လေပြေ Poetry. Powered by Blogger.

အဖြူလွန်အချစ်

Saturday, October 3, 2009

အထိတွေမရှိဘူး အတွေ့ တွေမရှိဘူး
အတွေ့ တွေမရှိပဲအထိတွေလည်းမဲ့ဆဲ
ပုံရိပ်တစ်ခုနဲ့ အသက်ရှင်နေတဲ့ငါ
ပုံရိပ်တစ်ခုရဲ့မင်းနဲ့ မင်းရဲ့ပုံရိပ်တစ်ခုကငါ
မင်းကငါ့ကိုချစ်တယ်ငါကမင်းကိုချစ်တဲ့မင်းရောငါရော
မင်းကငါ့ကိုချစ်တဲ့အတွေ့ တွေမဲ့ခြင်းမှာ
ငါကအထိမဲ့စွာနဲ့ မင်းကိုပြန်လည်ချစ်တယ်
ဖြူစင်တယ်လို့ (ပြောမလား)ချစ်မလား
ချစ်မှာလားတဲ့အဆိုမှာဖြူစင်တဲ့ချစ်ခြင်းတစ်ခု
တစ်ခုသောချစ်ခြင်းမှာဖြူစင်ခဲ့တဲ့ငါကထဲမှာ
မင်းကိုချစ်ခဲ့တဲ့ငါ့ထဲကငါတို့ မင်းကိုချစ်တယ်။
လိမ်လည်မှုကအရောင်(စွန်းထင်းလို့ )
အရောင်တွေမရှိတော့ရင်ဖြူစင်မလား
အမှန်ကအရောင်တွေနဲ့ လိမ်လည်မှုတစ်ခု
လိမ်ရင်းလည်ရင်းနဲ့ အရောင်တွေမဲ့သွားတယ်(ဖြူစင်ခဲ့တယ်)
နှစ်ယောက်ရှိတယ်ရှိတဲ့ထဲကတစ်ယောက်နဲ့ တစ်ယောက်
တစ်ယောက်ကဒီလိုတခြားကဟိုလိုလိုနဲ့ ဘာလိုလိုပဲ
ဘာမှတော့မလိုတော့ပါဘူး
စစ်ခနဲအသံထွက်နိုင်တဲ့ချစ်ခနဲအနမ်းတစ်တပွင့်
စစ်ခနဲနာကျင်ကိုက်ခဲမှုတစ်စုံနဲ့ ခနဲ့ တဲ့တဲ့အချစ်ရဲ့အနမ်း
ရင်တွေနင့်ခနဲအင့်ခနဲနဲ့ ရင်းနှဲ့ ရင်းကကျိုးပဲ့လွင့်စင်လို့ 
သေချာတာတော့အထိမဲ့တယ်
သေချာတာတော့အတွေ့ မဲ့တယ်
သေချာတာတော့မီးတွေစိမ်းတဲ့မြို့ မှာမင်းပထမ
မီးစိမ်းတွေလင်းတဲ့မြို့ ရဲ့သခင်
အမှန်တော့နီရဲနေချင်ခဲ့တာပေါ့
စိန်ပန်းတွေမှိုရိုက်တဲ့ခဏအဖြူလွန်ခဲ့တယ်
ငါမဟုတ်တဲ့လေပြေနဲ့ လေပြေထဲကလေတွေပြေခြင်းများ
လေပြေထဲကလေးတွေပြေးခြင်းများနဲ့ ငါချစ်တဲ့မင်းရဲ့အနက်ကိုငါကချစ်တယ်။
မတွေ့ ဘူးမထိဘူးမမြင်ဘူးတဲ့မင်းနဲ့ ငါတို့ ရဲ့ငါနဲ့ မင်းတို့ ကိုယ်တိုင်
တွေ့ မယ်ထိမယ်မြင်မယ်ဖူးမယ်တို့ ဆွဲဆောင်ကြရာစိတ်တို့ ရိုင်းလို့ နှေးဖြေးစွာ(အေးဆေး)
အမှန်တော့ဖူးမယ့်မင်းမျက်နှာ
နှုတ်ခမ်းဖူးဖူးတွေကတော့ငါ့ကိုဖူးလို့ ဖူးရင်းကဖူးလို့ လာတယ်
သိပ်လှတယ်ချစ်သူ……
မမြင်အရပ်မှာကွယ်ဝှက်ကာထားလေသူ(သူမမျက်နှာလှပစွာ)နဲ့ 
ရင်ခုန်သံနှီးနှောဖလှယ်ပွဲတက်ရောက်ချီးမြှင့်ခြင်း
သေရည်သေရက်ကိုလက်ချိုးရေတွက်သူ
သေရည်ကသေရက်ကိုလက်တွေချိုး၍ရေတွက်ပေးနေသူ
ငါတို့ တွေအမျှ….အမျှ
အားလုံးမဟုတ်တဲ့အားလုံးနဲ့ မျှတစွာမင်းနဲ့ ငါရဲ့ငါတို့ ချစ်ကြပါစို့ 
ပုံပြင်တွေမဆိုကြေးသီချင်းတွေမပြောကြကြေးနော်
ကဗျာတွေတော့မှန်မှန်သောက်မယ်စားမယ်
မင်းကိုထိခဲ့သမျှကတွေ့ ချင်မှုသက်သက်ဆိုတာကိုကငါနဲ့ 
ကိုယ်မဟုတ်တဲ့စိတ်+ချစ်စဖွယ်ကောင်းလောက်စွာသော
ငါတို့ ရဲ့အဖြူလွန်အချစ်တွေရဲ့အချစ်တွေဖြူစင်မှုနဲ့ အဖြူလွန်ပြတိုက်
အချစ်ကတော့ငါ့ကိုချာတိတ်တစ်ယောက်လုပ်ပစ်လိုက်တယ်
ချာတိတ်ရင်ဆိုတာထိလွယ်ကွဲလွယ်မွေးလွယ်တယ်မဟုတ်လား
မွေးဖွားပေးဖို့ အတွက်ဒီလောက်အာပေါက်ခံဖို့ လိုမလား
အချစ်ကိုမွေးပေးဖွားပေးဖို့ 
မွေးလှစွာသောဖွားမြင်ခြင်းမျိုးမဟုတ်ပဲ
ဖွားမြင်ခြင်းမျှသာပဲမွေးဖွားပေးပါပေါ့….။
အရွယ်ရောက်ခြင်းမျိုးမဟုတ်တဲ့အရွယ်ရောက်လာခြင်းနဲ့ 
အရွယ်တွေရောက်ခြင်း
ချာတိတ်လေးတစ်ယောက်အရွယ်တွေရောက်လာတဲ့တစ်နေ့ (ဒီနေ့ )ပါ
ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာမဖြစ်နိုင်တဲ့ပြရုဂ်တစ်ခုရဲ့ရုပ်ကိုပြသခြင်း
ဖြစ်ကောင်းခြင်းနဲ့ ဖြစ်ကိုဖြစ်ခဲ့တဲ့ဖြစ်ခြင်းတစ်ခုမှာ
သူမင်းကိုတကယ်ချစ်ခဲ့တယ်ဆိုတာကိုမင်းသိလိုက်မှာတောင်မဟုတ်ဘူး။

Print this post

3 comments:

chocothazin said...

အဖြူလွန်သွားရင် ဘာရောင်ဖြစ်သွားမလဲဟင်။(နောက်တာပါနော်)
ကဗျာလေးကို ဥာဏ်မီသလောက်ဖတ်သွားပါတယ်။

ဖြူ said...

ပို့စ်မတင်တာကြာတော့ ကဗျာတွေ ပိုကောင်းလာသလိုပဲ ...
သေသေချာချာလေး ဖတ်သွားပါတယ် ...
အဟင့်
အဖြူလွန်ရင် အလင်းများသွားသလိုလိုပဲ ...
ဟုတ်လားဟမ်

noblemoe said...

အဟင့် အဟင့် ကဗျာရှည်တော့ ခံစားချက်လည်းရှည်
မယ်လို့ ခန့် မှန်းမိပါတယ်။အဖြူလွန်ချစ်တွေ အရောင်ဆုံ
ချစ်တွေ မီးမီးနားမလည်ဖူး ဘာတွေမှန်းမသိဖူး ဥာဏ်မမှီ
သေးလို့ နေမှားp
သာယာချမ်းမြေ့ပါစေနော်
မိုး

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP