လေပြေ Poetry. Powered by Blogger.

မဆုံးတဲ့ကဗျာ

Thursday, September 10, 2009

ခါးသက်သက်နဲ့ ကော်ဖီတစ်ခွက်
အဓိပ္ပါယ်မဲ့ငါကြည့်နေတယ်…။
အရသာမဲ့ငါသောက်နေတယ်။
တစိမ့်စိမ့်နဲ့ ထွက်လာတဲ့အတွေးမှာ
မင်းနှုတ်ခမ်းတွေလှနေတယ်…။

ကဗျာတစ်ပုဒ်ကိုအသက်သွင်းယူ
မင်းကိုဖျော်ဖြေမယ့်သူကငါ
ကဗျာရွတ်သံတွေ
မင်းကြားရဲ့လားချစ်သူ….
ငါ့ရင်ထဲကကဗျာရွတ်သံတွေလေ
မင်းကြောင့်ကဗျာတွေရေးတတ်ခဲ့ပြီ

လှလှပပနဲ့ သေဆုံးခြင်းတစ်ခု
ငါမလိုလားခဲ့မိဘူး….
မျက်ရည်တွေနဲ့ တော့မင်းကိုလွမ်းချင်မိခဲ့တယ်
မာနတွေတစ်စီတစ်တန်းနဲ့ 
ယောက်ကျားဆိုတဲ့လက်မငါမထောင်ဘူး
မင်းနှုတ်ခမ်းရဲ့အမိန့် တော်တွေကိုတော့
တသွေမသိမ်းထမ်းချင်ခဲ့မိပါတယ်….။

အားလုံးပျက်သုဉ်းသွားတဲ့တနေ့ 
မင်းကိုစွဲလမ်းခဲ့မိတဲ့ငါ့ရင်ဘတ်တွေ
ရင်ခုန်ဖို့ မလွယ်ကူတော့တဲ့နောက်
မေ့လိုက်ဖို့ ဆိုတာလည်းမတတ်နိုင်ခဲ့ဘူး။
ဆက်ချစ်နေဖို့ အရေးမှာတော့
ငါ့ကိုယ်ငါမနှစ်သက်ခဲ့ပြန်ဘူးလေ….။

နောက်ဆုံးတော့လည်း
ငါ့ကဗျာတွေထဲနှစ်ထားပစ်လိုက်တယ်။
ငါ့ကော်ဖီတွေခမ်းခြောက်သွားတဲ့တိုင်
ငါ့ကဗျာတွေမဆုံးနိုင်ခဲ့ဘူး…….။
နင့်ကြောင့်ပဲ….
ငါ့ကဗျာတွေမဆုံးတော့ဘူး…..

P.S ခေါင်းစဉ်ကကိုဆောင်းယွန်းလရဲ့ကဗျာခေါင်းစဉ်လေးနဲ့ တူနေပါတယ်။ကြိုက်နှစ်သက်မိ
လို့ ယူသုံးထားပါတယ်ခင်ဗျာ။

Print this post

7 comments:

kohan said...

ကျနော်လာဖတ်ကြောင်းပါ မဆုံးတဲ့ကဗျာ ဆိုတာတော့ ဆုံးအောင်စောင့်ဖတ်မယ်ဗျာ ကျနော်ကစိတ်ရှေပါတယ်

phoophoolay said...

လာလည်လို့ စိတ်မဆိုးဘူး ထင်ပါတယ်နော်..သေချာအားပေးပါ့ မယ်

just-want-true-love said...

တူတူ ပါပဲ နော် ဖူးဖူးလေးနဲ တို့ က တစ်ယောက်တည်းပါ

zue said...

ကဗျာကောင်းလေး ခံစားဖတ်ရှု့သွားတယ်နော

ဆောင်းယွန်းလ said...

နောက်ဆုံးတော့လည်း
ငါ့ကဗျာတွေထဲနှစ်ထားပစ်လိုက်တယ်။
ငါ့ကော်ဖီတွေခမ်းခြောက်သွားတဲ့တိုင်
ငါ့ကဗျာတွေမဆုံးနိုင်ခဲ့ဘူး…….။
နင့်ကြောင့်ပဲ….
ငါ့ကဗျာတွေမဆုံးတော့ဘူး…..

ကဗျာတွေကိုကော်ဖီမြစ်ထဲ အချစ်လှိုင်းဂယက်တွေနဲ့အတူနှစ်ထားလိုက်တော့
ညီလေးရေ...ငြိမ်းချမ်းတာပေါ့
”မဆုံးတဲ့ကဗျာ”ခေါင်းစဉ်လေူကိုကြိုက်တယ်ဆိုလို့ထမ်းသာတယ်ညီလေးရေ

chit said...

ကဗျာလေးကအရမ်းကောင်းပါတယ်..။ အားပေးနေတယ်နော်..။

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP