစ်ခု
အလွမ်းတွေပြန်ကောက်သိမ်း
လက်နက်မဲ့
ရင်တွင်းအလွမ်း…….
ဝဲတဲတဲမျက်ရည်စတွေနဲ့ 
တိုးတိုးကြိတ်ကြိတ်တိုက်ပွဲ
မျက်ရည်တစ်ပေါက်က
ငါ့စိတ်ဓာတ်ကိုပျက်စေ…..။
ပျက်နေတဲ့ငါ့စိတ်တွေက
မင်းစိတ်တွေကြောင့်ငါငိုမိသွားတယ်။
ခွင့်လွှတ်ပါ….ချစ်သူရယ်…..။
အလွမ်းတွေကိုဒီထက်ကြာအောင်
ငါမစောင့်ရှောက်နိုင်တော့လို့ ပါ…….။

အလွမ်းနဲ့ အတူ……..
ဒီလိုအလွမ်းတွေနဲ့ အတူတူ
ပါဝင်လာသမျှတွေအားလုံးအတွက်
ငါ့ကိုယ်ငါကြိုးတွေတုပ်လို့ 
သေဒဏ်တစ်ရပ်ကိုငါစောင့်နေတယ်။
သေဒဏ်တစ်ရပ်……
သေဒဏ်တွေရပ်သွားတဲ့ခဏ
ငါ့အလှည့်မလာခင်ထိတော့
ငါမလွမ်းချင်တဲ့ဘ၀မှာ
အလွမ်းတေးတွေငြီးလို့ 
မရေတွက်နိုင်တဲ့အလွမ်းနဲ့ 
မင်းကိုလွမ်းနေရသူငါ………။
ကြာတော့အလွမ်းတွေကိုတောင်
မုန်းမုန်းလာခဲ့ပြီ………။

အဘယ်ကြောင့်နဲ့ 
ဒါပေမယ့်ပေါင်းများစွာက
မင်းကိုမုန်းဖို့ မဖြစ်တဲ့ငါ့ရင်တွေ
တိတ်တဆိတ်လွမ်းချင်းငြီးနေပြီ။
ငါ့မျက်ဝန်းတွေထဲကတဆင့်
တွေ့ တွေ့ နေတဲ့အလွမ်းနေ့ တွေ
နေ့ ပေါင်းများစွာ……
လပေါင်းများစွာ…….
ဒီနေ့ ထက်ထိလည်းမြင်နေတုန်း
မင်းကိုလွမ်းနေရတဲ့ခဏတွေမှာ
လွမ်းလွမ်းဆွေးဆွေးခပ်ရေးရေးနဲ့ 
ငါ့မျက်ဝန်းတွေသိပ်ကိုလှနေတယ်။

Print this post

3 comments:

ဇော် said...

အဲ့ဒီသိပ်လှနေတယ်ဆိုတဲ့ မျက်ဝန်းလေးနဲ့ ကဗျာတစ်ပုဒ်ကို ဖန်ဆင်းခဲ့တဲ့ လက်အစုံကို ချီးကျူးမိတယ်ဗျာ။
ကဗျာလေးတွေ သိပ်လှတယ်။ =]

ဆောင်းယွန်းလ said...

လွမ်းရတဲ့ နေ့တွေညတွေ.ကုန်လွန်နိုင်ပါစေညီလေးရေ
အလွမ်းပြီးတော့..အလွမ်းမရောက်ပါစေနဲ့
အဲဒီမျက်ဝန်းတွေနဲ့ အချစ်ကိုတွေ့နိုင်ပါစေ

အဖြူရောင်နတ်သမီး said...

အရမ်းကောင်းတယ်...လေပြေရေ...
အဲဒီလိုရေးတတ်ဖို့...
“မ”(၁၀)နှစ်လောက်တော့ ကြိုးစားရအုံးမယ်ထင်တယ်...
အဲဒါတောင် မသေခြာသေးဘူး...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP