လေပြေ Poetry. Powered by Blogger.

ခင်ဗျားကိုကောင်းစားစေချင်တယ်

Saturday, September 26, 2009

တစ်ခုခုလား တစ်ခုနှစ်ခုလား(+)
နှစ်ခုသုံးခုလား…ဒါမှမဟုတ်တဲ့ခုလိုမျိုးလားခင်ဗျ
ခုလိုမျိုးဆိုရင်တော့ဝေဖန်ချက်တိုင်းကနွံပဲ
ဆွဲဆောင်အားကောင်းတယ်ပေါ့ဒီလိုပြောချင်တာလား
အမှန်ကဆွဲဆောင့်အားကိုကကောင်းတာဗျ……
ခင်ဗျားရဲ့အရေးအသားတွေကိုနည်းနည်းဖြစ်ဖြစ်တော့လျှော့ပါ
လူတွေကိုဆွဲဆွဲမဆောင့်ပါနဲ့ …….
ခင်ဗျာကလူသားစင်စစ်လား လမ်းမှားသတ္တ၀ါတစ်ကောင်လားဗျ
နေရောင်တွေစွတ်စပ်ထိုးတုန်းက
ကဗျာတွေလျှောက်လှမ်းနေတာခင်ဗျားမဟုတ်လား
ဒါပေမယ့်နည်းနည်းတော့လျှော့ပါ…
ကျနော့်ကိုခင်ဗျားပစ်တင်ဆဲရေးဖို့ မလိုလောက်ဖူးထင်ပါတယ်
ကျနော်ဟာအဖာပေါင်းများစွာနဲ့ အပေါက်ဖာသူတစ်ယောက်ပါ
ကျနော်ဖာဖူးတဲ့ရထားဘီးတွေသံချည်းတက်နေတာခင်ဗျားအမြင်ပဲ
မဆိုင်တာတွေနဲ့ ရစ်မနေစမ်းပါနဲ့ 
လိုအပ်တဲ့အဓိကအစကိုမြန်မြန်သာဆွဲထုတ်ဗျာ
ကဗျာတွေနဲ့ ကျနော့်လျှာကိုတော့ချမ်းသာပေး
ခင်ဗျားတစ်ခုလောက်တော့ကူညီနိုင်ရင်ကူညီပါလား
ဒုတိယကမ္ဘာစစ်ရဲ့ကတုတ်ကျင်းတွေထဲမှာ
ကျနော့်ကဗျာတွေကျန်နေခဲ့တယ်
မရှိဆင်းရဲသားတွေစားဖို့ သောက်ဖို့ သွားပေးလိုက်စမ်းပါ
ဒါမှမသေဘူးဆိုရင်တော့ခင်းဗျားကိုဆိုမာလီကိုပို့ ဖို့ ရှိတယ်
ပါးစပ်တစ်ပေါက်ပိတ်လည်းကျနော်အေးချမ်းတာပေါ့ဗျာ
ခင်ဗျားကူညီနိုင်ပါတယ်နော်…..
ကျနော်ကတော့လေလေးတချွန်ချွန်ဒူးလေးတနှံ့ နှံ့ နဲ့ 
မပြီးပြတ်နိုင်သေးတဲ့ကဗျာတွေကိုအဆုံးသတ်ဖို့ ကြံစည်ရမယ်။
ကျနော်ကဗျာရေးတုန်းအတွေးတစ်ခုတော့ရတယ်
အမည်မသိရပ်ဝန်းတွေဆီခိုအောင်းတော့မည့်မျက်ဝန်း
ကမ္ဘာ့ မျက်နှာပြင်မှာချိုင့်ဝှမ်းပေါင်းများစွာနဲ့ မြက်ရိုင်းပင်တွေ
အာဖရိကနေရောင်ထဲကပြောင်ပြောင်လက်လက်အသားအရေ
အငွေ့ တစ်ထောင်းထောင်းထနေတဲ့ကမ္ဘာ့ ရေခဲလွှာကြီးတွေ
နောက်ဆုံးပုခက်ထဲကမှေးစက်နေတဲ့ကလေးငယ်အဆုံး
ကျနော်အားလုံးကိုမမှိတ်မသုန်တွေးကြည့်လိုက်ပါ
အားလုံးကကိုယ်စီကိုယ်ငှအတွေးတွေနဲ့ မိမိကိုယ်ကိုလုပ်ကြံဆဲ
ရပ်ဝန်းတစ်ခုကြားကပြေးထွက်နေတဲ့လက်တစ်ချောင်း
ကျနော့်အကြောင်းကိုတော့ကျနော့်ကိုပြန်ကြားပါ
ကျနော်ကိုပြန်ကြားတော့ကျနော့်အကြောင်းတွေပါ
မကောင်းခြင်းသင်္ကေတတွေနဲ့ ခြေမတစ်ခုအကြောင်း
မနေ့ ကတော့ဖိနပ်မပါပဲလမ်းလျှောက်ထွက်ခဲ့ပါတယ်။
တစ်ခါတစ်ခါတစ်ခုခုမဲ့နေခြင်းက
တစ်ခုခုအတွက်ကောင်းတတ်တဲ့တစ်ခါတစ်ခါဆိုတာပါပဲ
လူတိုင်းကတစ်ခါခါတော့ကောင်းဖူးကြမှာပါ
ကျနော်ဘာကောင်းဘူးလဲကခင်ဗျားကိုယ်ခင်ဗျားသိတယ်
လူတွေဆိုတာအပေါင်းလက္ခဏာလိုနေထိုင်တတ်တယ်ဗျ
ကန့် လန့် ကန့် လန့် ပေါ့ဗျာ
မှားတယ်လို့ တော့စွပ်စွဲပြီးတော့ခုံရုံးတင်ဖို့ မစဉ်းစားလေနဲ့ 
တရားသူကြီးကလွဲရင်အကုန်လုံးကြိုးမိန့် နဲ့ မကင်းဘူး
အဲ့တော့ခင်ဗျားဘာလုပ်တော့မလဲ
နားအေးပါးအေးရှိအောင်လို့ မျောက်တွေအစာကျွေးပေါ့
ကဗျာရေးတာကတော့ကျနော့်အလုပ်ပါပဲ
ကျနော်လည်းကြုံတဲ့အခါခင်ဗျားကိုအစာလာကျွေးပါ့မယ်။

Print this post

2 comments:

ဆောင်းယွန်းလ said...

ညီလေးရေ တဂ်ထားတယ် အားရင်ရေးပေးပါဦး

တေလေ said...

သေနာလေး ငါဟာငါနေတာကို ပလိန်းကြီးလာဖဲ့တယ် ခွေးသားသူတောင်းစား မုန်.လိုက်ဝယ်ကျွေးဦးညနေကျရင် အိးးးးးးးးးး ကို.မွေးတဲ့ မျောက်ကိုယ်ပြန်ခြောက်ပါလားနော်

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP