လေပြေ Poetry. Powered by Blogger.

ပြခန်း

Sunday, July 26, 2009

ငါ့အနုပညာတစ်ခုကိုငါကိုယ်တိုင်မွေးဖွားလိုက်တယ်
သက်ဝင်တဲ့စုတ်ချက်တွေကိုငါကိုယ်တိုင်ရေးပြီးတော့
လှပတဲ့ကောက်ကြောင်းတွေကမင်းဆံနွယ်တွေနဲ့ 
ပြီးတော့….
အလွန်လှပတဲ့အရောင်တစ်မျိုးလည်းပါရဲ့
အဲ့ဒါကတော့အဖြူရောင်ပါချစ်သူရယ်။
ဟုတ်တယ်…….
စာရွက်တစ်ရွက်မှာမှင်ဖြူဖြူနဲ့ ငါရေးခြစ်တယ်။
ဘာမှမမြင်ရဘူးလို့ မင်းထင်လား….။
အဲ့လိုဘာကိုမှမြင်နိုင်ခွင့်မရှိတော့လောက်အောင်ပဲ
ငါမင်းကိုသိပ်ချစ်ခဲ့ရပါတယ်ချစ်သူရယ်……။
ငါဟာဟီးရိုးတော့မဟုတ်ပါဘူးချစ်သူ
ငါဟာအသေးမွှားကောင်တစ်ကောင်ပေါ့
နှစ်ကိုယ်ကြားပြခန်းတစ်ခုအတွက်
ရောင်းတမ်းမ၀င်တဲ့ငါ့အချစ်ကိုမင်းရှေ့ချပြတယ်
ငါဝမ်းသာတယ်ချစ်သူ…….
ငါ့အပေါ်လေ……..
မင်းလောက်နှစ်လိုဖွယ်ဘယ်သူမှမကောင်းခဲ့ကြဘူး
ငါ့အနုပညာတစ်ခုကိုမင်းရရှိသွားလိုက်တယ်လေ။
ငါကျေနပ်ပါတယ်ချစ်သူ……
နွေရာသီပြခန်းထဲကငါ့အချစ်တစ်ခုအတွက်
မွန်းကြပ်မှုတွေထဲကရုန်းထွက်နိုင်ပြီချစ်သူ
ငါဟာမင်းကြောင့်တန်ဖိုးတစ်ခုရလိုက်ပြီ
မင်းကိုလက်မလွှတ်ချင်လောက်အောင်ပဲ
ငါခင်တွယ်သွားမိခဲ့ပါရဲ့ကွယ်…..။
ဆောင်းတညမှာ…..
နှင်းတွေကျလို့ ငါသိပ်ချမ်းလွန်းနေတယ်ချစ်သူ
ထွေးပွေ့ ယုယခြင်းတစ်ခုငါလိုလားနေတယ်။
ခဏအကြာမှာ……
ငါ့မျက်ရည်တွေထိန်းမနိုင်ခဲ့မယ့်အဖြစ်ဆိုးတွေ
ငါ့ဆီရောက်လာမယ်ဆိုတာကိုငါသိထားခဲ့ရင်လေ….
သြော်……
ငါဟာအသေးအမွှားပါလို့ ပြောခဲ့သားပဲကွယ်…..။
ငါဟာတပါးသူအတွက်လက်ဆောင်ဖြစ်ရမှာကို
အစောကတည်းကငါသိခဲ့ဖို့ ကောင်းပါတယ်ကွာ။
ခုတော့…..
ငါ့ပြခန်းလေးကိုပြန်တောင့်တမိပါတယ်ချစ်သူရယ်။

Print this post

1 comments:

တေလေ said...

ဒီကဗျာလေးကောင်းတယ်သားကြီးရေ....
တော်လာပီ...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP