မျက်လုံးပြာပြာ မြို့ 
Wednesday, August 4, 2010
မီးရောင်နဲ့ အသားတကျ ပြောင်ထနေတဲ့လမ်းမ
ဖြတ်သွားဖြတ်လာတွေ ရယ်ရအောင် ငိုနေတယ်
နှုတ်ခမ်းဆိုးဆေးနဲ့ နီမြန်းနေတဲ့မျက်နှာပေါ်မှာ
မနေ့ ကလိုအလွမ်းမျိုးနဲ့  နှုတ်ခမ်းတွေတုန်လို့ 
သူက ညီမလေးသိပ်ချစ်ရတဲ့သူပေါ့......
မပျော်(ရင်)ဘူး ....... သိပ်ကိုပျင်းမှာပေါ့...ဟင့်အင်း
ရေခဲသေတ္တာထဲ ခဏ အပျင်းကြောသွားဆန့် လိုက်တာ
ရေခဲတုန်းကသူ့ ကိုယ်သူ အရည်တောင်မပျော်တတ်ဘူး
တစ်ဘ၀လုံးစာ ထောက်ခံမယ့်သူမှ မရှိတာ (အဲ့ဒီ့တုန်းကဆို)
အိမ်သာသုံးစက္ကူတစ်ရွက်လိုတောင် နေရာမရခဲ့ဘူး
ဒီမြို့ စိမ်းစိမ်းကြီးထဲ
မြို့ ခံလူတွေရဲ့ မျက်နှာတွေကလည်း စိမ်းကြတယ်
ပီကာဆိုရဲ့လက်ရာတွေကိုမြင်ယောင်မိတိုင်းလည်း
ငါက ဆံပင်တွေဖားလျားချထားခဲ့မိတယ်
နောက်တော့ .... ရေချိုးပျင်းတဲ့ ငါ့အပေါ်ကိုပဲ
မကြာခဏ ဆိုသလို တံတွေးနဲ့ အထွေးခံရတယ်
ထွီခနဲ .... ထွမ်ခနဲ နဲ့ ကိုထွေးကြတာ....လေ
2012 အတွက်သတင်း ကြေငြာလိုက်သံကြားတော့
မြို့ ကိုပြန်မချတဲ့သူတစ်ယောက် လမ်းကြားကပြေးထွက်လာတယ်
(မြို့ ခံလူ = မြို့ ကိုပြန်မချတဲ့သူ)
ဒီအမှုမှာ အဲ့ဒီ့ကဗျာဆရာက တရားခံလား ...... ?
မီးပျက်သွားတယ် ...... မီးဖြတ်သွားတာပါကွာ
ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို ပြန်လာမှာမဟုတ်ဘူး
အဲ့ဒါက ဘယ်လောက်ကဗျာဆန်သလဲဆိုတာကို ပြတာ
သူ့ ရင်ဘတ်မှာထိုးထားတဲ့ ဖဲပြားလေးက
နေပူဒဏ်ခံရလွန်းလို့ တဆစ်ဆစ်ကိုက်နေတယ်တဲ့
အဲ့ဒီ့နေ့ တွေက ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေခဲ့တာ
လက်ရှိနေ့ တွေကလည်း အပြိုင်အဆိုင် ယောင်ကိုင်းကြတယ်
ဒီနေ့ ဟာ သိပ်ကို မလိမ္မာတဲ့ နေ့ တစ်နေ့ ပဲဖြစ်တယ်...။
ဟုတ်တယ် အဲ့ဒါက နေ့ ဆိုးပဲ
လမ်းထိပ်ဓာတ်တိုင်က မာကျူရီမီးအလင်းကြောင့်
ငါက အိပ်ယာပေါ်လူလိမ့်ရင်းနဲ့  မျက်လုံးတွေကြောင်လို့ 
အလန့် တစ်ကြားနဲ့ ငုံ့ ကြည့်လိုက်တဲ့အချိန်မှာ
မီးရောင်နဲ့ ပြောင်ထနေတဲ့ ကတ္တရာလမ်းမကြီးတစ်ခု
ငါ့ခြေသည်းခွံတွေ လတ်ခနဲ သွေးဆုံးသွားတယ်
သေချာနားဆိုက်ထောင်ကြည့်တယ်
အဲ့ဒါက .....
ကတ္တရာ လမ်းမက ရောင်ပြန်ဟပ်လာတဲ့ အသံဖြစ်နေတယ်
ဒီလိုတွေ ပြန်ပြီး သတိရဖို့ အတွက်ကို ငါက
ကောက်ကာငင်ကာနဲ့  သုံးရက်လောက်အချိန်ပြန်ယူခဲ့ရတယ်။
လေပြေ ( ဦးနှောက်နှင့်အာရုံကြော )
4ရက် သြဂုတ် 2010 / 11:10pm
1 comments:
hello my friend! warm greeting ^^!
your blog looks nice 0_0
by the way,
if you need to find unique fonts, you can go to our website.
best regards;
Post a Comment