လေပြေ Poetry. Powered by Blogger.

မိုးနေ့ 

Monday, February 1, 2010

တနေ့ လုံးသာယာနေလိုက်တာ
အလေ့ကျမြက်ပင်လေးတောင်ရွှင်လို့ ပြုံးလို့ 
နေမင်းကြီးတောင်အ၀ါရောင်ဆွယ်တာလေးနဲ့ 
သူပြုံးနေတယ်
သူမ အသံကိုစစကြားရခြင်းမှာရှက်ဖွယ်တုန်ရီလို့ 
သူမဆိုတဲ့စကားမှာလိုက်လျောချင်မလိုက်လျောချင်နဲ့ 
တကယ်တော့သူမရှက်နေပါတယ်။
မျက်တောင်စင်းစင်းလေးတွေ
အဲ့ဒီ့နေ့ ကကျနော့်မျက်ဝန်းတွေကို
သူမ ၀ှက်ယူသွား
မဆုံဖြစ်ပဲသေသေချာချာလေးလိုက်ကြည့်
နှုတ်ခမ်းသားလေးတွေတောင်ရှက်စိတ်နဲ့ တုန်နေသလို
လှလိုက်ပုံများလမျက်နှာပြင်လိုပါးနဲ့ 
နှုတ်ခမ်းကမနမ်းရသေးတဲ့နှင်းဆီပျိုဖူးလေး
လည်တိုင်အနှံ့ မွှေးညှင်းနုလေးတွေက
ကျနော့်နှုတ်ခမ်းတွေသူမလည်တိုင်ကိုပွတ်သပ်ပေးလို့ 
ကျနော့်စိတ်တွေလည်းသတ်ပစ်ခြင်းခံလိုက်ရတယ်
တကယ်တမ်းတော့
သူမ အလှကိုလက်ဖျားနဲ့ ထိခတ်ဖို့ တောင်
ကျနော့်မှာအင်အားတွေမရှိခဲ့ဘူး
သူမ ကိုကျနော်ချစ်သည်။
သူမ ခြေလှမ်းတိုင်းဟာတည်ငြိမ်လို့ 
သူမမျက်ဝန်းတွေကိုလမ်းလျောက်တိုင်း
ခြေဖမိုးလေးမှာသိမ်းထားတတ်တယ်
ကဲ…ဘယ်လောက်လှပါဘိသလည်း
ကျနော်….သူမ…..
သူမ ကျနော့်ကိုချစ်တယ်။
အဲ့ဒီ့နေ့ ကမိုးတွေမရွာဘူး
မိုးတွေမရွာတဲ့အဲ့ဒီ့နေ့ မှာ
သူမကိုကျနော်ချစ်ခဲ့တယ်
သို့ သော် ….
သူမ ကိုယ်စားပြု
အဲ့ဒီ့နေ့ ဟာ မိုးနေ့ ဖြစ်တယ်။

Print this post

2 comments:

noblemoe said...

အရေးသားလေးက ကောင်းလိုက်တာ ဟိဟိ
ကဗျာလာခံစားသွားပါတယ်

သာယာချမ်းမြေ့ပါစေ
မိုး

kyaw said...

အရမ်းဖတ်လို့ကောင်းပါတယ်

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP