လေပြေ Poetry. Powered by Blogger.

ဖြေပါ……။

Saturday, May 16, 2009

ချစ်သူရယ်……..
နေရောင်ပျောက်တွေမထိုးတဲ့ကောင်းကင်အောက်
ဘ၀ဟောင်းကိုပြင်ချိန်ရောက်ခဲ့ပြီလေ………။
နှလုံးသားတဖြစ်လည်းအရှူံးသမားကိုယ်ဟာ
မင်းရှိရာပြန်ခဲ့ဖို့ ကြံစည်နေခဲ့မိတယ်ကွာ။

အရွယ်ရောက်ချိန်ထိန်းခဲ့တဲ့ပန်းတပွင့်ဟာ
ခူသူဦးသွားတဲ့အဖြစ်နဲ့ ငါ့ရဲ့နောင်တတွေပွေ့ ပိုက်လို့ 
မင်းမရှိတဲ့ကောင်းကင်အောက်ငါလျှောက်မယ်……။
နေရောင်ပျောက်ရင်လမင်းရှိတယ်…….။
တယောက်တည်းရှိတဲ့ငါ့ရင်မှာမင်းသာ
ငါ့ရဲ့နတ်သမီး…………..။

ပန်းတွေရဲ့ငုံချိန်ဟာပွင့်ချိန်နဲ့ ရက်ပိုင်းသာခြားတယ်။
ငါ့အချစ်ရဲ့မေတ္တာကသစ္စာနဲ့ ထပ်တူကျခဲ့တယ်……။
ငါ့နတ်သမီးမင်းကခေါင်းလွှဲခဲ့တယ်မလား……။
နေချင်သလိုနေခဲ့တဲ့ငါ့ဘ၀ကမင်းအတွက်တော့
နာကျင်စေတယ်မဟုတ်လားချစ်သူရယ်…………။

နေခြည်ဝင်းသလိုလက်ခနဲပါပဲ……
ဖုန်ထူတဲ့ငါ့ဘ၀ကိုမင်းမလျှောက်ရဲတာမဆန်းဘူး။
ရွှေချည်ဆွဲရာကတဲ့ငါ့ဘ၀ကိုမင်းကနှစ်သက်မလား။
ပြင်ဆင်ချိန်တွေရခဲ့ပေမယ့်ကျိတ်ဖြေခဲ့ရတယ်
ကြုံလာမယ့်အခက်ခဲတွေကနောင်သံသရာအမြစ်တွယ်
မင်းနဲ့ ဆုံဖို့ ခုဘ၀ဟာမဖြစ်နိုင်တော့ဘူးလားချစ်သူ…..။

Print this post

0 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP