လေပြေ Poetry. Powered by Blogger.

တစ်ကိုယ်လွမ်းချင်း

Sunday, July 26, 2009

သတိရနေဆဲချစ်သူ(မေ့မပစ်နိုင်ဘူး)
ဟိုတုန်းကမိုးနေ့တွေကိုလေ
အကြင်နာထီးတချေင်းအောက်က
မှီတွယ်ခဲ့ဘူးတဲ့လက်တွေနဲ့
အတူတူအချမ်းပြေသောက်ခဲ့တဲ့ကော်ဖီတခွက်ကိုလေ
တကယ်ဆို
မရွာပဲခြိမ်းတဲပမင်းရဲ့မိုးရေစက်တွေအတွက်
ငါဟာ
မျော်လင့်ခြင်းဆိုတဲ့ဆေးခါးခါးတစ်ခွက်တောင်
ချိုမြိန်နေခဲ့တာပါ.......
အဖြည့်ခံဆိုတာ
နာမည်သာကဗျာဆန်တာ
နှလုံးသားတစ်ခုကွဲကြေသွားတာ
လူတွေမှမသိလိုက်ကျတာပဲ
အခုတော့လဲ
အဲဒီအကြင်နာမရှိတဲ့မိုးခြိမ်းသံတွေကြား
ကိုယ်တယောက်ထဲ
သူမသိအောင်လွမ်းနေရတာကိုပဲ
နှစ်သက်နေတက်ခဲ့ပြီ......
ရေးသူ(နွေး)

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP