လေပြေ Poetry. Powered by Blogger.

ချာတိတ်

Sunday, July 26, 2009

နီထွေးထွေးနှုတ်ခမ်းတစ်စုံနဲ့ အပြုံး
ငါ့ရင်တွေဆွဆွလေးခုန်မိတယ်
ခပ်ဆွေးဆွေးနဲ့ မျက်ဝန်းနက်လေး
ငါ့ကိုခပ်ငေးငေးလေးကြည့်မိစေတယ်
ဆံနွယ်တွေရစ်ငင်တဲ့လည်တိုင်တလျှောက်
ငါ့အကြည့်တွေနဲ့ နမ်းရှိုက်မိလိုက်တယ်….
တောင်းပန်ပါတယ်ချာတိတ်လေးရေ….။
မင်းအလှကိုငါမြင်မြင်နေရတယ်….။
ယဉ်လွန်းနေတဲ့မင်းခနွ့ာအလှက
တောင်တန်းတွေလိုငါ့ကိုပြုစားတယ်။
မျက်ဝန်းတွေဝင်တိုက်မိတဲ့ခဏမှာ
ငါ့ရင်တွေဟာတာတာဖြစ်သွားတယ်
သေချာပါတယ်……
ငါ့နှလုံးသားလေးပါသွားပြီလေ။
ရိုးရှင်းစွာဓားပြတိုက်ခံလိုက်ရတာပေါ့
မင်းနှလုံးသားကိုပြန်လိုက်တောင်းမယ်။
မင်းကိုလက်စားခြေတဲ့အနေနဲ့ လေ။
ငါ့နှလုံးသားကိုမင်းလိုရာသုံးစွဲပါ
ငါ့အတွက်တော့
မင်းကိုလက်စားချေခွင့်အဖြစ်နဲ့ 
မင်းနှလုံးသားကိုအသာတကြည်ပြန်ပေးပါ။
မင်းကိုသိပ်ချစ်ခဲ့ရလို့ ပါချာတိတ်
ငါ့ရဲ့မျက်ဝန်းတွေကတော့မင်းခနွ့ာအနှံ့ ကို
ပွတ်သပ်ကိုင်တွယ်နေမိတယ်ချာတိတ်ရယ်။
ငါမင်းကိုသိပ်ချစ်လို့ ပါ။

P.S သီချင်းတစ်ခုမှာထိုစာသားအားမှီငြမ်းထားသည်။
(ငါ့ရဲ့မျက်ဝန်းတွေကတော့မင်းခနွ့ာအနှံ့ ကို
ပွတ်သပ်ကိုင်တွယ်နေမိတယ်ချာတိတ်ရယ်။)

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP