လေပြေ Poetry. Powered by Blogger.

မိုးရာသီအလွမ်း

Sunday, July 26, 2009

မိုးဆိုတာ....
အလွမ်းရာသီလား
ရင်တစ်ခုလုံးကြေပြုန်းနေတာတောင်
မျက်ရည်တွေကမစဲနိုင်ဘူး
ငါလေ
တမြေ့မြေ့နဲ့လောင်ကျွမ်းမယ့်အစား
တခါတည်းသာမေ့လိုက်ချင်တယ်
မမာကျောနိုင်တဲ့နှလုံးသားတစ်ခုကတော့
မိုးခါးရေသောက်မိနေတုန်းလေ
သတိရနေတယ် ချစ်သူ
မင်းမြင်အောင်ကြည့်တက်ခဲ့မယ်ဆိုရင်
(ရင်ဘတ်ထဲမှာ)
စကားလုံးတွေထက်လေးနက်တဲ့
အချစ်တစ်ခုရှိတယ်
ဲမြိုသိပ်နိုင်ခဲ့လွန်းသူတယောက်အတွက်
ကံကြမ္မာကတမ်းတမှုတွေနဲ့ဒဏ်ခတ်ခဲ့တယ်
လွမ်တက်အောင်သင်ခဲ့တဲ့သူရယ်
မင်းမရှိတဲ့မြို့မှာ
ခုတော့
အကြင်နာတွေမိုးခေါင်နေတယ်.......
ရေးသူ(နွေး)

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP