လေပြေ Poetry. Powered by Blogger.

လမ်းပြကြယ်လေး

Monday, June 29, 2009

အမှောင်ထုကိုအားပြုလို့ လဲမကျအောင်လျှောက်တယ်…….

မြို့ ပြရဲ့အလင်းကငါ့တစ်ယောက်ကိုတော့မလင်းပေးနိုင်ဘူး….။

ဒီအချိန်ကကိုလေးဖြူရဲ့အမဲလိုက်အကကိုသတိရစရာပါ။

ငါ့ခြေထောက်တွေကိုအားပြုရင်းကနေ

ငါ့ခန္ဒာကိုယ်ကိုငါသယ်ဆောင်လို့ ရှေ့ဆက်နေမိတယ်…..။

အသွေးအသားကရေတပေါက်လောက်တောင့်တမိပါရဲ့……။

ငတ်ပြတ်လို့ တော့ငါမသောက်ပါဘူး……….

ငါဟာသူဖုန်းစားတစ်ယောက်မဖြစ်အောင်ကြိုးစားနေလို့ ပါ။

လူတိုင်းကလူနဲ့ တူအောင်တော့နေကြတယ်……။

လူနဲ့ တူတဲ့လူတွေကြားမှာငါမနေချင်လောက်အောင်ပဲ

ငါနောင်တရမိပါတယ်………..။

ငါ့ဘုရားသခင်ထံကလူ့ ဘ၀ကိုငါခဏဌားရမ်းခဲ့မိတယ်လေ……။

သြော်ဘုရားသခင်တဲ့………

ငါ့ပါးစပ်မှာဘုရားသခင်ဆိုတာလေးမကွယ်ပျောက်သေးပါလား။

အရှင့်ကိုအားနာမိပါတယ်အရှင်……..

ဒုက္ခရောက်တိုင်းလည်းအရှင့်နာမတော်ကိုတမ်းတနေမိတာအား

နာလှပါရဲ့အရှင်

အကျွန့် ကိုလူတွေကြားကရုန်းထွက်ခွင့်ပေးတော်မူပါအရှင်………။

ဝမ်းနည်းဝမ်းသာကိုအရှင်ကဖန်ဆင်းထားခဲ့သူပါ

မဖိတ်ခေါ်ပဲရောက်ရောက်လာတာကတော့ဝမ်းနည်းမှုထင်တယ်

မျက်ရည်နဲ့ ခရီးမဆက်ချင်တဲ့သူကငါ

ဝမ်းနည်းမှုကတော့အစပြုလို့ မွေးဖွားနေပြီ…….။

အံကိုတင်းတင်းကြိတ်လို့ ငါ့ခြေလှမ်းတွေကိုပြင်တယ်…….။

ဒီလမ်းကိုငါရောက်အောင်လျှောက်မယ်လို့ ပေါ့……..။

နာကြင်တဲ့နှလုံးသားတစ်စုံကိုအသက်သွင်းလို့ 

ဖွင့်အံမရတဲ့ငါ့ခံစားချက်တွေကိုသိမ်းဖွက်ကာလျှောက်မယ်…….။

ကံကြမ္မာကိုငါစောင့်နေခဲ့ရတာကြာပြီပေါ့……..

ခုတော့ငါကိုယ်တိုင်ရောက်အောင်သွားတော့မယ်……….။

ငါ့မှာကြယ်တစ်လုံးရှိတယ်

ကြယ်လေးကိုလင်းလက်စေမယ့်ယဉ်ကျေးမှုတစ်မျိုးလည်းရှိပါ့နော်

ငါ့ဘ၀မှာအလင်းဆိုတာကိုလိုက်ရှာဖို့ လိုဦးတော့မလား……….။

ဟုတ်ပါတယ်သူမဟာကျနော့်ရဲ့ကြယ်လေးတစ်လုံးပါပဲ………။



Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP