လေပြေ Poetry. Powered by Blogger.

နှင်းဆီကောက်ကြောင်း

Tuesday, January 5, 2010

ရင်ခုန်သံတိုးလို့ ညင်တယ်
ရနံ့ တစ်ခုစွဲမက်ဖွယ်နဲ့ 
ငါ့ရင်ကိုချုပ်နှောင်ရှုပ်ခတ်သွား
အော်….
ရဲရဲနီနေလိုက်ပုံများ
ဒုတိယကမ္ဘာစစ်လားထင်ရတယ်

အလှကစစ်သလားမမေးနဲ့ 
တလွှာခြင်းရဲ့နှုတ်ခမ်းစပ်မှာ
ကောက်ကြောင်းတို့ ငြိမ်ဝပ်ပိပြားလို့ 
ရင့်ကျက်ဟန်မာန်အပြည့်
ငါ့ရင်ကိုရိုက်ခတ်တဲ့ရနံ့ က
ရိုးရာတွေတောင်ကျိုးပဲ့သွားတယ်။

လေညှင်းနဲ့ ရနံ့ ရဲ့သင်းပျံ့ မှုမျိုး
ငါ့စိတ်ကိုအာသာပြေရုံပွတ်တိုက်လို့ 
ငါရှုရှိုက်ခဲ့တဲ့နှင်းဆီရနံ့ တို့ 
ငါ့ရင်ကိုနှင်းဆီဆိပ်နဲ့ အေးမြတယ်။

ရန်အစုံမာန်ဟုန်နဲ့ ဖြိုခွင်းမယ့်ဟန်
ချွန်မြမြအစွယ်အသွားနဲ့ ဆူး
မြင်သူစိတ်မောလို့ ဖောက်အောင်
ရင်ရဲ့ဟန်ကိုရိုက်ကိုင်ချိုးလို့ 
သူလှနေပုံများ…
ကောက်ကြောင်းကညီညာ

Read more...

L + M

Saturday, January 2, 2010

ငါ့ကဗျာ

ငါ့ကဗျာ ကငါ့အတွက်တော့ကဗျာပဲ
ငါ့ကဗျာ က LP ခေတ်ကြီးမှာတောင်မော်ဒန်မဆန်နိုင်ဘူး
ငါ့ကဗျာ ကအ၀င်အထွက်နဲ့ ဂန္တ၀င်သတ်မှတ်ချက်တွေလည်းမရှိဘူး
ငါ့ကဗျာ ကငါ့အတွက်တော့ကဗျာပဲ
ငါ့ကဗျာ ကသကာမပါတဲ့ကော်ဖီတစ်ခွက်လိုခါးသက်ချင်ခါးသက်နေမယ်
ငါ့ကဗျာ ကဆီးချိုသမားနဲ့ တော့သင့်တော်တယ်
ငါ့ကဗျာ ကငါ့အတွက်တော့ကဗျာပဲ
ငါ့ကဗျာ ကအများပျက်ရယ်ချင်စရာဖြစ်ချင်ဖြစ်မယ်
ငါ့ကဗျာ ကရေးတဲ့ငါချောချင်ချောမယ်(သွားလည်းခေါချင်ခေါမယ်)
ငါ့ကဗျာ ကငါ့အတွက်တော့ကဗျာပဲ
ငါ့ကဗျာ ကတစ်ချို့ အတွက်သစ်ချင်သစ်မယ်
ငါ့ကဗျာ ကတစ်ချို့ အတွက်ကဗျာဖြစ်ချင်မှဖြစ်မယ်
ငါ့ကဗျာ ကငါ့အတွက်တော့ကဗျာပဲ

မိုးစက်

လက်တွေပိုက်ထားပေးပါ

ခေတ်တွေကိုထမ်းကြပါ
မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့
ဟိုကောင်မလေးလည်းပါတယ်နော့်
အင်း….ကျနော်လည်းဟုတ်ချင်ဟုတ်မယ်
စာတွေအားအားယားယားစီနေတယ်
ပါးစပ်တွေမအသေးဘူးပဲ…..
စက်သေနတ်လိုပဲစကားပြောတယ်
ဟုတ်တယ်….
လသာတုန်းသူမဗိုက်နာနေလို့ ပါ
ကဲ…အမောင်တို့ အရောက်ပို့ ချင်ကြသလားဗျ
ပလက်ဖောင်းလေးခဏပေးစမ်းပါ
ကျွန်တော်ခဏတဖြုတ်စီးရအောင်လို့ 
တစ်ခါလာလည်တော့ချစ်တယ်
နှစ်ခါလာလည်တော့အစစ်တဲ့(တောင်းတာ)
သုံးခါလည်းမြောက်ရောပါသွားပါပြီတကားပေါ့။
ဟုတ်ကဲ့မှန်လှပါဘုရား….
တပည့်တော်တို့ ရွာမှာအတွင်းခံပဲဝတ်ကြတာကိုး….
အဲ့သလိုကိုလန်းတာ…..
နောက်ဆုံးပြောတာကခေတ်ထမ်းတာတဲ့
ဒီခေတ်ခလေးတွေတယ်မလွယ်ပါလား
ငါတို့ ခေတ်ကနဲ့ တစ်ထပ်တည်းပဲကိုး
အိမ်း……
ပုလက်ဖောင်းတွေရင်ခွင်ပိုက်သိမ်းထား
နောက်ဆိုမြင်ရဖို့ မလွယ်တော့ဘူးလေ
လမ်းဘေးဈေးသည်တွေတော့ချမ်းသာပေးပါ
စည်ပင်ကတာဝန်ယူသွားလိမ့်မယ်……
အရင်ကလိုတိုးတက်စရာသိပ်မလိုတော့ဘူး
နေရာတစ်ကာအထူးတွေပြေးဆွဲနေတယ်
ငါတို့ လည်းအထူးလူသားတွေဖြစ်တော့မယ်
တစ်ယောက်ယောက်အောက်ဆင်းသွားရင်ပေါ့လေ။
ကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒါ…..သူ…နော်

လေပြေ

Read more...

စိမ်းညို့ အလွမ်း

မျက်ဝန်းတွေတစ်ဖျတ်ဖျတ်မခတ်ဘူး
အရည်လဲ့လဲ့တွေလည်းမပိုင်ဆိုင်ဘူး
စိတ်ညို့ စွဲငင်ဓာတ်လည်းမပါတဲ့
မျက်ဝန်း…
မျက်ဝန်းတစ်စုံ….နဲ့ 
ဖြစ်ပျက်တည်ရှိမှုနဲ့ အစာခြေဖျက်မှု
ပေါင်းတည်ရင်းပြိုကွဲသွားသလိုပဲ

အင်း…ရင်တစ်ခွင်မမြင်ခင်မှာ
ပျက်လက်စဇရပ်လို…
ငါကငတ်မွတ်တောင့်တသူ
ငါ့ရဲ့ ဓာတ်မတဲ့မှုအနည်းငယ်နဲ့ 
ငါကမော်ဒန်ဆရာဖြစ်နေမလား
ဒါကငါ့ကဗျာထဲမှာဖြစ်ချင်လည်းပေါ့
ဖြစ်မယ်…ပျက်မယ်….ကဗျာ။
ငါ့ရဲ့ဓာတ်တဲ့မှုမင်းနဲ့ 
ငါကအချစ်ကြေးကျွန်ဖြစ်နေတာ
ဒါကလက်တွေ့ ဘ၀မှာ

တစ်ခုခုကို…….
ငါပြန်မရနိုင်တော့ဘူးလို့ တွေးတယ်
မင်း…….
ငါ့နားမှာရှိခဲ့တယ်မလား…….
မင်းနာမည်ကိုငါကြားယောင်တယ်
မင်းအကြောင်းနည်းနည်းလောက်ကိုပေါ့
ငါမေးစမ်းဖူးခဲ့တယ်……..။
မင်းကိုတို့ ထိကြည့်ဖို့ ခွန်အားငါ့မှာမလုံလောက်ဘူး
ခဏလေးပဲ
ငါတို့ တွေ…….ခဏလေးပဲနော်…..
အချိန်ဆိုတာခွဲခွာခြင်းနိယာမလား
အဲ့ဒီ့ခဏလေးတွေကိုငါပြန်လိုချင်နေတယ်
ခဏလေးဆိုတာအရင်တချိန်ကို
အခိုက်အတန့် ဖြစ်ဖြစ်ပြန်ရောက်စေရင်ကောင်းမယ်

မင်းအမူအရာတွေငါ့နှုတ်ကို”အ”စေတယ်
မင်းမျက်ဝန်းတွေ……..
နာကြင်မယ်ဆိုတာကိုကြိုသိနေသလိုပဲ
ငါကိုယ်တိုင်မင်းမျက်ဝန်းတွေဆီက
လွှဲဖယ်ဖို့ ကြိုးစားခဲ့ဖူးတယ်လေ
ခု….မျက်ဝန်း….ငါ
ငါ့တပ်မက်မှုတစ်ခုမှာ
မင်းမျက်ဝန်းတွေပါဝင်နေတာကို
ငါကိုယ်တိုင်ကမသိခဲ့တာအမှန်ပါပဲ……
မျက်ဝန်းတဲ့လား…..

အခိုက်အတံ့ဆိုတာကြုံတောင့်ကြုံခဲပါ
ဒီလိုခဏမှာမင်းကိုသတိထားစေတာလား
ငါ….မာနဆိုတာမြိုချစရာမှမဟုတ်တာ
အင်း….ချစ်သလိုယူဆတာနော်….
ခုတော့ပစ်ထုတ်လိုက်သလိုပဲ….
ငါရေးတဲ့စာတစ်ရွက်လိုပေါ့
မင်းမျက်ဝန်းတွေနဲ့ ငါမှားယွင်းတဲ့
မာနတွေကိုဝိုင်းဖျက်ပေးပါဦး…
ငါ့ကိုယ်ငါရောင်းတမ်းဝင်အောင်လို့ လေ။

ငါ့ကိုယ်ကိုဖြူစင်ခဲ့ဖူးတဲ့မင်း….
မျက်ဝန်းတွေကိုပွေ့ ထားချင်မိတယ်
ချစ်သူရေ….
မင်းမျက်ဝန်းတွေကိုငါ့မျက်ဝန်းတွေသို့ 
ထာဝရသိမ်းဆည်းခွင့်ဆောက်တည်ပေးပါ။
ငါ့ရင်တွေမကွဲရှပါစေနဲ့ …….

Read more...

သဘောပေါက်တယ်နော်

Thursday, November 12, 2009

ကျွန်တော်ဟာကျွန်တော်ဖြစ်နိုင်မယ့်သူတွေထဲကကျွန်တော့်ကိုယ်ကျွန်တော်ရှာဖွေ
ကျွန်တော်ဟာကျွန်တော်မဟုတ်တော့တဲ့ကျွန်တော့်ကိုဖော်ရွေဆက်ဆံ
ရှင်သန်ဆဲစိတ်တစ်ခုနဲ့ ကြိုးလွတ်ကခုန်နေဆဲ သေငယ်ဇောစိတ်ထက်အရာခပ်သိမ်း
စောစီးစွာသေဆုံး ဘယ်သူမှမမြင်တဲ့အမှောင်ထဲကိုယ့်အလင်းကိုယ်ငြိမ်းသတ်နေသူ
ငါ့ကိုမမြင်ပါစေနဲ့ ……ကျွန်တော့ကိုမမြင်ပါစေနဲ့ ….သူ့ ကိုမမြင်ပါစေနဲ့ 
သူ့ ကိုမမြင်ပါစေနဲ့ ….ကျွန်တော့ကိုမမြင်ပါစေနဲ့ ….ငါ့ကိုမမြင်ပါစေနဲ့ 
ငါဖြစ်တဲ့ကျွန်တော့ကိုယ်ကျွန်တော်ကိုသူဖြစ်တဲ့ငါမမြင်ပါစေနဲ့ 
ကိုယ်ပိုင်ဖန်တီးမှုတရပ်မှာ စိတ္တဇဖြစ်မှုအနည်းအကျဉ်း 20%
လူသားဆန်ဆန် သတ်ဖြတ်မှု 50 % နဲ့ ခံစားရမှု 30 %တစ်ခု
လူသတ်မှုတွန်းအားပေး အမှုအခင်းစာဆောင်နဲ့ ဂျာနယ်တွေ တစ်ခုပြီးနောက်ထပ်
စနစ်တကြနဲ့ တောင်းရမ်းစားသောက်ခြင်းမျိုး စာပေငတ်မွတ်ခေါင်းပါးသူအချို့ 
ကဗျာငတ်မွတ်စားသောက်သူအချို့ နဲ့ ကိုယ့်နာမ်ကိုကိုယ်တိုင်စားသောက်နေဆဲ
ဝတ္ထု တစ်ခုအတွက်စားသောက်ခြင်း ကိုယ်ကိုယ်တိုင်စီးမျောခြင်းမှာဖြစ်မှုပျက်မှုအချို့ 
ကဗျာကဏ္ဍမှာနံရိုး(ကြိုး) ပြတ်တောက်သွားခြင်းများမှ ခွဲစိတ်ဆရာဝန်တစ်ယောက်က
မိမိနှလုံးကိုအစားထိုးထုတ်ပယ်သေဆုံးသွားခြင်း…..ဘာမှမခံမရပ်မဖြစ်နဲ့ 
သူ့ ကိုယ်သူရပ်ခံခြင်းက သူ့ ကိုယ်သူသာခံရပ်နိုင်တယ်

ကဗျာနဲ့ ပက်သက်တဲ့ဆက်သွယ်ချက်မျိုးကဗျာနဲ့ ပက်သက်တဲ့စိတ်ခံစားချက်မျိုး။
အဲ့လိုပဲကဗျာနဲ့ ပက်သက်နေတဲ့အနုပညာဖန်တီးမှုတစ်မျိုး။လှပဆန်းသစ်ခြင်းထဲကရိုးစင်း
ပျူဌာစွာဝတ်တွားခယမှု….ဒါနဲ့ ဒီလိုဖြစ်ရမယ်ဆိုတဲ့ကန့် သတ်ထားဆီးမှုကိုခင်ဗျားလက်ကိုင်
ထားတယ်….ဒါပေမယ့်လည်းဒီလိုဖြစ်လာတဲ့ဒါတွေကိုတားဆီးလို့ မရနိုင်ဘူး….အနုပညာ
တစ်မျိုး။အဆုံးထိလျှောက်လို့ မရအောင်လမ်းရှိတယ်…ဒါပေမယ့်လျှောက်လို့ လည်းမဆုံးနိုင်
တဲ့လမ်းမျိုးနဲ့ ခပ်ကျဉ်းကျဉ်းမျက်လုံးတွေကိုပိတ်လိုက်။တန်ဖိုးထားပုံခြင်းမတူကြတဲ့အရာ
ဘာမဟုတ်တဲ့မျဉ်းကြောင်းတွေရဲ့လှပသေသပ်မှုကိုတန်ဖိုးထားကြတယ်….အဲ့ဒီ့ဘာမဟုတ်
ခဲ့တဲ့မျဉ်းကြောင်းတွေကသူ့ အနုပညာ…ကျွန်တော်ကကဗျာရေးတယ်…ခင်ဗျားဖတ်တယ်
ခေါင်းခါတယ်ခေါင်းငြိမ့်တယ်……ကြိုက်သလိုဆဲသွားနိုင်တယ်။ဒါက ရေးသူရဲ့အနုပညာ
ကျွန်တော့်ကိုယ်ကျွန်တော်ဘာသာပြန်ခြင်းမှာကျွန်တော်ကဗျာရေးတယ်
ခင်ဗျားကိုယ်ခင်ဗျားသိတတ်မှုမှာကဗျာတွေကိုဆဲရေးမယ်
အဲ့ဒါလည်း ခင်ဗျားအနုပညာတစ်မျိုးဆို ကျွန်တော့်အနုပညာကိုကျွန်တော်ဆက်ရေးရမယ်။
ကျွန်တော့်ကိုယ်ကျွန်နော်ဘာသာပြန်ခြင်းနဲ့ ခင်ဗျားကိုခင်ဗျားဆဲရေးချက်ဟာကျွန်တော့
ကဗျာထဲမှာသာဖြစ်တယ်။

Read more...

ကပိုကရိုအလွမ်း

Tuesday, November 3, 2009

နှလုံးသား….
ကဗျာတစ်ပုဒ်စတင်ခြင်း
နှလုံးသားပါမယ်အချစ်ပါမယ်……
အလွမ်းကပတ်တီးစည်းထားသလိုပဲ
ဖြူရော်ရော်နိုင်နေပုံများကိုချပြထားတယ်။
ဖွေးဆွတ်ဆွတ်တွေနဲ့ အစွယ်ပေါင်းများစွာ
အစွယ်ဖွေးဖွေးကြားကအလွမ်းနဲ့ ဆွေးလို့ 
ငါ့ရင်တွေလည်းအရာထင်နေလောက်ပြီ။
အူကြောင်ကြောင်နိုင်ပါတယ်
ဒါပေမယ့်……
တူသယောင်ယောင်တော့ရှိမှာမဟုတ်ဘူး။
ဒါငါ့အလွမ်း
ဒါငါ့အဆွေး
ဒါငါ့ခံစားရခြင်းအထုတ်ဖြေမှုတစ်ခု
ဒါငါ့ခံစားရခြင်းအဖြေထုတ်မှုတစ်ခု
နှင်းဆီပွင့်တွေပေါ်ကအလွမ်း
ကော်ဖီခွက်ကိုနှုတ်ခမ်းတေ့လွမ်း
တေးသွားတစ်ပုဒ်နဲ့ အလွမ်း
အလွမ်းအားလုံးရဲ့အလွမ်းမှာတော့
မင်းကိုမြင်ယောင်ရင်းကငါလွမ်းတယ်
ကမ္ဘာမှာနေတွေစောင်းတုန်းက
လမ်းတွေတူတူလျှောက်ခဲ့ဖူးတယ်
နေခြည်နဲ့ နှုတ်ခမ်းလှလှတစ်စုံ
ငါ့စိတ်ကိုဂယောက်ဂယက်နိုင်စေတယ်
ဘ၀ရဲ့အတ္တတစ်ခုနဲ့ ပိုင်ဆိုင်လိုမှုတွေ
မင်းတစ်ယောက်အပေါ်တော့ထားခဲ့တယ်။
နွေးထွေးမှုစိတ်တစ်ခုနဲ့ ပေးဆပ်မှုအများအပြား
မင်းမရှိတဲ့နောက်အလွမ်းတွေသာကျန်ခဲ့တယ်
သက်သာမသွားတဲ့ဝေဒနာရဲ့ခံစားချက်တစ်ခုအတွက်
မင်းကိုမချစ်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကိုလိမ်ချင်နေတယ်။
ငါရဲ့လိမ်လည်မှုမှာမင်းအချစ်တွေအသက်ဝင်တယ်
မျက်ရည်နဲ့ အတိတ်ရဲ့အရိပ်အခိုးတွေပဲကျန်ခဲ့ရတယ်
စကားတွေပျက်သုဉ်းစဉ်ခဏအတွက်
တစ်ခဏတာဝေးလွင့်ဘူးခဲ့တဲ့အချစ်တွေပြန်ရချင်မိရဲ့
တစ်ဘူတာအလွန်ထက်မဝေးတဲ့ဘ၀တွေမှာ
ဒါ့ထက်မကဆုံစည်းခြင်းတွေရှိမလာနိုင်ဘူးလားချစ်သူ
အချစ်ဆရာကြီးများထံတွင်
နှင်းဆီပွင့်ရခြင်းအကြောင်းကိုမေးမြန်းမှု
အမုန်းဆရာကြီးများထံတွင်
နှင်းဆီဆူးထွက်ရခြင်းအကြောင်းကိုမေးမြန်းမှု
မရှိမဖြစ်လိုအပ်မှုတစ်ခုအတွက်
ငါတို့ ဆူးတွေတပ်ပေးလိုက်သတဲ့
မချစ်မဖြစ်ချစ်ရခြင်းမှာငါရိုက်ချိုးလိုက်တဲ့ဆူးတစ်ချောင်း
သူမရဲ့မာနဖြစ်နေတာကိုငါဂရုမပြုခဲ့မိဘူးလေ…..။
အမုန်းတစ်ခုကိုမွေးဖွားသန့် စင်လို့ 
ငါ့ရင်ဘတ်ထဲထိုးထည့်ခဲ့တယ်
မင်းကိုချစ်ခြင်းမှာဖြူစင်ချင်ခဲ့မိတာအရိုးခံနဲ့ ပါချစ်သူ
အရိုးခံဖြူစင်မှုတွေနဲ့ စတေးမှုတစ်ခု
ဆာတေးနဲ့ လွမ်းတေး
ဘယ်တေးကအသက်ဝင်မလဲ
လွမ်းတေးမှာမင်းအတွက်အချစ်ခတ်ထားတယ်
မင်းအချစ်ကိုလွမ်းတေးတစ်ပုဒ်နဲ့ စပ်လို့ 
ငါ့ရင်တွေပြန်လည်အသက်ဝင်ခွင့်ပြုပါချစ်သူ….။

Read more...

အဖြူလွန်အချစ်

Saturday, October 3, 2009

အထိတွေမရှိဘူး အတွေ့ တွေမရှိဘူး
အတွေ့ တွေမရှိပဲအထိတွေလည်းမဲ့ဆဲ
ပုံရိပ်တစ်ခုနဲ့ အသက်ရှင်နေတဲ့ငါ
ပုံရိပ်တစ်ခုရဲ့မင်းနဲ့ မင်းရဲ့ပုံရိပ်တစ်ခုကငါ
မင်းကငါ့ကိုချစ်တယ်ငါကမင်းကိုချစ်တဲ့မင်းရောငါရော
မင်းကငါ့ကိုချစ်တဲ့အတွေ့ တွေမဲ့ခြင်းမှာ
ငါကအထိမဲ့စွာနဲ့ မင်းကိုပြန်လည်ချစ်တယ်
ဖြူစင်တယ်လို့ (ပြောမလား)ချစ်မလား
ချစ်မှာလားတဲ့အဆိုမှာဖြူစင်တဲ့ချစ်ခြင်းတစ်ခု
တစ်ခုသောချစ်ခြင်းမှာဖြူစင်ခဲ့တဲ့ငါကထဲမှာ
မင်းကိုချစ်ခဲ့တဲ့ငါ့ထဲကငါတို့ မင်းကိုချစ်တယ်။
လိမ်လည်မှုကအရောင်(စွန်းထင်းလို့ )
အရောင်တွေမရှိတော့ရင်ဖြူစင်မလား
အမှန်ကအရောင်တွေနဲ့ လိမ်လည်မှုတစ်ခု
လိမ်ရင်းလည်ရင်းနဲ့ အရောင်တွေမဲ့သွားတယ်(ဖြူစင်ခဲ့တယ်)
နှစ်ယောက်ရှိတယ်ရှိတဲ့ထဲကတစ်ယောက်နဲ့ တစ်ယောက်
တစ်ယောက်ကဒီလိုတခြားကဟိုလိုလိုနဲ့ ဘာလိုလိုပဲ
ဘာမှတော့မလိုတော့ပါဘူး
စစ်ခနဲအသံထွက်နိုင်တဲ့ချစ်ခနဲအနမ်းတစ်တပွင့်
စစ်ခနဲနာကျင်ကိုက်ခဲမှုတစ်စုံနဲ့ ခနဲ့ တဲ့တဲ့အချစ်ရဲ့အနမ်း
ရင်တွေနင့်ခနဲအင့်ခနဲနဲ့ ရင်းနှဲ့ ရင်းကကျိုးပဲ့လွင့်စင်လို့ 
သေချာတာတော့အထိမဲ့တယ်
သေချာတာတော့အတွေ့ မဲ့တယ်
သေချာတာတော့မီးတွေစိမ်းတဲ့မြို့ မှာမင်းပထမ
မီးစိမ်းတွေလင်းတဲ့မြို့ ရဲ့သခင်
အမှန်တော့နီရဲနေချင်ခဲ့တာပေါ့
စိန်ပန်းတွေမှိုရိုက်တဲ့ခဏအဖြူလွန်ခဲ့တယ်
ငါမဟုတ်တဲ့လေပြေနဲ့ လေပြေထဲကလေတွေပြေခြင်းများ
လေပြေထဲကလေးတွေပြေးခြင်းများနဲ့ ငါချစ်တဲ့မင်းရဲ့အနက်ကိုငါကချစ်တယ်။
မတွေ့ ဘူးမထိဘူးမမြင်ဘူးတဲ့မင်းနဲ့ ငါတို့ ရဲ့ငါနဲ့ မင်းတို့ ကိုယ်တိုင်
တွေ့ မယ်ထိမယ်မြင်မယ်ဖူးမယ်တို့ ဆွဲဆောင်ကြရာစိတ်တို့ ရိုင်းလို့ နှေးဖြေးစွာ(အေးဆေး)
အမှန်တော့ဖူးမယ့်မင်းမျက်နှာ
နှုတ်ခမ်းဖူးဖူးတွေကတော့ငါ့ကိုဖူးလို့ ဖူးရင်းကဖူးလို့ လာတယ်
သိပ်လှတယ်ချစ်သူ……
မမြင်အရပ်မှာကွယ်ဝှက်ကာထားလေသူ(သူမမျက်နှာလှပစွာ)နဲ့ 
ရင်ခုန်သံနှီးနှောဖလှယ်ပွဲတက်ရောက်ချီးမြှင့်ခြင်း
သေရည်သေရက်ကိုလက်ချိုးရေတွက်သူ
သေရည်ကသေရက်ကိုလက်တွေချိုး၍ရေတွက်ပေးနေသူ
ငါတို့ တွေအမျှ….အမျှ
အားလုံးမဟုတ်တဲ့အားလုံးနဲ့ မျှတစွာမင်းနဲ့ ငါရဲ့ငါတို့ ချစ်ကြပါစို့ 
ပုံပြင်တွေမဆိုကြေးသီချင်းတွေမပြောကြကြေးနော်
ကဗျာတွေတော့မှန်မှန်သောက်မယ်စားမယ်
မင်းကိုထိခဲ့သမျှကတွေ့ ချင်မှုသက်သက်ဆိုတာကိုကငါနဲ့ 
ကိုယ်မဟုတ်တဲ့စိတ်+ချစ်စဖွယ်ကောင်းလောက်စွာသော
ငါတို့ ရဲ့အဖြူလွန်အချစ်တွေရဲ့အချစ်တွေဖြူစင်မှုနဲ့ အဖြူလွန်ပြတိုက်
အချစ်ကတော့ငါ့ကိုချာတိတ်တစ်ယောက်လုပ်ပစ်လိုက်တယ်
ချာတိတ်ရင်ဆိုတာထိလွယ်ကွဲလွယ်မွေးလွယ်တယ်မဟုတ်လား
မွေးဖွားပေးဖို့ အတွက်ဒီလောက်အာပေါက်ခံဖို့ လိုမလား
အချစ်ကိုမွေးပေးဖွားပေးဖို့ 
မွေးလှစွာသောဖွားမြင်ခြင်းမျိုးမဟုတ်ပဲ
ဖွားမြင်ခြင်းမျှသာပဲမွေးဖွားပေးပါပေါ့….။
အရွယ်ရောက်ခြင်းမျိုးမဟုတ်တဲ့အရွယ်ရောက်လာခြင်းနဲ့ 
အရွယ်တွေရောက်ခြင်း
ချာတိတ်လေးတစ်ယောက်အရွယ်တွေရောက်လာတဲ့တစ်နေ့ (ဒီနေ့ )ပါ
ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာမဖြစ်နိုင်တဲ့ပြရုဂ်တစ်ခုရဲ့ရုပ်ကိုပြသခြင်း
ဖြစ်ကောင်းခြင်းနဲ့ ဖြစ်ကိုဖြစ်ခဲ့တဲ့ဖြစ်ခြင်းတစ်ခုမှာ
သူမင်းကိုတကယ်ချစ်ခဲ့တယ်ဆိုတာကိုမင်းသိလိုက်မှာတောင်မဟုတ်ဘူး။

Read more...

တစ်ခါတစ်ခါဒီသီချင်းလေးတွေညည်းဖြစ်တယ်......။

Thursday, October 1, 2009

လူတိုင်းကတော့သီချင်းနားထောင်တာကိုကြိုက်ကြတယ်။သီချင်းတွေလည်းညည်းတတ်ကြပါတယ်။
လူတွေရဲ့စိတ်ထွက်ပေါက်တစ်ခုမှာသီချင်းနားထောင်ခြင်းလည်းပါပါတယ်။ကျနော်အပါအ၀င်လူအ
များစုကတော့စိတ်ပျော်ရင်သီချင်းတွေညည်းတတ်ကြတယ်။ဘာရယ်မဟုတ်ပဲနဲ့ လည်းတခါတခါသီ
ချင်းတွေညည်းတတ်ကြပါတယ်။ကျနော်ကတော့စိတ်ညစ်ရင်လည်းတခါတခါသီချင်းဆိုတယ်။
ကျနော်စိတ်အရမ်းညစ်လာရင်တော့ထမင်းစားပါတယ်။အဲ့ဒါကတော့ကျနော့်ဆိုက်ကိုပါ။ကျနော်
ညည်းဖြစ်တဲ့သီချင်းတွေကိုလည်းရေးပေးထားပါတယ်။ကျနော့်အစ်ကိုလိုခင်ရတဲ့။ကျနော့်ကိုအား
ပေးတတ်တဲ့ကိုဆောင်းယွန်းလကတက်ဂ်
ထားတဲ့ပိုစ့်လေးပါ။ပထမဆုံးတက်ဂ်ပိုစ့်ဖြစ်တဲ့အတွက်သည်းခံပြီးလည်းဖတ်ပေးစေလိုပါတယ်။

ကျောင်းဝင်းထဲမှာတို့ သိထားတဲ့အကြောင်းအရာ…..ဟိုးရှေ့ကလာသင်္ချာမေဂျာကွင်းမ်ဗျ
သူ့ လက်နက်ဟာဂဏ္ဍန်းပေါင်းစက်နဲ့ ပေသီးပါ…….အနားကပ်တဲ့လူတွေကိုတွက်ချက်
ပြီးမှအီနေကျ…..ကျောခိုင်းထားတယ်မင်းရဲ့အနောက်က၀ိုက်မှာ……အက်စစ်ဖလားနဲ့ 
ကမ်မက်စထရီရဲ့ကွင်းမ်ဗျ…..အနားသွားကပ်တဲ့သုံးလေးငါးယောက်ကြုံဖူးတာ….
လက်တွေ့ ခန်းခေါ်ပြီးအက်စစ်ပုလင်းနဲ့ ဆော်တယ်ဗျ။


အဲ့သီချင်းလေးကမိုက်တယ်ဗျ…။ကျောင်းတက်တဲ့ကျောင်းသူကျောင်းသားစရိုက်လေး
တွေကိုပြန်လွမ်းရတာပေါ့။သီချင်းကသံစဉ်လေးကလည်းကောင်းတယ်။ပြီးတော့ဒီသီ
ချင်းလေးကိုကျနော့်ကျောင်းဆိုက်မှာထည့်ထားတော့နေ့ တိုင်းနားထောင်ဖြစ်ပြီးအလွတ်
ကိုရနေတာ။အွန်လိုင်းတက်နေတဲ့အခါမျိုးမှာအဲ့သီချင်းကိုပိုပြီးညည်းဖြစ်ပါတယ်။

လှိုင်းထန်လေထဲမျောတဲ့အခါ….အထီးကျန်တဲ့ကျနော့်အတွေးမှာ…..အမြဲမြင်ယောင်တမ်း
တမိတယ်အဖေ။ဘ၀ဒဏ်ချက်များအိပ်မက်မှာ…မျက်ရည်တွေအစိုးရတဲ့အခါ…အမြဲမြင်
ယောင်တမ်းတမိတယ်အဖေ။ဒုက္ခတွေထည်လဲတွေ့ တဲ့အခါ…တခြားလူမရှိဘူးကျနော့်
အတွေးထဲမှာအမြဲမြင်ယောင်တမ်းတမိတယ်အဖေ။


ကိုလေးဖြူဆိုတဲ့အဖေသီချင်းပါ…။ကျနော်ကတော့အသက်12နှစ်အရွယ်လောက်ကတည်းက
အဖေနဲ့ မနေရဘူးခွဲနေရတယ်။အဖေကနယ်မှာအလုပ်နဲ့ နေတယ်။ကျနော်တို့ ဆီလာတဲ့
အခါမှာတပတ်အပြင်ပိုမနေဘူး။အလုပ်ကလည်းများတယ်ဆိုတော့အဖေနေတဲ့တစ်ပတ်
လောက်မှာ2ကြိမ်လောက်ပဲမျက်နှာချင်းဆိုင်ဖြစ်ပါတယ်။ဒါပေမယ့်အဖေကသူနဲ့ နှစ်ကြိမ်
လောက်ဆုံတိုင်းမှာမိုးလင်းပေါက်အောင်ဆုံးမသြ၀ါဒတွေချွေလေ့ရှိတယ်။အစကတော့အပို
တွေလို့ ထင်တာပေါ့။ဒါပေမယ့်ဒုက္ခတွေကြုံတိုင်းအဖေပြောတာတွေကိုသတိရမိတယ်။
အဖေ့ကိုသတိရတိုင်းကျနော်ဆိုဖြစ်တဲ့သီချင်းလေးပါ။တစ်နှစ်မှာနှစ်ကြိမ်လောက်တော့
အဖေနဲ့ မျက်နှာချင်းဆိုင်ချင်မိတယ်။

နောက်ထပ်ရှိသေးလား….နောက်ထပ်ပြန်ဆုံဖို့ ရာ…နောက်ထပ်ငါမျှော်လင့်ထား
နောက်ထပ်နင့်ဘေးနား….နောက်ထပ်ခွင့်ပေးပါ….နောက်ထပ်ငါတောင့်တ
မင်းရဲ့အနီးမှာ…အသက်ဆက်ဖို့ ရာ….အရင်တုန်းကလိုအိပ်မက်များ
ခံစားရတာမှားနေလား…ဝေးသွားတဲ့အခါညဘက်တိုင်းမှာ…ပြန်မြင်ယောင်နေတာ
အိမ်မက်တွေငါမက်နေဆဲ….မင်းအကြောင်းတွေအရင်တိုင်းလိုပဲ..ဘယ်လိုမေ့မလဲအခုငါ
အိမ်မက်တွေငါမက်နေဆဲ….မင်းအကြောင်းတွေညတိုင်းလိုဘဲ…ဘယ်လိုငါမေ့ရမှာ


ဒီသီချင်းလေးကတော့ကိုလေးဖြူဆိုထားတဲ့နောက်ထပ်ဆိုတဲ့သီချင်းပါ။ဘာရယ်မဟုတ်
ပါဘူး။ညည်းဖြစ်ပါတယ်။ကြိုက်မိတာလည်းပါတာပေါ့။သီချင်းကကောင်မလေးနဲ့ ဝေးနေ
ရတဲ့အချိန်မှာခံစားနေရတာကိုရေးဖွဲ့ ထားတယ်ထင်ပါတယ်။တော်တော်လေးခံစားရပါ
တယ်။

အတိတ်တွေကမှုန်ဝါးပေမယ့်…ငါတို့ နှစ်ဦးဇတ်လမ်းမှာတချို့ နေရာကအကောင်းတိုင်းရှိနေ
ဆဲပါပဲ။ဟိုတကွက်ဒီတကွက်ပိတ်ကားထက်…အရင်လိုကြည့်မကောင်းပေမယ့်မြင်ရတယ်။
အဓိပ္ပါယ်မရှိတာသိပေမယ့်…တခါတလေတိုက်ဆိုင်မှုတွေရှိလာတော့လည်းအမှတ်တမဲ့မင်း
ကိုလွမ်းပါတယ်…အပေါ်ယံလျှက်ထိသောဒဏ်ရာမဟုတ်တော့လွယ်ကူစွာနဲ့ ငါမေ့မရဘူး
ကွယ်…တွေ့ ရင်မှတ်မိဦးမယ်ထင်ပါတယ်…နှစ်တွေလတွေကအတော်ကြာပီပဲ….
ဘယ်ဆီကိုမင်းရောက်နေမလဲ….ဘာတွေကိုမင်းလုပ်နေမလဲ…..ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ်…လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ …ငါသတိရပါတယ်။


ကိုလေးဖြူရဲ့စာမျက်နှာတစ်ဆယ့်ငါးပါ။အပေါ်ကသီချင်းလေးနဲ့ လည်းခံစားရပုံခြင်းတူပါ
တယ်။အရင်တချိန်မှာရှိခဲ့တဲ့ဇတ်လမ်းလေးတွေကိုပြန်မြင်ယောင်ပြီးသတိရလွမ်းဆွတ်
တမ်းတရင်းနဲ့ စိတ်ပူနေတယ်ဆိုတာကိုသိသာမြင်သာစေပါတယ်။အမြဲရွတ်ဖြစ်တဲ့သီချင်း
လေးပါ။

အလှမ်းဝေးတဲ့လမ်းတွေလား…မထူးခြားလည်းအရိပ်လိုတစ်ကောက်နဲ့ လိုက်
အကြင်နာကိုမျှော်လင့်မိသိရဲ့လား…တမ်းတမိတယ်…ချစ်သူလေးရယ်….။
ယူမယ်အလွမ်းလေးများပေးခဲ့ရင်လည်း…ပေးလိုက်စမ်းအနမ်းလိုတို့ သတ်မှတ်မယ်။
ဘယ်သူတွေဘယ်လိုစွန့် ပစ်ခဲ့လည်း…မင်းလေးနားမှာအမြဲလိုရှိမယ်….ရှင်သန်ချိန်တိုင်း
ကိုယ်စောင့်ရဦးမယ်….အိုအချစ်အတွက်။တနေ့ တော့ပျော်ချင်တယ်…အိုကိုယ့်ရဲ့ဘ၀မှာ
ပျော်နိုင်မလား…အသည်းလေးများခွဲလည်းကိုယ်ခွင့်ပြုမှာ..နောက်တစ်ယောက်နဲ့ လည်း
တွဲလည်းကိုယ်ခွင့်လွှတ်တာ….အို..သူမသိဘူး….အချစ်ဦးမို့ ပါ။


အာဇာနည်ရဲ့ခွင့်ပြုတယ်ခွင့်လွှတ်တယ်သီချင်းလေးပါ။အဲ့သီချင်းထဲကအတိုင်းတော့ကျနော်
ခွင့်မလွှတ်ပါဘူးခင်ဗျာ။အာဇာနည်ကခွင့်ပြုပေမယ့်ကျနော်ကတော့ရိုက်သတ်မိမယ်ထင်ပါ
တယ်။မိတ်သလင်နဲ့ ဂျင်း….သူကြင်မှကိုယ်ကြင်မယ်ပဲကျနော်ကတော့။အာဇာနည်ကို
ကြိုက်ပါတယ်။အသံကိုပိုကြိုက်တယ်။သူ့ သီချင်းလေးတွေအတော်များများကိုကျနော်
ဆိုဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်ဂစ်တာကြိုးခဏခဏထ၀ယ်
ရတဲ့အထိကိုကျနော်တို့ သီချင်းဆိုဖြစ်ပါတယ်။ဆိုင်ကလည်းကျနော်တို့ အပိုင်ဆိုင်ဆိုတော့
အေးဆေး။ပြောမနိုင်ဆိုမရလို့ လွှတ်ပေးထားတာလည်းပါတာပေါ့ဗျာ။လက်ဖက်ရည်ဆိုင်
နားမှာကလည်းကောင်မလေးတွေစုနေတဲ့အဆောင်တွေကလည်းရှိတော့လက်ဖက်ရည်
ဆိုင်ကထရင်ကျနော်တို့ လည်းအသံတွေဝင်နေပြီ။အာဇာနည်၊ လေးဖြူ၊ မျိုးကြီး၊ အငဲ
သူတို့ သီချင်းတွေအဓိကဆိုဖြစ်ကြပါတယ်။

ကမ္ဘာကြီးကမလုံးဘူးဆိုရင်လည်း….ငါဟာမျက်စိမှိတ်ခေါင်းညိတ်လိုက်မယ်
မင်းနှုတ်ကထွက်ကျတဲ့စကားလုံးတိုင်းပဲ…ငါမငြင်းဆန်နိုင်ဘူးကွယ်။
တချက်လောက်ငဲ့ကြည့်နေရင်ပဲ….ငါဟာသတိလက်လွတ်အသက်အောင့်မိတယ်။
မင်းနှုတ်ခမ်းကအပြုံးတို့ တွေ့ လိုက်တိုင်းပဲစိတ်တွေမခိုင်ဘူးကွယ်…..
ထူးထူးခြားခြားမင်းနဲ့ ရူးရူးမိုက်မိုက်ချစ်ခဲ့…ငါ့ရဲ့ဘ၀အားလုံးဟာမင်းတစ်ယောက်ထဲ
ပဲ ….ညှာတာစာနာပါဦးကွယ်…နာကျင်အောင်မလုပ်နဲ့ ….မလုပ်နဲ့ ….။


ဆင်ပေါက်ရဲ့မင်းတစ်ယောက်ထည်းဆိုတဲ့သီချင်းလေးပါ။ကျနော့်ကိုမယုံကြည်တဲ့
ကောင်မလေးတစ်ယောက်ကိုတွေးမိတိုင်းဒီသချင်းလေးကိုဆိုဖြစ်ပါတယ်။သီချင်း
လေးကကောင်မလေးကိုယုံကြည်စေချင်တဲ့အဓိပ္ပါယ်လို့ ထင်ပါတယ်။လူတိုင်းက
တော့ကိုယ့်ကိုယ်ကိုပဲယုံချင်ကြတာသဘာဝပါ။ကိုယ်မျက်စိထဲမှာအကောင်းဆုံး
ဆိုတာကလည်းကိုယ်ပဲလေ။အဲ့တော့ကောင်မလေးကိုဘယ်လောက်ချစ်တယ်
ဆိုတာသီချင်းလေးကပြောပြတဲ့သဘောပါ။ကျနော်ညည်းတတ်တဲ့သီချင်းလေးပါ။
ကျနော်ဆိုညည်းတတ်တဲ့သီချင်းလေးတွေကတော့ဒီလောက်ပါပဲ……။စိတ်ညစ်တဲ့
အခါမျိုးပဲဖြစ်ဖြစ်စိတ်ပျော်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ကျနော်ဆိုတတ်ပါတယ်။

ကျနော့်အစ်ကိုကိုဆောင်းယွန်းလလည်းကျနော့်ပိုစ့်လေးအတွက်ကျေနပ်
နိုင်မယ်လို့ ထင်မိပါတယ်ခင်ဗျာ…။ကျနော့်ပထမဆုံးတက်ဂ်ပိုစ့်ဖြစ်တဲ့အတွက်လည်းသည်းခံပြီးဖတ်ပေးတာကို
ကျေးဇူးတင်ပါတယ်။အားလုံးရေးပြီးတဲ့အခါမှာဦးနှောက်ထဲမှာဘယ်သူ့ ကိုမကောင်းကြံရမလဲစဉ်းစားလိုက်
တော့ကျနော်မျက်မုန်းကြိုးနေတဲ့တေလေကိုသွားတွေ့ တယ်ခင်ဗျာ။
ဒီပိုစ့်ကိုတေလေအားဆက်၍တက်ဂ်လိုက်ပါတယ်ခင်ဗျာ…။
နောက်တစ်ယောက်တက်ဂ်ချင်သေးတာနဲ့ ကျနော့်ညီမလေးjasminephyu ကိုလည်းတက်ဂ်ပါတယ်…..အားတဲ့အချိန်လေးတွေမှာရေးပေးကြစေလိုပါတယ်ခင်ဗျာ……။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP