လေပြေ Poetry. Powered by Blogger.

အလွမ်းပွင့်တို့ ကြွေခိုက်

Thursday, July 29, 2010

သူတို့ ပြောနေတာအလွမ်းဆိုတာလား…..
အလွမ်း….ဟုတ်ကဲ့…..အလွမ်းပါပဲ
လူပြောများတဲ့အလွမ်းအကြောင်းကိုငါအစကမသိခဲ့ဘူး
ခုတော့….ပြန်လာနိုးနိုးနဲ့ နေ့ တိုင်းကောက်ခဲ့တဲ့ခရေတွေ
နေမထိပဲခြောက်သွေ့ ခဲ့ပြီချစ်သူ…….
ဘယ်သူမှတော့မသိပါဘူး…
ငါ့ကိုယ်ငါလည်းငါသေချာမသိခဲ့တဲ့အချိန်တွေလိုပါပဲ
ငါတမြေ့မြေ့မင်းကိုချစ်နေခဲ့တယ်ဆိုတာကတော့
Date မတပ်ပဲရေးခဲ့မိတဲ့ဒိုင်ယာရီတစ်အုပ်လိုပေါ့ချစ်သူ….။
တကယ့်ကိုပေါ့ပေါ့လေးပါပဲ……
ရင်ခွင်ရဲ့လွမ်းဆွတ်မှုနဲ့ နှလုံးသားကအချစ်တွေက
ငါ့ကိုယ်ကိုယိုင်နဲ့ သွားအောင်တာဝန်ကျေနိုင်တယ်
မင်းကတော့ငါ့ကိုပစ်သွားလောက်အောင်တာဝန်ကျေခဲ့ပါတယ်။
လူတွေပြောပြောနေတဲ့အချိန်ဆိုတာက အထူးကုဆရာဝန်လား
ငါ့နှလုံးသားအကြွေလေးရှေ့မှာ ဒူးထောက်ခစားသွားစေမယ်
ရာသီတွေ လည်ရလွန်းလို့ ဖောက်ပြန်ကုန်ပြီချစ်သူ
သူတို့ ကြားထဲမှာမင်းကိုငွေ့ ငွေ့ ကျွမ်းကျွမ်းလေးလွမ်းနေတဲ့
ငါ့နှလုံးတစ်စုံကတော့ပြောင်းလဲသွားတော့မယ်မထင်ဘူး
ဟိုးအရင် အတိတ်ကလိုပါပဲ…..
အတွေးအဆ မမျှခဲ့တဲ့ငါတို့ အကြောင်းကိုတွေးတိုင်း
မင်းကိုနာကြင်မှု မရှိစေချင်ခဲ့တာ အမှန်ပါချစ်သူ
ငါ့ကိုယ်ငါသက်သာစေမှုတစ်ခုမှာတော့
အလွမ်းတွေတပွေ့ ကြီးကိုငါပိုက်ထားတယ်…။
တွေ့ ခါစမျက်ဝန်းတစ်စုံနဲ့ ပထမအနမ်းအတွက်
ယခုတိုင်ရင်တခုန်ခုန်ရှိနေဆဲဆိုတာမင်းသိမလား
ငါ့လက်တွေထဲငုံ့ ကြည့်တိုင်းမှာတော့
မင်းအထိတွေ့ တွေကိုအရူးတစ်ယောက်လိုပဲ
ငါပြန်လည်မက်မောလာမိတယ်ချစ်သူ…..။
မင်းနဲ့ ကြည်နှုးခဲ့တဲ့အချိန်ရဲ့အိပ်မက်တွေ
ငါမျှော်လင့်တဲ့မင်းအနမ်းပွင့်တွေ
ငါ့ကိုတစိုက်မတ်မတ်သတ်နေကြဆဲပေါ့…..။
အားလုံးရဲ့အဆုံးသတ်ကိုမရောက်ခင်ငါ့ကိုလွတ်လပ်ခွင့်ပြုပါ
သူမကျနော့်ဆီကထွက်မသွားခင်ကျနော့်ကိုအဆုံးသတ်တော်မူပါ။
ခံစားမှုတို့ ရဲ့အသေ….ခံစားမှုတို့ ရဲ့အဆုံး
အလွမ်းနဲ့ သတ်သွားတယ်…..နှလုံးသားအသေ
နှလုံးသားအဆုံး….နှလုံးသားတစ်ခုသေဆုံးသွားတယ်။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP