လေပြေ Poetry. Powered by Blogger.

တက်သံကျသံဟာ ရှုထောင့်ကွဲလွဲမှု

Sunday, March 7, 2010

အငွေ့ အသက်နည်းနည်း အရသာခပ်စိမ့်စိမ့်
ဖန်အခေါင်းလုံးလေးထဲ ချွေးသီးလေးတွေနဲ့ 
ဝါသနာဟာ သူ့ ဘ၀ကို တိုက်စားရာက
တစ်မြည့်မြည့် ဓာတ်ပြုစေတယ်
ငါတို့ ဟာ လမ်းလျှောက်ထွက်ကြပါတယ်။
အဲ့လို ရူးကြောင်ကြောင်တွေ မတွေးတော့နဲ့ 
မာရသွန်ကွင်းတွေလည်း ငါတို့ ပတ်ပြေးဘူးတာပေါ့
အဲ့လို ပေါက်တက်ကရတွေလည်း မပြောတော့နဲ့ 
မီတာတစ်ရာလား နှစ်ရာလား အိတ်ထဲထည့်ပြီး
ခံစားရမှု ဒုက္ခအမျှမျှ ရင်တွင်း ဒဏ်ရာ နည်းနည်း
လောကဆန်ကောထဲ ထည့်လှိမ့်ပြီး ပြာလိုက်ရင်
ထွက်ကျလာတာက ကဗျာလေးတွေပဲ
တစ်ကယ်ကို အေးချမ်းသွားတယ် ဒါပေမယ့်
စိတ်မနှံ့ သူတွေနဲ့  နေရတာတော့ အတော့ကိုလက်ပေါက်ကပ်တယ်။
တစ်ဖြည်းဖြည်း ချမ်းအေးလာတယ် အနွေးထည်ထပ်ကောင်းကောင်းနဲ့ 
ဘ၀ဟာ ဆောင်းလိုပဲ ချမ်းအေးလာတယ်
မိုးတွေ သည်းနေပေမယ့် ကျောချစရာ ဖျာစုတ်တစ်ချပ်
ဘယ်မှာလဲ နေရာအဟောင်းတစ်ခု ဖြစ်ဖြစ်
ဘယ်သူ့ က ဘယ်သူကို ကန့် သတ်ချက်မျိုးမှာ
ဒီလိုပဲ သားလည်းထည့်ရေးလိုက်တာပဲ…. မသိဘူး
ဦးနှောက်တွေပူနွေး ဆူပွက်လုဆဲဆဲ ဘယ်လိုလဲ
ပူပူနွေးနွေး တစ်ယောက်ချင်းဆဲ
ပူပူနွေးနွေး လုလုဆဲ
ဆူဆူပူပူ နွေက ပွက်ခနဲ နွေထဲကို လာစင်တယ်
နွေဟာသူ့ ဘာသာ သူပြန်စင်တယ် ပြန်ဆဲတယ်
ဒီကောင် အာရုံ လာလာနောက်နေတာပဲ
သီးခြားအဓိပ္ပါယ်ထွက်ပြီး နောက်နေ့ လာတယ်
သူ့ အိမ်မှာ အိမ်သူမရှိ သူ အိမ်မရှိဘူး
ဖျာတစ်ချပ် ၀ါးများများ နှီးနည်းနည်း ရှိတယ်
သွားကြားထိုးတံတွေ ချောင်းကြည့်နေပြီ
နောင်လာမယ့် မျိုးဆက်မှာ
မင်းကိုသတ်မှတ် ခြင်းမရှိခဲ့ဘူး
မင်းဟာ သတ်မှတ်ခံရခြင်း မရှိခဲ့ဖူးတဲ့ မျိုးဆက်ပဲ
ကဗျာဆရာလို သမှုတ်ရမယ်ဆိုရင်
မင်းဟာ အမျိုးယုတ်ပဲ
အမျိုးဟာ မင်းကိုယုတ်နေတယ်
မင်းကို ယုတ်မာနေတယ်
မင်းအမျိုးဟာ သူ့ အမျိုးသူပြန်လည်ယုတ်မာနေတာပဲ
မင်းရုပ်က တော်တော် မာတယ် ဒါပေမယ့်
ပျော်အောင်နေပါကွာ
ကဗျာဆရာဆိုတာ သူ့ စိတ္တဇနဲ့ သူပျော်ပြီးသားသူတွေ
သူ့ ဂုဏ်နဲ့ သူရှိပြီးသား နေနဲ့ လကလည်း
တစ်ယောက်တစ်လှည့် အဆင်းအတက်လုပ်တယ်
သူတို့ တစ်ယောက်တစ်လှည်း ဆင်းတက်နေတယ်
သူတို့ ဟာ ဆင်တပ်
သူတို့  တပ်ဆင်နေတဲ့ဟာက လိင်တူဆက်ဆံမှုပဲ
သူတို့ ဟာ တိုက်ပိတ် အလင်းပေါက်လေးကို တိုး/ထိုးနေကြတယ်
အလင်းပေါက်လေးဟာ လည်းသူတို့ ကို ပြန်ထိုးလို့ 
မနက်ဖြန် ကောင်းကင်ကိုမြင်လျှင်မြင်ချင်းပဲ
ကဗျာရွတ်ဖတ် သရဇ္ဖယ်မှုကို အမှတ်ရကြမယ်
သူတို့ ခေါင်းမှာ အိမ်ဆိုတာပဲ တွေးကြမယ်
သူတို့ အိမ်မမြင်ဖူးဘူး
အိမ်တွေကျွတ်ထွက်သွားပြီဆိုတာ သူတို့ မမြင်လိုက်ဖူး
ဂြိုဟ်လာ ဂြိုဟ်သွား သတ္တ၀ါတချို့ နဲ့ တော့ရင်းနှီးတယ်
လူတွေနဲ့ ရင်နှီးရမယ်ဆိုတာတော့ မတွေးချင်ကြဘူး
လူကြောက်တွေ
လူဟာလူကို ပြန်ကြောက်လို့ 
လူဟာလူကို ပြန်ချလို့ 
လူဟာလူကို ပြန်မွေးလို့ 
လူဟာလူကို ကျောက်ချမွေးလို့ 
ဓာတုဗေဒ ဓာတ်မတည့်မှုလို ထပေါက်ကွဲမယ်
မြေမြုပ်ဗုံးနင်းမိရက်တန်းလန်းကြီး ငါ့ကိုစပ်ဖြဲဖြဲကြည့်လို့ 
မျက်ရည်တွေပိုးပိုးပေါက်ပေါက် ပါးစပ်ကနားရွက်ကိုချိတ်မတတ်
တစ်ဝူးဝူး တစ်ဝါးဝါးလည်း သူအော်တတ်သေးတယ်
လူလိုဖြစ်တော့မယ့်သူ
သူဟာလူတွေနည်းတူ လူထဲကိုလူပြန်ဖြစ်တော့မယ်
လောကရဲ့လက်တွေသူ့ ကိုကမ်းလို့  တစ်ချို့ လည်း
တစ်ရွှီးရွှီး တစ်ဖြောင်းဖြောင်းနဲ့  လက်ခုပ်တီးလို့ 
တချို့ ဟာလည်း သူ့ နည်းတူ မီးသားနဲ့ ထုဆစ်ခံထားတယ်
တချို့ ရွှေသား တစ်ချို့ ငွေသား တစ်ချို့ ကငါ့သား
အပူခံလူသား မီးသားခပ်ရဲရဲနဲ့ ကိုယ်ထည်
ထုလက်စ ပန်းပဲဖိုက ဓားတစ်လက်လိုပဲ
ရေးဆေးခံရရင် တစ်ရှဲရှဲအော်မြည်လို့ 
ဒီကဗျာကိုဖတ်နေတဲ့ ခင်ဗျားတို့ ရော
ဘယ်လိုအော်မြည်တတ်ကြပါသလဲခင်ဗျာ….?

Print this post

2 comments:

လိုင် said...

ကဗျာဖတ်နေသူလည်း လူဟာလူပဲလို့တွေးမိပါတယ်

Bravo said...

ဘယ်လိုပြောရမှန်းမသိအောင်ဖြစ်ခဲ့ရတယ်
(ကောင်းလွန်းလို့)
ပူပူနွေးနွေးနဲ့ နွေက သူ့ကိုသူ ပြန်ဆဲ
သူ့ဟာသူ ပြန်စင်နဲ့ဗျာ.......မိုက်သဟ

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP