လေပြေ Poetry. Powered by Blogger.

ဘယ်သူ့ အတွက်လဲ…….?

Monday, June 29, 2009

မတ္တာဆိုတဲ့ထုထည်ဟာ
သိမ်းဆည်းကာရင်မှာစု
ဘယ်သူ့ အတွက်လဲ…..။
မဆင်းရဲသူမို့ 
ရင်ထဲကပန်းတွေစု
သူ့ အတွက်ပါပဲ……။
စကားဆိုတဲ့ငှက်ညို ပြာ
နားနေကာနှုတ်မှာစု
ဘယ်သူ့ အတွက်လည်း
နှုတ်ခမ်းမှာငှက်ပြာနု
တေးသီစမ်းမယ်လို့ 
သူ့ အတွက်ပါပဲ………။
မျက်ရည်ဆိုတဲ့ပုလဲသွယ်
မျက်ဝန်းဝယ်သိမ်းကာစု
ဘယ်သူ့ အတွက်လဲ…..။
ချစ်သူကစိမ်းရက်လေတော့
မငြိမ်းနိုင်အပူဆို့ မယ်
ကိုယ့်အတွက်ပါပဲ……..။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP