လေပြေ Poetry. Powered by Blogger.

ဒီကဏ္ဍဟာ အရေးကြီးမှုထက် ပါဝင်ပက်သက်မှုအားကောင်းစွာ

Friday, March 5, 2010

ကတ် … ခု ဒီကတ်မှာ တစ်ခန်းလည်းမရပ်ဘူး ဇတ်ပြတ်ဟာ
ခုသီချင်းနားထောင်နေတယ် ဒီနေ့ အတွက်သီချင်း
နောက်နေ့ မှာပုလင်းဖြစ်ချင်လည်းဖြစ်မယ် ဘူးဖြစ်ချင်လည်းပေါ့
ပုလင်းတူဘူးဆို့ တစ်ပေါက် တစ်ယောက်နဲ့ တစ်ယောက်တစ်ပေါက်
ငါ့ဦးလေးမလေးရှားပြန်လိုဆဲလိုက်ရ လန်ကျောက်ပဲကွာ
ညီလေး မင်းသိပ်တော်တာပဲ ပေါ/ဖော တဲ့နေရာမှာ
ရပ်ကွက်ထဲမှာ ကဗျာဆရာတွေကို နေ့ ပြန်တိုးနဲ့  ချေးတယ်ဌားတယ်
စာရေးတာကလွဲပြီးမင်းစေလိုရာ သုံး သူတို့ ကသဒ္ဒါမတတ်ကြဘူး
ဖင်တော့မဆေးခိုင်းနဲ့  မင်းရုပ်ကတော်တော်နာတာပဲ
မင်းကတော့ တော်တော်ရှုပ်တာပဲ ငနာရဲ့
ခုနှစ်လနဲ့ မွေး ရုပ်ကလည်းအဖေနဲ့ မတူဘူး
လ မစေ့ ကြားကားစွဲ မွေးလာလို့ မင်းဂေါက်နေတာ
မကျေနပ်ရင် လည်းမြင်းစီးသလိုလုပ်ပြ သင်္ကေတဆဲနည်း
ကုတင်ပေါ်က ကကွက် စကားလုံးဆဲနည်း
အဲ့ဒါ လူကြားသူကြားဆဲနည်း
မကျေနပ်ရင်လည်း လေဖြတ် ချစ်စနိုး နဲ့ ဆွဲခိုင်း အစကို
အစသည် အစဖြစ်တဲ့အတွက် အစဟာ အစလို
နည်းနည်းလေးတိုတယ် ဒါပေမယ့်ပျံ့ထွက်မသွားအောင်
အောက်ကိုသေချာဆိုက်ထား လည်ပြန်ကြည့်
ပြန်လှည့်ကြည့် ကဗျာဆရာဆိုတာ အပြာမရေးဘူး
အရောင်ကို ပုံစံထု လူလိုထု အပြာလိုထု
အရောင်ထုကြီး လူပုံစံအတုကြီး ဖောက်လွှဲပိတ်လွှဲ ကားချပ်အသေကြီး
အနုပညာကန်းသူ မြေအောက်သားတွေအတွက် ပျော်ပွဲစားရုံ
အလှူအတမ်းလည်းများများလုပ်လို့  ကောင်းရာသုဂတိလားပါစေ
မိနီ မီးနီနေတုန်းလမ်းကူးရင် မီးမသေဘူး
သမီးလေးနေ့ တိုင်းရွှင်လန်းနေရင်ဖေဖေလည်းပျော်တာပေါ့
ဒါပေမယ့် လင်းပွင့်မှုတွေအတွက်တော့အင်အားမရှိခဲ့ဘူး
လက်တွေက ရုတ်ရုတ်သဲသဲနဲ့  မွေးဖွားပေးမှုအတွက်ကျေးဇူးတင်ပါတယ်
အိုင်ထွန်းသွားလည်း ရေသောက်မြစ်ပဲ
စီးဆင်းမှု အရေးဆရာ အသားဆရာ ဆရာကဆရာ
ခင်ဗျားကဆရာ ခင်ဗျားက ခင်ဗျားဆရာ
သေချာတာကျွန်တော်တို့ ဟာမောင်ချောနွယ်ပြောခဲ့သလို
လမ်းတူရင် လူချင်းတွေ့ မှာပဲ
လူချင်းတွေ့ တဲ့အခါသာ ခင်ဗျားရဲ့ရသင့်မှု ရှိမှုအတွက်
အထူးသဖြင့် ခင်ဗျားရဲ့ ဘာသာဗေဒ အတွက်
ကျွန်တော်ကlမောင်လေပြေက အထူးဝမ်းမြောက်မိပါကြောင်း
မိကြောင်းပါသား ပုတ်ခတ်မှုမှာ မယားပါသား ဆဲရေး
အပြာအတွက်လည်း ရယ်သွမ်း ရေးဆဲနိုင်ပါသဖြင့်
ကျွန်တော်က လန်ဒန်ရောက် လူမည်းတစ်ယောက်
လူမည်းတစ်ယောက်အနေနဲ့ လည်း ယုတ်မာမှုများရှိခဲ့၍
နောင်လည်းယုတ်မာသွားမည်ကို ( - ) မှ/သို့ ထုတ်ပြန်ကြေငြာ
မနက်ဖြန်ရေကြီးမိုးခေါင်မှုမှာ ပင်လယ်သေက လှေငယ်ကို
မိုးမှောက် ဇောက်ထိုး သူ့ ပါးဆောင်မှာခပ်ဟဟနဲ့ ငုံလို့ 
မင်းဟာမင်း မင်းဗီဇကိုသိဖို သိကိုသိရမယ်
အာရုံကနေ အာရုံခံစားမှုဆီကိုလည်း ပြောင်းလဲသင့်
မင်းနို့ စက်ခံဆို့ ခဲ့တာ မင်းအမေဆီမှာ
လောကအပြောင်းအလဲကိုတော့ မင်းကိုယ်တိုင်ဆုပ်ကိုင်ရမယ်
ငါတို့ လက်ထဲမှာ ကမ္ဘာဟာလည်းမီးထတောက်ကောင်းတောက်မယ်
ငါတို့ လက်ထဲမှာ ရိုးကျိုးတဲ့ခွေးတစ်ကောင်လည်းရှိမယ်
Gravity နဲ့ ပန်းသီးတစ်လုံးလည်းဖြစ်နိုင်တယ်
မနာလိုမရှုစိမ့်ရင် ပုရစ်လေးတွေအော်သံမျိုးနဲ့ အော်
Global တစ်ခုလုံးကလည်း ငါတို့ ဩဇာခံဖို့ စောင့်နေပြီ
ဖန်တီးမှုမှာ ငါတို့ ဟာလောင်မြိုက်ခံ ရင်တွင်းဖော်ထုတ်သရုပ်ကောင်တွေ
အလှူအတမ်းများများနဲ့ နာမည်ကြီးကြီးတွေလည်းမလုပ်နိုင်ဘူး
ဆံပင်တောင်စပွန်ဆာစောင့်ညှပ်ရတယ်
တစ်ခါတစ်ခါလည်း ကဗျာဆရာ (ကေ) ပုံစံပေါက်လို့ 
ဆံပင်ညှပ်လိုက်တယ် ဆံပင်လိုက်ညှပ်တယ်
လူတောမတိုးဘူး ပြတင်းပေါက်ဖွင့်ထားတယ်
ငူငူငိုင်ငိုင်တွေးမိတွေးရာ သူအလုပ်လုပ်နေပုံဆိုတာ
လောကကိုဘောင်ခတ် သူ့ စာရွက်ထဲအချုပ်ကျဖို့ 
သူဟာ ကဗျာရေးဖို့ နူးနူးညံ့ညံ့ တွေးနေတယ်။

Read more...

တောလား (အောင်ချိမ့်)

Monday, March 1, 2010

အောက်မှာဒေါင်းလော့ဒ်လင့်ပေးထားပါတယ်။
စာအုပ်တစ်အုပ်လုံး ပါ ပါတယ်။စာဖတ်ချင်တဲ့သူတွေအတွက်အမြန်လုပ်ပေးထားတာ
ဖြစ်တဲ့အတွက်လိုအပ်ချက်လေးတွေလည်းရှိနေပါတယ်။
ဥပမာ..စာအုပ်မျက်နှာဖုံးပုံ မပါပါ။

ခင်ဗျားစိတ်ဝင်စားရဲ့လား


အသက် ၅၀ ပြည့်တော့ လူဟာ နည်းနည်းတုန်လှုပ်ပြီး အံ့အားတသင့် ဖြစ်မိတယ်။အဲ့ဒါ
နဲ့ ကိုယ့်လမ်းကြောင်း ကိုယ်ပြန်ကြည့်ရာက ‘တောလား’ ကိုရေးခဲ့နိုင်တယ်။၁၉၉၈ ခုနှစ်မှာပေါ့။
တိုက်ဆိုင်မှုအနေနဲ့ ’ဖော်ဝေးကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်’ နှစ်လည်းဖြစ်ပါတယ်။ ‘သေခြင်း’ နဲ့ 
‘ရှင်ခြင်း’ ဟာ ယှဉ်လျက်သားပဲ။ ဒါကြောင့် ဖော်ဝေးကွယ်လွန်ခြင်းကို ထည့်ရည်ညွှန်းခဲ့တယ်။
အဲဒီကနေ ၁၀ နှစ်ကျော်ခဲ့ပါပြီ။ ပြန်ဖတ်တော့ နှစ် ၅၀ ဆိုတာကြီးကို ကျွန်တော်အံ့အား
သင့်တုန်းပဲ။ ရာစုရဲ့ထက်ဝက်မဟုတ်လား၊ အဲ့ဒါဟာ ‘တောလား’ ကိုထုတ်ဝေဖို့  ပြန်လည်နိုး
ကြားစေတဲ့ အဓိကအကြောင်းပါပဲ။
ရာဇ၀င်မဟုတ်ဘူး ဒီစာအုပ်ကို ကဗျာဖတ်သူ ဖတ်တဲ့အခါ ‘ရုပ်ရှင်
တစ်ကားလောက်ကြည့်ရတဲ့သဘောပဲ’ ဟူပါက ကျွန်တော့်ဘက်ကလည်း သဘောတူလိုပါ
တယ်။ အနုပညာပြုလုပ်မှုမျှသာ။
အဲဒါ ကျွန်တော့်နှစ်ငါးဆယ်။ အဲဒါ ကျွန်တော့်တောလား။
ခင်ဗျား စိတ်ဝင်စားရဲ့လား။
လေးစားစွာဖြင့်
အောင်ချိမ့်
၂၃-၅-၂၀၀၉

Read more...

မေးခွန်းက ကမ္ဘာကျော်မှာလား

Saturday, February 27, 2010

လူ ၁၂ ယောက် မေးခွန်း ၁၂ ခုမေးခဲ့တယ်
ဘယ်ညာလက်တစ်စုံ
တစ်မိနစ်အတွင်း ကျရောက်သော စကားလုံး
နောက် ... ကောင်းတာတစ်ခုက
ကဗျာဟာ ဘယ်တော့မှ ခေတ်ရေစီးမဖြစ်နိုင်ဘူး
တကယ်လို့  ဒီကဗျာကို ခင်ဗျားမကြိုက်ရင် ခင်ဗျားနှစ်သက်ဖို့ 
အခြားကဗျာ အမျိုးအစား သန်းနဲ့ ချီပြီးရှိတာပဲ
ပထမဆုံးဖတ်ဖြစ်တဲ့ကဗျာက.....
ဟာ တော်တော်ခက်ခဲတဲ့ မေးခွန်းပဲ
ကဗျာရဲ့ အရသာကို ငါသိလို့ 
မေးခွန်းကနေ မွေးခန်း
ကဗျာဆိုတာ မေးခွန်းတစ်ခုအထိ ရောက်လာစရာ
အကြောင်းမရှိဘူး
ကဗျာပရိတ်သတ်ထဲ သူ့  မေးခွန်းကျန်ခဲ့စေရန်
ခေတ္တမျှ ရပ်နားလိုက်သည်
ပြောသူနှင့်နားထောင်သူကြားတွင်ပင် အဓိပ္ပါယ် ပြောင်းသွားသဖြင့်

စိုင်းဝင်းမြင့် (များများ မြန်မြန်) စာအုပ်မှ

Read more...

စကားမပြောဘူး - လှည်းလမ်း

Wednesday, February 24, 2010

မြင်ကွင်းကျယ်ကျယ်နဲ့  ကွင်းကျယ်ကျယ်တွေမြင်တွေ့ 
ငါတို့ ထွက်ခွာရာ တ၀ူးဝူး တ၀ါးဝါးနဲ့ စက်ငိုသံတွေ
ဘယ်ဘက်မှာ လူထုတ်ကုန်မျှဝေ သုံးစွဲရေး
ခဲမဖြူစက်ရုံ ထော်လာဂျီချောင်းတဟွတ်ဟွတ်နဲ့ 
ကုက္ကိုပင်အောက်က အရိပ်ခိုနိုင်ငံခြားသားကြီးလည်း
ဆေးပေါ့လိပ်ကြီး တဖွာဖွာနဲ့ 
မင်္ဂလာပါ တောက်တိုမယ်ရကြီးရေ ……
ဟုတ်ကဲ့ ….. မင်္ဂလာပါတယ် မသာမယာ(း)ကြီးရဲ့
ငါလည်းမပြောဘူးဆိုပြီး ပြောတော့ပေါက်ကရတွေမယ်မယ်ရရ
မြက်ခင်စိမ်းတွေ
ဟဲ့ လေတိုက်တိုင်းငါ့ကိုဝင်ဝင် မတိုက်နဲ့ လို့ ပြောတဲ့ မမြက်
ဟိုက် …… ငါတို့ နွားလှည်းကြီးဘီးပေါက်သွားပြီ….
ဆင်းကြ နားကြ ဘီးဖာလိုက်ဦးမယ်ဟေ့…
ညာဘက်ထုံးဖြူဖြူ တွေနဲ့ အလောင်းမင်းတရားခေတ်ဟိုတယ်တွေ
မြက်ခင်းစိမ်းတွေပေါ်က မသာပိုင်အုတ်ဂူဟောင်းတို့ အစီအရီ
မိတ်ကပ်ပြာနှမ်းနှမ်း အကွတ်သားနာမည်ပြားတွေကပ်လို့ 
လှပနေလိုက်ကြတာ လေတဖြူးဖြူးအေးချမ်းလို့ 
နွားလှည်းပျက်အင်ဂျင်တပ်ကို တဟဲ့ဟဲ့ အော်မောင်း
လက်ထဲကထန်းရည် ပါဆယ်လေး လည်းမူးပြီ
အောက်လမ်းဂိုဏ်းကကောင်တွေလည်းငါ့ကဗျာထဲ
မြူတူးခုန်ပေါက်လို့ 
ကဲ … သူငယ်ချင်းတို့ ဆင်းကြ
မင်းတို့ အတွက်ကနုတ်ကျင်းတွေတူးထားပြီးသား။

Read more...

မိုးပြာရောင် ဂီတနောက်ခံ

Thursday, February 18, 2010

ကဲ…..သာယာပါရဲ့လားခင်ဗျာ…။
အဲ့နေ့ ကလေဒီ….အဲ့ဒီ့နေ့ ကလေ
အဲ့ဒီ့နေ့ ကမရွာဖြစ်တဲ့မိုး
နောက်တစ်နေ့ မှာလည်းတိတ်တိတ်နေ
ဆိတ်လိုက်တာလည်းပိတ်ပါဘိနဲ့ 
ဒီလောက်လွမ်းရဆွေးရတာဗျာ
ကုန် … မကုန်နိုင်ဘူး။

အခန်းဆက်ကလည်းမပြတ်နိုင်
သူမ ကိုလည်းကဗျာလေးနဲ့ ဖားရတာအမော
သူမ ဘ၀င်လေပင့်တော်မူရအောင် ဆက်ရေး
တစ်ကယ်ပါ… တစ်ကယ့်ပါလေ… တစ်ကဲပါပဲ

မိုးကမဖွဲ နေကဖြဲလို့ 
ပူလောင်အိုက်စက် ဒီအရပ်ထဲ
အို…သူမအား လွမ်းလိုက်ပါသည်..ဤကဲ့သို့ 
အပူဆိုတာစပ်ခါးသလားမှတ်တယ်
အလွမ်း ဆိုတာရှိန်းတိန်းတိန်းနဲ့ တကယ့်အပိန်းပဲ
အာရုံတွေတောင်စိမ်းသွားတယ်

မြင်စမှာ မေတ္တာနဲ့ ကာ ဂရုဏါရံလို့ 
ကာရံလေးနဲ့ ချစ်ကြည့်တယ်
ဒီလိုအသံထွက်သွားတယ်… တောက်တီး…တောက်တဲ့
လွမ်းနာလွမ်းစာ မချတတ်တဲ့ငါ က
အလွမ်းကိုတရားနာသလိုနဲ့ ….
အို…သူမအား ဆွေးလိုက်ပါသည်..ထိုကဲ့သို့ (၀ှား)
အဆွေးလွန် ပြဇတ်တွေထဲမျော
မေထုံလိုအလွမ်းမျိုး ငါမလိုချင်
မှီဝဲစရာခေါင်းပါးလာရင် ငါ့ပုခုံးငါမှီမယ်
လောလောဆယ်မြည်သံမှာ .. (တောက်တဲ့)
အချစ်သံလား …. အလွမ်းသံလား
အဆွေးမြေခ သံလား
ခရာတဖက်စောင်းနင်းမှုတ်သံနဲ့ ဆင်တူ
ဟုတ်ပါ့ တစ်တောက်တောက်နဲ့ 
ငါ့မျက်လုံးမှာအရည်တွေလျှံလို့ 
နှလုံးသားအတွက်ပညာရှင်တွေစုဆောင်းမှ
ပျက်ရွေ့တွေ အရင်ကထက်များလာတယ်ထင်။
ဒီလိုပေါက်ကရပေါင်းများစွာကို
ငါ့အိတ်ထောင်ထဲထည့်သိမ်းခဲ့တာဆယ်စုနှစ်ပဲ

ကဲ..အဲ့ဒီ့နေ့ ကသာယာလိုက်တာ
မိုးတွေသည်းသည်းနဲ့ 
ထီးတစ်မိုးအောက် ငါနဲ့ ငါသာအတူတွဲ
လမ်းမရဲ့အုတ်အော်သောင်းနင်းကြား
ချမ်းရီနေတဲ့ငါ့ကိုယ်ငါ ထွေးပွေ့ လို့ 
ငါ့ရဲ့တဖက်တချက်က ငါ့မျက်လုံးတွေ
ငါ့ကိုစိုက်ကြည့်နေကြတယ်။

လမ်းကလေးမိုးတွေရွှဲလို့ 
ငါ့ခြေရာတွေကို အပြေးအလွှားနဲ့ 
လိုက်ကောက်သိမ်းနေပုံများ
လွမ်းလို့ ဆွေးလို့ …..။

Read more...

ဖေဖေါ်ဝါရီ အသားတံဆိပ် (14)

Tuesday, February 16, 2010

ဖေဖေါ်ဝါရီ အသားတံဆိပ် (14)

အ၀ါသို့ … အပြာသို့ … အရောင်သို့ ..သွား
သူ့ အချိန်က ဒီလောက်နဲ့ ပဲတန်သွားခဲ့ပြီ
မမြင်ရတော့မှကိုယ့်နောင်တအတွက်
ဆဲရေးပြစ်တင် ရှုံ့ ချကဲ့ရဲ့ အမျိုးမျိုးအဖုံဖုံ သောက ရင်အစုံများစွာ
ကိုယ့်ကိုယ်ကိုနဲ့ သူတို့ ကိုယ်ကို
ဒီတွင်းနက်နက်ထဲမှာရှိနေကြတယ်။
အသွေး အရောင် အနု အရင့် များကြား
နှစ်နဲ့ ချီဖြတ်သန်းရင်း
ငါ့ကိုယ်ငါ ၀ါရင့်ကဗျာ ဆရာလိုလို သဘာပတ္တိချုပ်လိုလို
အသံကောင်းတိုင်း ထထဟစ်(ဖြဲ)
ငါ့လောက်မင်းကိုချစ်တာဘယ်သူရှိလည်း။
နောက်တခါလည်း ဒါပဲလာဦးမှာ
ပျက်တည်မှု တစ်ခုထဲ ထိုးထည့်ပြီးသားရင်တစ်အုံလိုက်လို
သွေးသံယိုစီး ယင်တအုံအုံ နဲ့ 
ဆွဲထုတ်တိုင်းပါမလာတာတတ်တာ မင်းတို့ ငါတို့ သိပြီးသား။
အဲ့တော့လည်း ရေရေရာရာမရှိတဲ့
မရေမရာမှုတွေကြားထဲ အပြီးသိပ်ထိုးထားလိုက်တယ်
သူ့ ဘာသာ….
အသံကုန်ဟစ်ပြီး ချစ်တယ်ချစ်တယ် နဲ့ အော်ပါစေ။
ငါတို့ ဖေး မကူကြေး….။
နည်းနည်းတော့ရယ်ရမှာပေါ့ ဒါကဖေဖေါ်ဝါရီရဲ့ငိုသံလေ
ကောင်းလားလို့ မေးရင် လူမြှောင်တွေလက်ခုပ်တီးမယ်။
အိမ်မြှောင် တွေတစ်ကျွတ်ကျွတ် နဲ့ 
စည်းလုံးညီညာအောင်ကြောင်းဖြာ
ညစာကို ဖေဖေါ်ဝါသားနဲ့ စားမယ်
ဒါပေမယ့် တံဆိပ်တော့မခွာပါရစေနဲ့ 
ဖေဖေါ်ဝါရီ အော်ရီဂျင်နယ် မှန်းအများသိအောင်လို့ ။
13 ကတော့မနေ့ ကကျန်ခဲ့ပြီ။
အဲ့ဒီ့နေ့ ဟာဘယ်သူ့ နေ့ လည်းဆိုတာကို ဘယ်သူကမှ
အမှုမဲ့ အမှတ်မဲ့ အသိမဲ့ အလိမ္မာမဲ့ အလွမ်းမဲ့… လို့ 
အော်… အလွန်အင်မတန်မှ ၀မ်းနည်းစရာကောင်းပါရဲ့။
အော် အချစ်..ရော့
ဖေဖေါ်ဝါရီသား လေးမြည်းကြည့်
ချောကလက်ဆွယ်တာလေး ရော့
မောင့်နှုတ်ခမ်းပန်းလေး ယူ
ဟိုဘက်ခဏလှည့် အချစ်
ဖေဖေါ်ဝါရီ အသားတံဆိပ်လေး ထည့်ပေးမယ်။

(14 ရက်နေ့ မှာကွန်နက်ရှင်ကိုပွဲမပေးလို့ တင်မရသောကြောင့်ခုမှပဲတင်ဖြစ်တာပါ။)

Read more...

နိယာမအသေရဲ့စားကြွင်း (၀ါ) အ၀ါဖြစ်တည်မှုအဆင့်(-)

Sunday, February 7, 2010

အမျှ ….. အမျှ …… အမျှ …..မိတ်ဆွေ
ရုတ်တရက်ကြည့်လိုက် တည်ငြိမ်မှုနဲ့ ခငြောင်းပေစွ
စိတ်အလှ ရုပ်အလှ အာရုံမလာခင်ခင်းကြကျင်းကြနဲ့  … အလှတရားအ(စစ်)မှန်
အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီမှု အထူးတလည် ရှိမရှိ တထွေတ(နံ)လျား ပြည့်မပြည့်
စိတ်ချမ်းသာမှုအစစ် ကိုမီးခွက်နဲ့ ရှာမလိုလို ကိုက်ညီမှု စည်းမျဉ်းနဲ့ အမှတ်ပေး အလျားလိုက်
ရုပ်လက္ခဏါ စိတ်လက္ခဏါ အပေါင်းလက်က္ခဏါ အနှုတ်လက္ခဏါ အမြှောက်သင်္ခါရ အစားထာဝရ ….. အကြွင်းသုညဟာ အပျော်ရှာ သူတွေအတွက် ရလတ်တစ်ခု
အပေါင်းနဲ့ အနှုတ်ကြား ပျော်အောင် တစ်ကိုယ်တည်း နေ …. လျှို့ ဝှက်ချက်ပေါင်းများစွာကို
တူယွင်းတခုနဲ့ တနေကုန်တူးဆွသလို ၊ ညညကျရင်လမ်းမှာမာကျူရီရောင်တွေမြင်ရတယ်။
အမှောင်အလင်းပေါင်းများစွာ ကိုယ်နဲ့ ထပ်တူစကားပြောကြ ၊ အလုပ်မရှိ အပြောမရှိ
လုပ်ရှာပြောလို့  တနေ့ တနေ့ အောက်ကျို့ ရ ကပ်ဖားရ အကျိုးအကြောင်းတင်ပြရ
အမြစ်တွေဖြတ်ရ တစ်ထွာဝမ်းကိုသွတ်သွင်းမှုတွေပြုရ နဲ့ (အ) ဖြစ်တည်မှုကိုအငြင်းပွား
ဖြစ်တည်အလွန်မှာ ရှိနေတယ် ဖြစ်တည်အလွန်ကိုထွက်သွားတယ် အမှုန်အမွားဆိုတာ
ဖြစ်တည်ကလာတာ ဖြစ်တည်ကိုပြန်သွားတယ် လူဆိုတာ ….. လောကဆိုတာ
ဖြစ်တည်ကလာချင်လာမယ် ဒါပေမယ့်ကြာရင်အနံ့ တွေတော့ထွက်ထွက်လာတတ်တယ်
Stress တဖြည်းဖြည်းနဲ့ များလာတဲ့အခါ ကိုယ့်စိတ်ကိုကိုယ်ပြန်ခံစားရတယ်
ခံစားမှု ဖြစ်တည်မှု မဖြစ်တည်ခဲ့မှု ဖြစ်တည်ပျက်စီးမှု ကနဦးဘာမှမရှိမှု (ဗလာ)
အဲ့ဒါတွေကြားမှာအသက်ရှုမှန်ရဲ့လား ကိုယ့်ကိုယ်ကိုပြန်ခံစား
ကြာရင်အငွေ့ ပျံလာလိမ့်မယ် ဓာတ်ပေါင်းဖို တွေလို စက်ရုံတွေလိုလိုဖြစ်လို့ 
စားလိုက်အိပ်လိုက် လောက ကိုလှုပ်ခါရမ်းကြည့်လိုက် ဘ၀ကိုတိုက်စားလိုက်နဲ့ 
ကိုယ်မခုန်ခင်သူစားသွားတဲ့မြင်းလိုပဲ တုန်ခါဆွဲရမ်းမှုအလယ်မှာ တင်း(န်)ရှင်း ရှိတယ်
အနုပညာအာရုံတိုက်စားမှုတစ်စ နဲ့ လက်ကိုချည် ပြီးစီးနိုင်ဖို့ အတွက်တွန်းအားပေး
လူတွေလေးထောင့်ကွက်ထဲဝင်ဝင်သွားတာဘာလို့ လည်း
လူတွေလေးထောင့်ကွက်ထဲရောက်ရောက်သွားတာဘာလို့ လည်း
လူတွေလေးထောင့်ကွက်ထဲကပြူတစ်ပြူတစ်လုပ်နေတာဘာလို့ လည်း
စဉ်းမျဉ်းတွေဘောင်တွေမပါဘူး အာရုံနယ်နိမိတ်သစ် သတ်မှတ်ချက် ( )
အနေနဲ့  မွေးလာတယ် သေသွားတယ် ကိုယ်မိရခဲ့တဲ့ လက်ပြတ်သွားခြင်း
တနည်း … အစာအဖြတ်ခံရခြင်း
ဟုတ်တယ် ….. မာကျူရီမရှိတဲ့ လေးထောင့်ကိုဝင်ရောက်ရာကပြူတစ်နေတဲ့လူတွေ
သောကတသီနဲ့  မောလို့ ပန်းလို့ ကူကယ်ရာ မျက်လုံးကလယ်ကလယ်နဲ့ 
အငွေ့ တထောင်းထောင်းနဲ့ ခုတ်မောင်းဆဲ ကံကြမ္မာဟာသာယာဖွယ်ရှိ မရှိ
သောက်လက်စဆေးပေါ့လိပ်မီးသတ်ရင်းက နေ၀င်တာကိုထိုင်ငမ်းနေတဲ့ကောင်
သူ့ ခေါင်းထဲကကျောက်ခေတ်လူသား ဦးနှောက်အတွက်စက်ပြင်ဆရာလိုကြောင်းတွေး
လူတိုင်းသာ ကိုယ့်ဘောင်ကိုယ်ခတ်နေထိုင်လျှင် အက္ခရာစဉ်တွေသူ မလို
ဒီနေ့ မှာသူရှိနေဦးမယ်လို့ တွေး နောက်နေ့ အတွက်သူမရှိတော့ဘူးလို့ တွေး… အိပ်
မနက်မိုးလင်းတော့သူရှိနေပါသေးသလား …… ပြန်ငုံ့ ကြည့် ။
တော်ပါသေး၏ ရင်အစုံကိုဖိကြည့် ၍ကျွံဝင်သွားသောအခါ
မီးခိုးခေါင်းတိုင်လည်းသစ္စာရှိပေသကိုး…….

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP