လေပြေ Poetry. Powered by Blogger.

ယဉ်ကျေးမှုတစ်ခု

Wednesday, July 29, 2009

ငါငြိမ်ငြိမ်လေးထိုင်နေတယ်
ငါ့ခေါင်းထက်ကအေးစက်စက်နိုင်တဲ့
နာရီပေါင်းများစွာကအတွေးတွေ……
ပန်းတပွင့်လို့ ထင်ရတဲ့အရာလေး
ငါ့မျက်စိရှေ့ကိုကျလာတယ်…..
အဲ့ဒီ့အချိန်မှာပဲ
ငါသူတို့ နဲ့ တိုးတိုးလေးတိုင်ပင်တယ်။
တကယ့်ကိုတိုးတိုးလေးပါပဲ…….
ငါအာရုံေ၀၀ါးစွာနဲ့ ပဲ
လောကကြီးနဲ့ များစွာသောများစွာသော
အမေးဖြေတွေငါလုပ်မိနေတယ်…..
ငါသိထားတာကသစ္စာဆိုတဲ့အရာ
လူမှာပဲရှိတယ်တဲ့……
ငါ့ဌာနီနောက်မှာကျန်ခဲ့ပြီလေ……
ငါ့ခြေထောက်တွေဆွဲနှုတ်မရဘူး
လောကီနွံမှာငါနစ်နေတာပေါ့……
သူတို့ ပြောတဲ့အဖြေကိုငါသိသားပဲ
ကိုယ့်ကိုယ်သတ်သေပါတဲ့…..
ဟုတ်လား…………
ငါအဲ့လောက်မမိုက်ပါဘူးကွယ်။
ငါ့အတွေးတွေကတော့ငါ့ကို
သူတို့ နဲ့ အတူရောမြိုချလိုက်တယ်။
သူတို့ ငါ့ကိုနိုင်မယ်လို့ ငါမထင်ပါဘူး။
ဘာလို့ လဲဆိုတော့…..
ငါ့အတွေးရဲ့အရှင်သခင်က
ငါကိုယ်တိုင်ပဲဖြစ်နေတယ်လေ။

Print this post

3 comments:

Banyarshein said...

ငါ့အတွေးတွေကတော့ငါ့ကို
သူတို့ နဲ့ အတူရောမြိုချလိုက်တယ်။
သူတို့ ငါ့ကိုနိုင်မယ်လို့ ငါမထင်ပါဘူး။
ဘာလို့ လဲဆိုတော့…..
ငါ့အတွေးရဲ့အရှင်သခင်က
ငါကိုယ်တိုင်ပဲဖြစ်နေတယ်လေ။

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ

kaungkinpyar said...

ကဗျာလေး ကောင်းတယ်၊ တို့အတွေးတွေလဲ မြိုချ ထားတယ်၊

မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါ

yangonthar said...

ကဗျာလေးကောင်းတယ်တယ် ညီ လင့်သွားမယ်

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP