လေပြေ Poetry. Powered by Blogger.

နိယာမအသေရဲ့စားကြွင်း (၀ါ) အ၀ါဖြစ်တည်မှုအဆင့်(-)

Sunday, February 7, 2010

အမျှ ….. အမျှ …… အမျှ …..မိတ်ဆွေ
ရုတ်တရက်ကြည့်လိုက် တည်ငြိမ်မှုနဲ့ ခငြောင်းပေစွ
စိတ်အလှ ရုပ်အလှ အာရုံမလာခင်ခင်းကြကျင်းကြနဲ့  … အလှတရားအ(စစ်)မှန်
အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီမှု အထူးတလည် ရှိမရှိ တထွေတ(နံ)လျား ပြည့်မပြည့်
စိတ်ချမ်းသာမှုအစစ် ကိုမီးခွက်နဲ့ ရှာမလိုလို ကိုက်ညီမှု စည်းမျဉ်းနဲ့ အမှတ်ပေး အလျားလိုက်
ရုပ်လက္ခဏါ စိတ်လက္ခဏါ အပေါင်းလက်က္ခဏါ အနှုတ်လက္ခဏါ အမြှောက်သင်္ခါရ အစားထာဝရ ….. အကြွင်းသုညဟာ အပျော်ရှာ သူတွေအတွက် ရလတ်တစ်ခု
အပေါင်းနဲ့ အနှုတ်ကြား ပျော်အောင် တစ်ကိုယ်တည်း နေ …. လျှို့ ဝှက်ချက်ပေါင်းများစွာကို
တူယွင်းတခုနဲ့ တနေကုန်တူးဆွသလို ၊ ညညကျရင်လမ်းမှာမာကျူရီရောင်တွေမြင်ရတယ်။
အမှောင်အလင်းပေါင်းများစွာ ကိုယ်နဲ့ ထပ်တူစကားပြောကြ ၊ အလုပ်မရှိ အပြောမရှိ
လုပ်ရှာပြောလို့  တနေ့ တနေ့ အောက်ကျို့ ရ ကပ်ဖားရ အကျိုးအကြောင်းတင်ပြရ
အမြစ်တွေဖြတ်ရ တစ်ထွာဝမ်းကိုသွတ်သွင်းမှုတွေပြုရ နဲ့ () ဖြစ်တည်မှုကိုအငြင်းပွား
ဖြစ်တည်အလွန်မှာ ရှိနေတယ် ဖြစ်တည်အလွန်ကိုထွက်သွားတယ် အမှုန်အမွားဆိုတာ
ဖြစ်တည်ကလာတာ ဖြစ်တည်ကိုပြန်သွားတယ် လူဆိုတာ ….. လောကဆိုတာ
ဖြစ်တည်ကလာချင်လာမယ် ဒါပေမယ့်ကြာရင်အနံ့ တွေတော့ထွက်ထွက်လာတတ်တယ်
Stress တဖြည်းဖြည်းနဲ့ များလာတဲ့အခါ ကိုယ့်စိတ်ကိုကိုယ်ပြန်ခံစားရတယ်
ခံစားမှု ဖြစ်တည်မှု မဖြစ်တည်ခဲ့မှု ဖြစ်တည်ပျက်စီးမှု ကနဦးဘာမှမရှိမှု (ဗလာ)
အဲ့ဒါတွေကြားမှာအသက်ရှုမှန်ရဲ့လား ကိုယ့်ကိုယ်ကိုပြန်ခံစား
ကြာရင်အငွေ့ ပျံလာလိမ့်မယ် ဓာတ်ပေါင်းဖို တွေလို စက်ရုံတွေလိုလိုဖြစ်လို့ 
စားလိုက်အိပ်လိုက် လောက ကိုလှုပ်ခါရမ်းကြည့်လိုက် ဘ၀ကိုတိုက်စားလိုက်နဲ့ 
ကိုယ်မခုန်ခင်သူစားသွားတဲ့မြင်းလိုပဲ တုန်ခါဆွဲရမ်းမှုအလယ်မှာ တင်း(န်)ရှင်း ရှိတယ်
အနုပညာအာရုံတိုက်စားမှုတစ်စ နဲ့ လက်ကိုချည် ပြီးစီးနိုင်ဖို့ အတွက်တွန်းအားပေး
လူတွေလေးထောင့်ကွက်ထဲဝင်ဝင်သွားတာဘာလို့ လည်း
လူတွေလေးထောင့်ကွက်ထဲရောက်ရောက်သွားတာဘာလို့ လည်း
လူတွေလေးထောင့်ကွက်ထဲကပြူတစ်ပြူတစ်လုပ်နေတာဘာလို့ လည်း
စဉ်းမျဉ်းတွေဘောင်တွေမပါဘူး အာရုံနယ်နိမိတ်သစ် သတ်မှတ်ချက် ( )
အနေနဲ့  မွေးလာတယ် သေသွားတယ် ကိုယ်မိရခဲ့တဲ့ လက်ပြတ်သွားခြင်း
တနည်း … အစာအဖြတ်ခံရခြင်း
ဟုတ်တယ် ….. မာကျူရီမရှိတဲ့ လေးထောင့်ကိုဝင်ရောက်ရာကပြူတစ်နေတဲ့လူတွေ
သောကတသီနဲ့  မောလို့ ပန်းလို့ ကူကယ်ရာ မျက်လုံးကလယ်ကလယ်နဲ့ 
အငွေ့ တထောင်းထောင်းနဲ့ ခုတ်မောင်းဆဲ ကံကြမ္မာဟာသာယာဖွယ်ရှိ မရှိ
သောက်လက်စဆေးပေါ့လိပ်မီးသတ်ရင်းက နေ၀င်တာကိုထိုင်ငမ်းနေတဲ့ကောင်
သူ့ ခေါင်းထဲကကျောက်ခေတ်လူသား ဦးနှောက်အတွက်စက်ပြင်ဆရာလိုကြောင်းတွေး
လူတိုင်းသာ ကိုယ့်ဘောင်ကိုယ်ခတ်နေထိုင်လျှင် အက္ခရာစဉ်တွေသူ မလို
ဒီနေ့ မှာသူရှိနေဦးမယ်လို့ တွေး နောက်နေ့ အတွက်သူမရှိတော့ဘူးလို့ တွေး… အိပ်
မနက်မိုးလင်းတော့သူရှိနေပါသေးသလား …… ပြန်ငုံ့ ကြည့် ။
တော်ပါသေး၏ ရင်အစုံကိုဖိကြည့် ၍ကျွံဝင်သွားသောအခါ
မီးခိုးခေါင်းတိုင်လည်းသစ္စာရှိပေသကိုး…….

Print this post

2 comments:

noblemoe said...

လာခံသွားပါကြောင်း
သာယာချမ်းမြေ့ပါစေနော်
မိုး

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP