အသိနဲ့ သတိ
Saturday, May 16, 2009
ညည့်နက်ပြီလား ကြည့်လိုက်တော့
ညည့်နက်ဖို. နည်းနည်းလိုသေးတယ်…
ကြည့်စမ်း
အခု အချိန်အထိမင်းအကြောင်းတွေးနေမိပါရောလား…
ငါတက်တဲ့ လှေခါးထစ်တိုင်းမှာ…..
အထစ်အငေါ့လေးတွေရှိတိုင်း
မင်း ကူညီလမ်းပြပေးခဲ့ပြီးတော့
အခုကျမှ မသိသလို
သူစိမ်းတရံ ဆန်ဆန် ရွှန်းရွှန်းစားစားကြီး ကြည့်နေတော့
ငါများမှားနေပြီလား ထင်မိတယ်…
အခု ငါ့နှလုံးသားဗရပွကို လိုက်ကောက်ရတာ
တကယ်မလွယ်ဘူးကွ….
နှစ်သိမ့်မယ့်သူကလည်း မရှိ
ဖြေားင်ဖျမယ့်သူကလည်းမရှိနဲ့ ….
မီးကလည်း ပျက်နေတော့..
ကျေးဇူးရှင် ဖယောင်းတိုင်ကိုပဲ အားပြုပြီး..
ဒီစာတွေချရေးမိတာပါ….
ဂစ်တာအိုကို ကောက်ကိုင်လိုက်တော့ ကြိုးကပျက်နေသေး
ဒါနဲ. မထူးပါဘူး
ဝီစကီနှစ်ပက် ပါးစပ်ထဲ ပစ်ထည့်မြိုချ
အိပ်လိုက်တော့မယ်……….
အဲ…နေဦး ဘုရားရှိခိုးရဦးမယ်
ဘုရားမှတပါး ကိုးကွယ်ရာမရှိပါလား..
ဟရို့ ….။
မှတ်ချက်…….။
ကျနော့်သူငယ်ချင်းဆီကရခဲ့တဲ့ကဗျာလေးတပုဒ်ပါ။
ခေါင်းစဉ်မပါလို့ ကျနော်ပဲတပ်ပေးလိုက်ပါတယ်…..။မည်သူ့ မူပိုင်မှန်းမသိပါ
0 comments:
Post a Comment