လေပြေ Poetry. Powered by Blogger.

ကပိုကရိုအလွမ်း

Tuesday, November 3, 2009

နှလုံးသား….
ကဗျာတစ်ပုဒ်စတင်ခြင်း
နှလုံးသားပါမယ်အချစ်ပါမယ်……
အလွမ်းကပတ်တီးစည်းထားသလိုပဲ
ဖြူရော်ရော်နိုင်နေပုံများကိုချပြထားတယ်။
ဖွေးဆွတ်ဆွတ်တွေနဲ့ အစွယ်ပေါင်းများစွာ
အစွယ်ဖွေးဖွေးကြားကအလွမ်းနဲ့ ဆွေးလို့ 
ငါ့ရင်တွေလည်းအရာထင်နေလောက်ပြီ။
အူကြောင်ကြောင်နိုင်ပါတယ်
ဒါပေမယ့်……
တူသယောင်ယောင်တော့ရှိမှာမဟုတ်ဘူး။
ဒါငါ့အလွမ်း
ဒါငါ့အဆွေး
ဒါငါ့ခံစားရခြင်းအထုတ်ဖြေမှုတစ်ခု
ဒါငါ့ခံစားရခြင်းအဖြေထုတ်မှုတစ်ခု
နှင်းဆီပွင့်တွေပေါ်ကအလွမ်း
ကော်ဖီခွက်ကိုနှုတ်ခမ်းတေ့လွမ်း
တေးသွားတစ်ပုဒ်နဲ့ အလွမ်း
အလွမ်းအားလုံးရဲ့အလွမ်းမှာတော့
မင်းကိုမြင်ယောင်ရင်းကငါလွမ်းတယ်
ကမ္ဘာမှာနေတွေစောင်းတုန်းက
လမ်းတွေတူတူလျှောက်ခဲ့ဖူးတယ်
နေခြည်နဲ့ နှုတ်ခမ်းလှလှတစ်စုံ
ငါ့စိတ်ကိုဂယောက်ဂယက်နိုင်စေတယ်
ဘ၀ရဲ့အတ္တတစ်ခုနဲ့ ပိုင်ဆိုင်လိုမှုတွေ
မင်းတစ်ယောက်အပေါ်တော့ထားခဲ့တယ်။
နွေးထွေးမှုစိတ်တစ်ခုနဲ့ ပေးဆပ်မှုအများအပြား
မင်းမရှိတဲ့နောက်အလွမ်းတွေသာကျန်ခဲ့တယ်
သက်သာမသွားတဲ့ဝေဒနာရဲ့ခံစားချက်တစ်ခုအတွက်
မင်းကိုမချစ်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကိုလိမ်ချင်နေတယ်။
ငါရဲ့လိမ်လည်မှုမှာမင်းအချစ်တွေအသက်ဝင်တယ်
မျက်ရည်နဲ့ အတိတ်ရဲ့အရိပ်အခိုးတွေပဲကျန်ခဲ့ရတယ်
စကားတွေပျက်သုဉ်းစဉ်ခဏအတွက်
တစ်ခဏတာဝေးလွင့်ဘူးခဲ့တဲ့အချစ်တွေပြန်ရချင်မိရဲ့
တစ်ဘူတာအလွန်ထက်မဝေးတဲ့ဘ၀တွေမှာ
ဒါ့ထက်မကဆုံစည်းခြင်းတွေရှိမလာနိုင်ဘူးလားချစ်သူ
အချစ်ဆရာကြီးများထံတွင်
နှင်းဆီပွင့်ရခြင်းအကြောင်းကိုမေးမြန်းမှု
အမုန်းဆရာကြီးများထံတွင်
နှင်းဆီဆူးထွက်ရခြင်းအကြောင်းကိုမေးမြန်းမှု
မရှိမဖြစ်လိုအပ်မှုတစ်ခုအတွက်
ငါတို့ ဆူးတွေတပ်ပေးလိုက်သတဲ့
မချစ်မဖြစ်ချစ်ရခြင်းမှာငါရိုက်ချိုးလိုက်တဲ့ဆူးတစ်ချောင်း
သူမရဲ့မာနဖြစ်နေတာကိုငါဂရုမပြုခဲ့မိဘူးလေ…..။
အမုန်းတစ်ခုကိုမွေးဖွားသန့် စင်လို့ 
ငါ့ရင်ဘတ်ထဲထိုးထည့်ခဲ့တယ်
မင်းကိုချစ်ခြင်းမှာဖြူစင်ချင်ခဲ့မိတာအရိုးခံနဲ့ ပါချစ်သူ
အရိုးခံဖြူစင်မှုတွေနဲ့ စတေးမှုတစ်ခု
ဆာတေးနဲ့ လွမ်းတေး
ဘယ်တေးကအသက်ဝင်မလဲ
လွမ်းတေးမှာမင်းအတွက်အချစ်ခတ်ထားတယ်
မင်းအချစ်ကိုလွမ်းတေးတစ်ပုဒ်နဲ့ စပ်လို့ 
ငါ့ရင်တွေပြန်လည်အသက်ဝင်ခွင့်ပြုပါချစ်သူ….။

Print this post

4 comments:

အဖြူရောင်နတ်သမီး said...

“နှင်းဆီပွင့်တွေပေါ်ကအလွမ်း
ကော်ဖီခွက်ကိုနှုတ်ခမ်းတေ့လွမ်း
တေးသွားတစ်ပုဒ်နဲ့ အလွမ်း
အလွမ်းအားလုံးရဲ့အလွမ်းမှာတော့
မင်းကိုမြင်ယောင်ရင်းကငါလွမ်းတယ်”...............

ဖြူ said...

အကို့ကဗျာတွေက တစ်ပုဒ်နဲ့တစ်ပုဒ်ကြား စောင့်ရတာတန်တယ် ...
အေးအေးဆေးဆေးကို ထိုင်ဖတ်သွားတယ်အကို ...
ဒီကဗျာ တော်တော်ကြိုက်တယ်
ဟိုင်းလိုက် လုပ်ပြောဖို့ရာတောင် ခက်သွားတယ်။

meilaydiary said...

လွမ်းတာတောင် ကပိုကရို လွမ်းတယ်တဲ့လား.... :P

ခုတလော လွမ်းနေရတာ တိုက်ဆိုင်လို့ ကဗျာလေးကို ကြိုက်ပါတယ်...

noblemoe said...

1 မဟုတ်လို့  ဘာမှပြောတော့ ဖူးးP
သာယာချမ်းမြေ့ပါစေနော်
မိုး

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP