လေပြေ Poetry. Powered by Blogger.

ငါဌာန်းတဲ့မူခွဲတစ်ခု

Sunday, August 16, 2009

ငါ့ကိုယ်ငါခံယူချက်မူကွဲတစ်ခုနဲ့ 
လမ်းလျှောက်တဲ့သူလို့ ထင်ခဲ့ပေမယ့်
တကယ်တော့……
ရပ်တည်စရာဆိုတာဟာ
ငါ့ကိုယ်ငါအတွက်
ငါ့ခြေထောက်တောင်မဖြစ်ခဲ့ဖူးဘူး။

ငါ့အသိနဲ့ အမြင်တစ်ခုက
ကိုယ်ကျင့်တရားဆိုတဲ့အရာဟာ
လူလိုအကောင်လိုက်မဟုတ်တဲ့
စိတ္တဇကောင်တစ်ကောင်…….
လက်ဆုပ်လက်ကိုင်မရှိတဲ့ငါ့အတွက်
ငါ့မှာရှိတဲ့တစ်ခုတည်းသောဖြောင့်ချက်က
ငါဆိုတာကိုယ့်ကိုယ်ကိုတောင်
အထင်ကြီးစရာတွေကိုရိုက်သတ်ထားတယ်။
သေကြကြေကြပလေ့စေပေါ့…..

အတ္တနဲ့ ရှင်သန်ရတဲ့ဘ၀တွေ
ငါ့အတွက်တော့…..ငါ့ကိုယ်ငါ
ချော်ရည်ပူထဲတွန်းတွန်းချနေရသလို
ဘ၀ကိုကိုယ်တိုင်ကိုယ်ကျလောင်ကျွမ်းတယ်။
မရွာတဲ့မိုးနဲ့ ကိုယ်လက်သန့် စင်ခဲ့တာဟာ
လူတွေမြင်သာအောင်ရူးပြခဲ့တာပါ…….။
ခဏတဖြုတ်သူရူးတစ်ယောက်လိုနေခဲ့တာနဲ့ 
အဖြည့်ခံဖြစ်သွားရောသတဲ့လား……..။

မာနတွေကိုတော့
ခဏခဏဖြုတ်သိမ်းဖြစ်နေတယ်…..။
သတ်ပစ်သင့်တဲ့နေရာရောက်တဲ့အခါ
ဓားတစ်ချောင်းကောက်ရပါစေလို့ 
ငါဆုတောင်းမယ်…….။

လောကမှာပျော်စရာတွေခမ်းခြောက်ခဲ့ရင်
ပလို့ ဂျိတေးသွားတစ်ပုဒ်နဲ့ 
ငါ့ကိုယ်ငါ ကခုန်စေမယ်…….။
မာရဏလမ်းတစ်လျှောက်မှာ
ငါ့နာမည်ပေါ်နေပြီဆိုရင်တော့
ငါဟာတစ်ခုတည်းသောအရာကို
မြင်ယောင်တွေးဆနေမယ်……။
အဲ့ဒါဟာ…….
ငါ့လက်နဲ့ တို့ ထိခဲ့တဲ့ကဗျာတွေပေါ့။

နံနက်ခင်းမှာပါလာတဲ့အလင်းသစ်တို့ က
အတင်းဖျင်းပြောသူတွေကို
သူတို့ ကိုယ်သူတို့ သတ်သေစေတယ်။
အမှတ်မဲ့စွာနဲ့ နေခဲ့မိလို့ လား……
ငါ့အာရုံတွေရဲ့ခင်းကျင်းမှုတစ်ခုက
ဖြူစင်ပါးလွှာတဲ့အမှေးပါးတွေနဲ့ 
ငါ့ကိုယ်ကျင့်တွေကိုငါထိမ်းစောင့်တယ်။

အရောင်ဆိုးတဲ့ပါတ်ဝန်းကျင်ရေ…..
ကြားနိုင်ရင်တစ်ခုတော့နားထောင်ပေးပေါ့။
လရောင်ဆိုတာခွေးဟောင်လို့ နွမ်းသတဲ့လား
ဒီလိုသာဆိုခဲ့ရင်…..
ကမ္ဘာမှာလူတွေလရောင်ကိုငတ်မွတ်
အင်္ဂါဂြိုဟ်ပေါ်တစ်ပတ်ပတ်လို့ 
တူတူပုန်းတမ်းကစားတဲ့စတိုင်တစ်မျိုးနဲ့ 
လကိုစမ်းတ၀ါးဝါးလိုက်ရှာနေရော့မယ်။

လူတွေမမြင်ချင်တဲ့ငါ့ကိုယ်ငါ……..
သိုဝှက်ထားဖို့ နေရာတစ်ခုလိုက်ရှာနေတယ်။
ငါ့ကိုယ်ငါအာမခံချက်တစ်ခုနဲ့ ပျောက်ကွယ်ချင်လို့ ။
မင်းတို့ ငါ့ကိုမမြင်စေရတော့ပါဘူး……..။
နောက်ကွယ်ကကန့် သတ်ချက်တစ်ခုက
မင်းတို့ ကဗျာတွေမဖတ်ကြနဲ့ တော့……
ဖတ်မိရင်တော့ငါနဲ့ မဆုံဖို့ တာဝန်မယူဘူးလေ……။
ဒါပေမယ့်….ခုမင်းဖတ်နေတာငါရေးတဲ့ကဗျာ……….။

Print this post

4 comments:

နွေဆူးလင်္ကာ said...

ခေါင်းစဉ်ကို နားမလည်ဘူးဗျ။ ဘာကိုပြောချင်မှန်းမသိဘူးဖြစ်နေတယ်။ ကျွန်တော်က ပိန်းတယ်။

ဆောင်းယွန်းလ said...

လောကမှာပျော်စရာတွေခမ်းခြောက်ခဲ့ရင်
ပလို့ ဂျိတေးသွားတစ်ပုဒ်နဲ့ 
ငါ့ကိုယ်ငါ ကခုန်စေမယ်…….။
မာရဏလမ်းတစ်လျှောက်မှာ
ငါ့နာမည်ပေါ်နေပြီဆိုရင်တော့
ငါဟာတစ်ခုတည်းသောအရာကို
မြင်ယောင်တွေးဆနေမယ်……။
အဲ့ဒါဟာ…….
ငါ့လက်နဲ့ တို့ ထိခဲ့တဲ့ကဗျာတွေပေါ့။

ပေါက်ကွဲလှချည့်လားညီလေးရ
နှစ်ခေါက်တိတိပြန်ဖတ်သွားခဲ့တယ်

ဂျေဂျူဝိုင် said...

ကဗျာလေးက ကောင်းတယ်။ အပိုဒ်တိုင်း ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစရာတောင် ပြန်ရိုက်သတ်ချက်တွေ ကောင်းတယ်။ မာနဆိုတာ ထွန်တုံးကို မြိုမိတဲ့ မြွေလိုပဲတဲ့။ အားပေးပါတယ်။ ဆက်လက် စပ်ဆိုနိုင်ပါစေ

မေသူ said...

း)

သေချာတာတော့ ကိုလေပြည့်ကဗျာလာဖတ်တာပါ။

ခင်တဲ့
မေသူ

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP