လေပြေ Poetry. Powered by Blogger.

ပိုင်ရှင်မမဲ့ပါဘူး

Monday, June 29, 2009

ဝေးနေချိန်တွေလွမ်းဆွတ်ရင်း
အကျည်းတန်တဲ့နေ့ ရက်တွေကို
အထီးကျန်စွာမေ့ပျောက်ထားတယ်
ရာသီတွေလည်သွားပေမယ့်လည်း
နှုတ်မရတဲ့သံယောဇဉ်ကအမြစ်တွယ်လို့ 
ချည်တိုင်မှာရစ်နွယ်ဖြည်မရရင်လည်း
ရင်ခွင်မှာမင်းအတွက်တစ်နေရာကို
အမြဲချန်ကာထားမယ်ချစ်သူ……….။
ပွင့်အံတဲ့ချစ်သံတွေက
ရင်ခွင်ကိုရိုက်ခတ်လို့ ………
တဖက်တချက်ကိုလှည့်ကြည့်မိတယ်
မင်းနင်းလျှောက်ခဲ့တဲ့ခြေရာတွေက
ငါ့နှလုံးသားမှာပြန်ဖျက်မရတော့ဘူး။
ကြားနေကြချစ်သံလေးတိတ်ဆိတ်လို့ 
ဝမ်းနဲ့ မှုနဲ့ အဆုံးသတ်တဲ့ငါတို့ လမ်းက
ငါတို့ နှုတ်တွေကိုဆွံ့ အစေခဲ့တယ်လေ။
မင်းလုပ်ရပ်တွေခက်ထန်ခဲ့ပေမယ့်
ငါ့စကားသံကလေပြေလိုယိမ်းနွဲ့ ဆဲပါ။
မင်းအတွက်မလုံလောက်တဲ့ငါ့ရင်ခွင်မှာ
အားနာစွာနေပေးခဲ့ရတဲ့မင်းကို
ရင်နဲ့ အမျှကျေးဇူးတင်မိပါရဲ့ကွယ်……။
မင်းမရှိတော့ပေမယ့်လည်း
မင်းနေရာလေးကိုပိုင်ပါတယ်ချစ်သူ……..။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP