လေပြေ Poetry. Powered by Blogger.

နောက်ဆုံးသောကြာ......

Sunday, August 9, 2009

ဘ၀ကိုကကမ်းပါးဆန်နေလိုက်တာ
တစ်စတစ်စနဲ့ဖြိုချခံနေရတဲ့
ငါ့ရဲ့မျှော်လင်ရခြင်း ကွင်းပြင်ကြီး
အခုတော့လွင့်ပါးသွားပြီ.....
ဘယ်လိုသံယောဇဉ်မျိုးနဲ့လိုက်ဖမ်းရင်ရနိုင်မလဲ..
မသွားပါနဲ့မပြောဖြစ်ခဲတဲ့တိတ်ဆိတ်နှုတ်ခမ်းအစုံ
ကိုယ့်ရှေ့ကအနက်ထည်လမ်းမကြိး
မိုးစက်တွေလား မျက်ရည်တွေလား
ကွဲကွဲပြားပြားနားမလည်လိုက်ခင်
သူရဲ့အပါးကထွက်ခွာလာခဲ့တယ်
ကျန်ရစ်ခဲ့ရတာလား
ကိုယ်ကိုယ်တိုင်က ချန်နေခဲ့တာလား
မြတ်နိုးခွင့်မရှိတော့ပေမယ့်
လွမ်းတယ် ချစ်သူ.........
တကယ်တမ်းကျတော့
ဖန်တီးခွင့်မရဆုံနိုင်ခွင့်မရနဲ့ နောက်ဆုံးတော့
ခွဲခွာခြင်းဆိုတဲ့စကားစုကသာ
ငါ့သံယောဇဉ်တွေကို ရူးသွပ်မှုတစ်ခုအဖြစ်
တန်ဖိုးဖြတ်သွားမှာပါ....
တစ်ခုပဲရှိတယ်.
နတ်ခတ်တွေမှားယွင်းခဲ့ကြတာ
ငါ့ရင်ဘတ်ထဲက သယံဇာတတွေ
သူမရိပ်မိလိုက်ဘူး.......
p.s ကျနော့်အစ်မလိုသဘောထားရတဲ့အစ်မနွေး(ပြည်)ရဲ့ကဗျာလေးပါ။

Print this post

5 comments:

အနော် said...

ကျန်ရစ်ခဲ့ရတာလား
ကိုယ်ကိုယ်တိုင်က ချန်နေခဲ့တာလား
မြတ်နိုးခွင့်မရှိတော့ပေမယ့်
လွမ်းတယ် ချစ်သူ.........
ကဗျာလေးကို လာခံစားသွားပါတယ်နော်
ကဗျာလေးထဲမှာ အလွမ်းတွေနဲ့ ရင်နဲ့အပြည့် အချစ်တွေ တွေ့ရတယ်

ဇော် said...

အဲ
ကောင်းတဲ့ကဗျာလေးပဲဗျ။ =)

yangonthar said...

လွမ်းတယ် ကွာ ဒီကဗျာလေးဖတ်ပြီး ရေးသူ မျှသူများအား ကျေးဇူး :D

nyana said...

ဒီရင်က သယံဇာတ များ....သူမခဲ့ရှာဘူးတဲ့..
နောက်များမှ သိရင်ဖြင့် ...နှမျောစရာပဲ..ဗျို့..
ခင်ဗျား ကျောက်စိမ်းတုံး ခပ်ရိုင်းရိုင်းကြီးလို နေလိုထင်ပ
ကျုပ်....အသံတူတူပဲဗျို့

သားကြီး said...

ငါလဲ သောကြာ ပါတဲ့ ကဗျာလေးတစ်ပုဒ်ရေးဘူးတယ်ကွ မင်းကဗျာလေးဖက်ပြီး ငါတောင် ပြန်လွမ်းသွားပြီကွာ

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP