လေပြေ Poetry. Powered by Blogger.

ခြေရာခွက်သာသာပါ…..။

Monday, June 29, 2009

ရောင့်ရဲတင်းတိမ်မှုနဲ့ အချစ်က…

အစမတန်တဲ့ပေးဆပ်မှုနဲ့ 

အဖက်မတန်စွာရက်စက်ခြင်းအတွက်

ငါ့ကိုဒဏ်ခတ်စေခဲ့တာလား…

မင်းနဲ့ ဝေးကွာစေခဲ့လို့ ပေါ့ချစ်သူ….

ငါ့ဘ၀ဟာမင်းနဲ့ ဘယ်တူနိုင်ပါ့မလဲ

ခြေရာခွက်လေးတစ်ခုထဲမင်းဆင်းနိုင်ပါ့မလား

ငါလည်းဆွဲမခေါ်ရက်သလိုပေါ့

မင်းလည်းတက်နင်းသွားတာဘဲလေ။

ရှေ့ဆက်နေဆဲခရီးအတွက်

ငါ့ခြေထောက်တွေကိုထမ်းပိုးထားရင်းက

ငါ့လည်တိုင်တွေလည်းညောင်းလှရောပေါ့။

ပန်းအလှတွေကြားမှာနေခဲ့ချင်ပေမယ့်

ငါကမျိုးစေ့ကောင်းကောင်းမဟုတ်ခဲ့ဘူး

ပန်းတွေကိုယုယချင်ပေမယ့်

ဥယျာဉ်မှုးအတတ်ကိုငါမကျွမ်းကျင်ဘူး

ပန်းပန်ဖို့ ရာငါ့မာယာကိုငါမသုံးတတ်ဘူး

ဖြူစင်ခဲ့တာမဟုတ်သလိုပေါ့……….။

မင်းကြောင့်တုံးအခဲ့တာတော့ငါသိပါတယ်။

ခြေရာခွက်ကလေးထဲကငါက

အစေခံတွေဝန်းရံတဲ့မင်းကိုစောင့်နေခဲ့တာ

တစ်ခါတော့မင်းမျက်နှာကိုဖူးချင်မိပါရဲ့ ။



Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP