လေပြေ Poetry. Powered by Blogger.

ငါ............

Sunday, August 9, 2009

ငါ….
ငါဟာလူနဲ့ မလိုက်တဲ့မာနကောင်တစ်ကောင်
ငါ….
ငါဟာငါနဲ့ မထိုက်တဲ့ငါ့နှလုံးသားကိုပိုင်တဲ့ကောင်
ငါ….
ငါဟာသူတစ်ပါးအတွက်မီးအိမ်တစ်လုံးကိုထွန်းညှိပေးတဲ့ကောင်
ငါ….
ငါဟာ
ငါဟာငါ့ကိုယ်ကိုယ်သေမင်းမျက်စိနောက်အောင်ပြုတဲ့ကောင်
ငါ….
ငါဟာချစ်သူစွန့် ပစ်ခြင်းကိုအလေးမမှုတတ်တဲ့ကောင်
ငါဟာမချစ်တတ်တဲ့နှလုံးသားအသေနဲ့ လမ်းလျှောက်တဲ့ကောင်
ငါဟာချစ်သူကိုအောက်ကျရမှာဝန်လေးမိတဲ့ကောင်ပေါ့
ငါ့မာနအတွက်တော့မင်းလက်ကိုဖမ်းဆုပ်မယ်လို့ မထင်နဲ့ 
မင်းလဲကျတဲ့အခါမတော့ငါ့လက်ကအသင့်ပေးကမ်းလိမ့်မယ်
ငါ့မာနရဲ့အတ္တကငါ့ကိုပြန်သတ်တဲ့အခါ
ငါဟာအဖန်ငါးရာသေဖို့ အသင့်ရှိနေတတ်တဲ့ကောင်
ငါဟာလူတွေကြားထဲနေရမှာကိုဝန်လေးတတ်တဲ့ကောင်
ငါ…
ငါဟာ….
ငါ့ကိုယ်ငါလူဖြစ်နေခြင်းအတွက်
တခါတခါငါ့ကိုယ်ငါပြန်ကြောက်တတ်တဲ့ကောင်ပေါ့။
အဲ့ဒီ့ကောင်ကငါ.....။

Print this post

1 comments:

nyana said...

ငါ...ဆိုတဲ့ကောင်..အတ္တကောင်...
ခင်ဗျား..အကြောင်းအရာတွေ
သဘောကျတယ်...
အာရုံရရင်တော့ ဗျာ..ဒီကိုလဲလာပါဦး..http://nyanazawlwin.multiply.com
ကျူပ်လဲ ကဗျာရေးတယ်ဗျ...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP