လေပြေ Poetry. Powered by Blogger.

ရှင်ရက်နဲ့ အသက်မရှူနိုင်ဘူး

Saturday, September 5, 2009

ငါဆိုတဲ့ငါလား……
မာနကိုတမြေ့မြေ့နဲ့ မွေးထားတယ်။
ငါဆိုတာလား…..
အားလုံးရဲ့ချီးမွှမ်းသံတွေမတိုင်ခင်မှာပဲ
ငါ့ရဲ့စိတ်အာရုံတွေသေဆုံးသွားခဲ့ရတယ်
ရှင်သန်ခဲ့ဖူးတဲ့အခိုက်တွေမှာရော
ဘယ်လိုလဲ
လသာခဲ့တယ်လို့ ထင်ရသလိုပဲရှိတယ်
တကယ့်တကယ်မှာတော့
အမိုက်အမှောင်ထဲလျှောက်နေရတာကို
ငါ့ခြေထောက်တွေပဲသိခဲ့တာလေ….
ဘယ်သူကဖေးမခဲ့လို့ လဲ
လဲကျခဲ့တဲ့ခဏတွေအတွက်
လက်ပေါင်းများစွာကိုတောင့်တခဲ့ဖူးပါရဲ့
အလင်းတစ်ပြလေးရရင်တောင်ကျေနပ်သူပါ။
ခုတော့….
မည်းညစ်ညစ်လူ့ အနတ္တတွေကြားကငါ
ခံစားချက်တစ်ခုကိုပေါက်ကွဲပြဖို့ 
သူတို့ ကလိုက်မှီမှာတဲ့လား…….။
ဆံပင်တွေမွဲခြောက်ခဲ့တယ်
အသားအရည်တွေညိုမှောင်သွားတယ်
ဝမ်းတစ်ထွာကိုဘယ်သူမြင်မလဲ…..
ကိုယ့်ဗိုက်ကိုယ်ငုံ့ ကြည့်တတ်တာတော့ခင်ဗျားပဲလား။
ကျူပ်အတွက်ပိုနေတဲ့တချိန်ခင်ဗျားကိုမျှမယ်……
ကျူပ်အတွက်ငိုရမယ့်အချိန်တွေခင်ဗျားရှိမနေဘူး။
တရားလား….
ဒါကိုတရားလို့ သမှုတ်မလား…။
ယားလို့ တနေတာလား
မဖြစ်နိုင်တာ
တရားကတရားငါကငါ….ခင်ဗျားကကျူပ်
ဒါပေမယ့်….ကျူပ်ကတော့ခင်ဗျားပြန်မဖြစ်ဘူး။
ရိုင်းသွားတယ်ထင်ရင်
တစ်ခုသင်ယူလိုက်……
လောကနဲ့ ပက်သက်လာရင်
လူဆိုတာအရိုင်းအဆိုင်းတွေပဲဗျ….။
ကျနော်တော့လူမဆန်ဘူး…..
လူမဆန်တဲ့ကြားထဲကကျနော်နဲ့ 
လူစစ်စစ်ခင်ဗျားနဲ့ …..
ကျနော့်မှာလူလိုမာယာမရှိဘူး
လူလိုညစ်ပေတဲ့ဦးနှောက်ဆိုတာကြီးမရှိသေးဘူး။
လူနဲ့ မတူတဲ့အတွေးတစ်ခုကလူတွေကို
လူနဲ့ ပဲပြန်တူသွားစေတယ်ဆိုတာခင်ဗျားလက်ခံပါ။
ဒါကြောင့်ကျနော်လည်းလူပြန်ဖြစ်ဖြစ်နေတယ်…..။
တကယ်တမ်းတော့
ရိုက်ချိုးခံလိုက်ရသူကအပစ်လား
ဖျက်ဆီးလိုက်သူကအပစ်လား
ငါ့မာနတွေပါသွားတယ်…..
သွေးအလိမ်းလိမ်းနှလုံးသားတစ်စုံ
ချစ်သလိုနဲ့ အနှစ်ခံခဲ့ရတယ်…….။
မွန်းကြပ်လာတော့သေပစေဆိုပြီးထွက်သွားတယ်။
လူတွေကောင်းကြပါတယ်။
မကောင်းတာဘယ်သူလဲလို့ မမေးနဲ့ 
လက်ညိုးတွေငါ့ဆီပဲရောက်ရောက်လာတာပဲ
ကဲ…အဝေးကိုထွက်သွား
လူမရှိတဲ့နေရာရယ်လို့ ရှိသလား
နောက်ထပ်အသစ်သစ်သောလက်ညိုးတွေ
ခင်ဗျားမျက်နှာကြီးနဲ့ ခံယူဖို့ အသင့်ပြင်
ပါးစပ်ကတော့သူတို့ ကိုမေတ္တာပို့ ဖို့ လိုတယ်။
ချမ်းသာကြပါစေ…..
ကျမ်းမာကြပါစေပေါ့…..
ချမ်းသာတုန်းတော့ကြမ်းထားကြမာထားကြ
လူဆိုတာလည်းဒီလိုမှလူပီသတယ်မဟုတ်လား။
အတ္တများတဲ့လောကမှာ
လောကကိုယ်တိုင်လည်းအတ္တတွေပိုက်လို့ 
လူတွေကိုတစိုက်မတ်မတ်တိုက်ခိုက်တာပဲလေ။
စိတ်တခုကိုနွမ်းအောင်လုပ်
လူတစ်ကိုယ်မှာစိတ်နဲ့ မကပ်တော့ရင်
မင်းနိုင်သွားပြီလို့ သာမှတ်ပေါ့…….။
ဟုတ်တယ်……
ငါလည်းလူနဲ့ စိတ်မကပ်တော့ဘူး။

Print this post

1 comments:

ဆောင်းယွန်းလ said...

ကျူပ်အတွက်ပိုနေတဲ့တချိန်ခင်ဗျားကိုမျှမယ်……
ကျူပ်အတွက်ငိုရမယ့်အချိန်တွေခင်ဗျားရှိမနေဘူး။
တရားလား….

တရားတယ်လို့ထင်တာပဲညီလေးရေ
အားပေးသွားပါတယ်

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP